Acer က Chromebook အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ Spin 511 နဲ့ Spin 512 လို့ နာမည်ပေးထားပြီး ၂ လုံးစလုံးဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်တဲ့ ဒီဇိုင်းတွေ ဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားသလို တစ်ကိုယ်ရေ သုံးဖို့အတွက်လည်း သင့်တော်ပါတယ်။ Intel Chipset , WiFi 6 နဲ့ 8GB RAM ထည့်သွင်းထားပြီး 64GB eMMC Storage အထိ ရွေးချယ်နိုင်ပါတယ်။

Acer annouces two new Chromebook Spin 2-in-1 models

Spin 511 မှာ ၁၁.၆ လက်မ IPS LCD HD ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး 16:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ Spin 512 မှာ ၁၂ လက်မ HD+ ထိတွေ့မျက်နှာပြင် ပါလာပြီး 3:2 Aspect Ratio ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ MIL-STD 810H စံနှုန်း ပါလာတဲ့အတွက် အကြမ်းခံပြီး Antimicrobial မျက်နှာပြင်နဲ့ ကီးဘုတ် Coating တွေ ထောက်ပံ့ထားပါတယ်။

Acer annouces two new Chromebook Spin 2-in-1 models

လက်ပ်တော့ ၂ လုံးစလုံးမှာ Intel N4500 နဲ့ N5100 Processor ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်းက ၁၀ နာရီ ဖြစ်ပါတယ်။ USB 3.2 Type-C Port ၂ ခု ၊ USB 3.2 Type-A Port ၂ ခု၊ microSD Slot ၁ ခုနဲ့ Headphone/Mic Combo ထည့်သွင်းထားပါတယ်။

Chromebook Spin 511 ကို ဧပြီလမှာ ၄၀၀ ဒေါ်လာ၊ Spin 512 ကို မတ်လမှာ ၄၃၀ ဒေါ်လာနဲ့ ရောင်းပေးမှာဖြစ်ပြီး ၅ သိန်း ၃ သောင်းနဲ့ ၅ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena