လှပတဲ့ဒီဇိုင်း၊ ပေါ့ပါးတဲ့အလေးချိန်နဲ့ Laptop တွေဟာ ဘယ်သူမဆို ကြိုက်နှစ်သက်တဲ့အရာတစ်ခုဖြစ်မှာပါ။ အခုလိုမျိုး Laptop တွေထဲမှာမှ Acer Swift 3 Laptop နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Acer Laptop တွေမှာ Swift Series Laptop တွေဟာ ပါးလွှာပြီးတော့ စွမ်းဆောင်ရည်မြင့်မားတဲ့အပြင် ထသွားထလာ သယ်ဆောင်သွားချင်တဲ့သူတွေအတွက် ဒီဇိုင်းအရလည်း လှပတဲ့အတွက် ရွေးချယ်စရာတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။ အခု Acer Swift 3 Laptop ကလည်း Swift Series ဖြစ်တာနဲ့အညီ လှပတဲ့ဒီဇိုင်းနဲ့ ပါးလွှာမှုကို ဦးစားပေးထားတာဖြစ်ပါတယ်။

Acer Swift 3 အကြောင်းပြောမယ်ဆိုရင် အခြားသော Laptop တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာကို ပါးလွှာတဲ့ 17.9mm Thickness ၊ ပေါ့ပါးလှတဲ့ 1.5Kg အလေးချိန်တွေအပြင် လှပပြီးတောက်ပနေတဲ့ Sparkly Silver နဲ့ Luxury Gold အရောင်သစ် ၂ မျိုး၊ ခိုင်ခံ့ကြောင်းသက်သေခံနေတဲ့ Aluminum Metal Body Chassis တွေက မပါမဖြစ်ပြောရမှာပါ။

အခုလိုမျိုးပါးလွှာတဲ့ကိုယ်ထည်ကို ပိုင်ဆိုင်ထားပေမယ့် Acer Swift 3 Laptop မှာ USB 3.1 Ports ၂ ခုပါဝင်နေသလို USB Type C Port လည်းပါဝင်မှာပါ။ အခြားသော HDMI Port ၊ Headphone Jack အပါအဝင် SD Card Reader လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Windows ထဲကိုလည်း Password ရိုက်စရာမလိုပဲ ဝင်ရောက်နိုင်အောင် Fingerprint Scanner ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

Acer Swift 3 Laptop ဟာ Specifications ပိုင်းအရလည်း စွမ်းဆောင်ရည်မြင့်မားတယ်လို့ ပြောလို့ရပြီးတော့ Intel ရဲ့ 7th Generation i Series Processor တွေအပြင် SSD နဲ့ပါရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Speaker အနေနဲ့လည်း Dual Stereo Speakers တွေပါဝင်မှာဖြစ်တဲ့အတွက် အသံထွက်လည်း ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

နောက်ဆုံးအနေနဲ့ ဈေးနှုန်းအနေနဲ့ကတော့ Acer Swift 3 Laptop က Ultrabook တစ်ခုလို ပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်မားပေမယ့်လည်း အခြားသော Ultrabook တွေလိုမျိုး ဒေါ်လာ ၁၀၀၀ အထက်ဖြစ်နေမှာမဟုတ်ပဲ ဒေါ်လာ ၈၀၀ အောက်ဝန်းကျင်နဲ့တင်ဝယ်ယူနိုင်တာက အားသာချက်တစ်ခုပဲဖြစ်ပါတယ်။