Acer ကတော့ ၂၀၁၈ အတွက် Flagship 17-Inch Gaming Laptop ကို အလန်းစား Feature တွေနဲ့ ချပြလိုက်ပါပြီ။ ဒီ Laptop သာ ရှိမယ်ဆိုရင် Gamer တစ်ယောက် အတွက်တော့ Desktop လိုမှာ မဟုတ်တော့ပါဘူး။

Source: Techradar.com

အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ အခု Acer Predator Helios 500 Laptop ဟာ 17.3-Inch အရွယ်ရှိပြီး Intel Core i9 Processor အထိ မြှင့်လို့ရတဲ့ အပြင် Graphic ကလည်း Nvidia Geforce GTX 1070 Graphics ပါ။ ဒီဇိုင်းပိုင်းမှာတော့ သူ့ထက်အရင်ထွက်ရှိထားတဲ့ Helios 300 နဲ့ သိပ်မကွာပါဘူး။ Helios 500 ဟာ Screen Size ကြီးတဲ့ Gaming Laptop တစ်လုံးဖြစ်တာနဲ့ အညီ Weight က 8.82 Pounds (4kg) လောက်ရှိပါတယ်။

Performance ပိုင်းပြောရမယ်ဆိုရင် Intel Core i9 ကို 8th Generation နဲ့ Nvidia G-Sync Display 144Hz ဆိုတော့ ဆော့ရင်းထစ်တာမျိုးတွေ ရှိမှာမဟုတ်ပေမယ့် Nvidia ရဲ့ နောက်ဆုံး Graphics Card တွေက Intel Core i9 နဲ့ အဆင်ပြေမပြေဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါ့အပြင် ဂိမ်းဆော့လို့ Laptop ပူလာတဲ့ ကိစ္စအတွက် Acer က AeroBlade 3D Metal Cooling Fan ၂ ခုအပြင် Heat Pipe ၅ ချောင်းအထိ တပ်ထားပါတယ်။

Source: Techradar.com

ဈေးနှုန်းအနေနဲ့ကတော့ $1999 ကနေစမှာ ဖြစ်ပြီး $1999 တန် Laptop တစ်လုံးအတွက် တောင် မျှော်လင့်ထားတာထက် ပိုပြီး ကျေနပ်အားရစေမှာပါ။ ဒီလို Gaming Laptop ကောင်းတစ်လုံးဟာ လာမယ့် ဇွန်လမှာ ဈေးကွက်ထဲ စတင်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ သင့်သူငယ်ချင်းထဲမှာ Gamer တွေရှိရင် ဒီသတင်းကို လက်တို့လိုက်ပါဦး။