Apple ဟာ အခုအချိန်မှာ ကိုယ်ပိုင် ARM-based M1 Chipset ကို MacBook Air နဲ့ MacBook Pro 13-inch တွေမှာ စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ARM-base CPU Architecture ကို ပြောင်းလဲလိုက်တဲ့အတွက် တချို့သော Software ပိုင်းတွေမှာ ယခင် Intel Processor အသုံးပြုထားတဲ့ MacBook တွေလောက် Optimized မဖြစ်သေးတာကိုလည်း ကြုံတွေ့နေရပါတယ်။

အဆိုပါ Optimized မဖြစ်သေးတဲ့ App တွေထဲမှာ Adobe ရဲ့ Professional Software တွေလည်း အများအပြားပါဝင်နေပြီး Apple ကနေ M1 MacBook တွေကို စတင်ရောင်းချတဲ့အချိန်မှ Photoshop နဲ့ Lightroom Beta Version တွေကို ထုတ်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလည်း အသုံးပြုသူအများအပြားရှိနေတဲ့ Video Editing Software ဖြစ်တဲ့ Adobe Premiere Pro ကိုလည်း M1 MacBook တွေအတွက် Beta အနေနဲ့ ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

Premiere Pro တင်မဟုတ်ဘဲ တခြားသော Premiere Rush နဲ့ Audition လိုမျိုး Software တွေကိုလည်း M1 MacBook တွေမှာ အသုံးပြုနိုင်ဖို့အတွက် Update ပြုလုပ်ပေးခဲ့ပါသေးတယ်။ လောလောဆယ်မှာ Adobe Premiere Pro အနေနဲ့ကတော့ Beta အဆင့်ပဲရှိနေသေးတဲ့အတွက် Feature ပိုင်းတွေအစုံအလင်အသုံးပြုနိုင်ဦးမှာတော့မဟုတ်ဘဲ Basic Codec တွေဖြစ်တဲ့ H.264 ၊ HEVC နဲ့ ProRes လိုမျိုးကိုပဲ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး M1 MacBook တွေအတွက် Support ပြုလုပ်လာပြီဖြစ်ပေမယ့်လည်း Adobe Software တွေဟာ ယခင်တုန်းက Apple macOS နဲ့ Optimized မဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ Final Cut Pro X လိုမျိုး Apple ရဲ့ ကိုယ်ပိုင် Software တွေနဲ့ယှဥ်မယ်ဆိုရင် အားနည်းနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီအသစ်ထုတ်ထားတဲ့ M1 MacBook တွေပေါ်မှာရော Adobe Software တွေက ဘယ်လောက်ထိ ကောင်းကောင်းအသုံးပြုနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge