[Zawgyi]

Android စမတ္ဖုန္းေပါင္း ေျမာက္မ်ားစြာ ထြက္ခဲ့တဲ့ထဲမွာ ေနာက္ပိုင္း Android ဖုနး္တိုင္းလိုလိုမွာေတာ့ Face Unlock စနစ္ေတြ ပါလာၾကပါျပီ။ ပါသာပါေပမယ့္ Hardware ေရာ Software ပိုင္းမွာပါ ေထာက္ပံ့ေပးထားတဲ့ Apple Face ID နည္းပညာတုိ႔လိုကလြဲရင္ က်န္တဲ့ ေရွ႕ကင္မရာ Face Unlock ေတြက အလြယ္တကူ အရူးလုပ္ျပီး ဖြင့္ႏုိင္တဲ့အတြက္ စိတ္မခ်ရေသးပါဘူး။

ဒါေၾကာင့္လည္း Apple လို Lock ဖြင့္ဖို႔ Face ID တစ္ခုတည္းသံုးတာမ်ိဳးမဟုတ္ဘဲ အရံအေနနဲ႔ ထားထားတဲ့အဆင့္မွာပဲ ရိွပါေသးတယ္။ လူတစ္ေယာက္ရဲ႔ မ်က္ႏွာကို တိတိက်က်ဖတ္ႏုိင္ Lock ဖြင့္ႏုိင္ဖို႔အတြက္က ToF Sensor, IR Illuminator နဲ႔ dot-Projector ေတြ သံုးေပးဖို႔ လိုအပ္ပါတယ္။

ဓာတ္ပံုတစ္ပံံုေလာက္နဲ႔ Lock ဖြင့္လို႔ရတာမ်ိဳးနဲ႔ မ်က္ႏွာလိုက္ၾကီးဖတ္ျပီးမွ Lock ဖြင့္လို႔ရတာမ်ိဳးမွာ အဲဒီ Sensor ေတြက အဓိကအေရးပါေနတာပါ။

Hardware ပိုင္းမွာ Support မေပးႏုိင္ရင္ေတာင္ Software ပိုင္းကေတာ့ အနည္းငယ္ပိုေကာင္းေအာင္ ျမွင့္ေပးလို႔ရတာတစ္ခုေတာ့ ေကာင္းပါတယ္။ Google ကလည္း Android 9 Pie ျပီးေတာ့ ေနာက္ထပ္ Android Version သစ္ ထြက္လာတဲ့အခါ ဒီ Facial Recognition ကို ပိုျပီး စိတ္ခ်ရေအာင္ ေထာက္ပံ့ေပးလာဦးမွာပါ။

XDA Developers က တစ္ခ်ိဳ႕က Android Q ကို Root ျပီးစစ္ၾကည့္ၾကတဲ့အခ်ိန္မွာ Facial Recognition အေနနဲ႔ System UI ေတြ Settings APKs ေတြနဲ႔ Framework ေတြမွာပါ ဆက္စပ္ေနတာကို ေတြ႔ရပါတယ္။ ကုဒ္ေတြအရဆို Android Q ဟာ Facial Recognition Hardware Buit-in မပါတဲ့ဖုန္းေတြမွာဆို သံုးလို႔မရမယ့္ပံုပါ။

ဖုန္းတစ္လံုးအေနနဲ႔ Apple လို Facial Recognition Hardware ေတြပါလာျပီဆိုရင္ ဖုန္းကို Unlock လုပ္ရံုတင္မကဘဲ ေငြေပးေခ်တာေတြ ကိုယ့္ရဲ႕ Apps ေတြထဲ Sign-in ဝင္တာေတြကိုပါ စိတ္ခ်ခ် လုပ္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ BackUp အေနနဲ႔ကေတာ့ FaceUnlock မပြင့္ဘူးဆို  Password, PIN နဲ႔ Pattern ေတြသံုးလို႔ ရႏုိင္ဦးမွာ ျဖစ္ပါတယ္။

Software ပိုင္းက ၾကည့္မယ္ဆို FaceUnlock မွာ Huawei Mate 20 Pro တို႔လည္း စိတ္ခ်ရလာတယ္ဆိုေပမယ့္ Hardware ေလာက္ေတာ့ စိတ္မခ်ရႏုိင္ပါဘူး။ Android Q နဲ႔ထြက္လာခ်င္တဲ့ ကုမၸဏီေတြအေနနဲ႔ Face ID အတြက္ Hardware  ေတြသံုးလာၾကမယ္လို႔ေတာ့ ေမွ်ာ္လင့္မိပါတယ္။

ဒီလိုဆိုလို႔ လာမယ့္ Google Pixel 4 မွာ ဒီ Face Recognition နည္းပညာ ပါလာမယ္လို႔ေတာ့လည္း တပ္အပ္မေျပာႏုိင္ေပမယ့္ ေမလ ၇-၉ မွာ က်င္းပမယ့္ Google I/O 2019 မွာလည္း ဒီနည္းပညာကို မိတ္ဆက္လာေကာင္း မိတ္ဆက္လာႏုိင္ပါတယ္။ ၂၀၁၉ ႏွစ္ကုန္ပိုင္းေလာက္က်ရင္ေတာ့ ေနာက္ထပ္ Pixel ဖုန္းအသစ္ေတြကို ဒီနည္းပညာနဲ႔ တြဲဖက္ျမင္ရလိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္မိပါတယ္။

Source: Android Authority

[Unicode]

Android စမတ်ဖုန်းပေါင်း မြောက်များစွာ ထွက်ခဲ့တဲ့ထဲမှာ နောက်ပိုင်း Android ဖုန်းတိုင်းလိုလိုမှာတော့ Face Unlock စနစ်တွေ ပါလာကြပါပြီ။ ပါသာပါပေမယ့် Hardware ရော Software ပိုင်းမှာပါ ထောက်ပံ့ပေးထားတဲ့ Apple Face ID နည်းပညာတို့လိုကလွဲရင် ကျန်တဲ့ ရှေ့ကင်မရာ Face Unlock တွေက အလွယ်တကူ အရူးလုပ်ပြီး ဖွင့်နိုင်တဲ့အတွက် စိတ်မချရသေးပါဘူး။

ဒါကြောင့်လည်း Apple လို Lock ဖွင့်ဖို့ Face ID တစ်ခုတည်းသုံးတာမျိုးမဟုတ်ဘဲ အရံအနေနဲ့ ထားထားတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ မျက်နှာကို တိတိကျကျဖတ်နိုင် Lock ဖွင့်နိုင်ဖို့အတွက်က ToF Sensor, IR Illuminator နဲ့ dot-Projector တွေ သုံးပေးဖို့ လိုအပ်ပါတယ်။ ဓာတ်ပုံတစ်ပံုံလောက်နဲ့ Lock ဖွင့်လို့ရတာမျိုးနဲ့ မျက်နှာလိုက်ကြီးဖတ်ပြီးမှ Lock ဖွင့်လို့ရတာမျိုးမှာ အဲဒီ Sensor တွေက အဓိကအရေးပါနေတာပါ။

Hardware ပိုင်းမှာ Support မပေးနိုင်ရင်တောင် Software ပိုင်းကတော့ အနည်းငယ်ပိုကောင်းအောင် မြှင့်ပေးလို့ရတာတစ်ခုတော့ ကောင်းပါတယ်။ Google ကလည်း Android 9 Pie ပြီးတော့ နောက်ထပ် Android Version သစ် ထွက်လာတဲ့အခါ ဒီ Facial Recognition ကို ပိုပြီး စိတ်ချရအောင် ထောက်ပံ့ပေးလာဦးမှာပါ။

XDA Developers က တစ်ချို့က Android Q ကို Root ပြီးစစ်ကြည့်ကြတဲ့အချိန်မှာ Facial Recognition အနေနဲ့ System UI တွေ Settings APKs တွေနဲ့ Framework တွေမှာပါ ဆက်စပ်နေတာကို တွေ့ရပါတယ်။ ကုဒ်တွေအရဆို Android Q ဟာ Facial Recognition Hardware Buit-in မပါတဲ့ဖုန်းတွေမှာဆို သုံးလို့မရမယ့်ပုံပါ။

ဖုန်းတစ်လုံးအနေနဲ့ Apple လို Facial Recognition Hardware တွေပါလာပြီဆိုရင် ဖုန်းကို Unlock လုပ်ရုံတင်မကဘဲ ငွေပေးချေတာတွေ ကိုယ့်ရဲ့ Apps တွေထဲ Sign-in ဝင်တာတွေကိုပါ စိတ်ချချ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ BackUp အနေနဲ့ကတော့ FaceUnlock မပွင့်ဘူးဆို  Password, PIN နဲ့ Pattern တွေသုံးလို့ ရနိုင်ဦးမှာ ဖြစ်ပါတယ်။

Software ပိုင်းက ကြည့်မယ်ဆို FaceUnlock မှာ Huawei Mate 20 Pro တို့လည်း စိတ်ချရလာတယ်ဆိုပေမယ့် Hardware လောက်တော့ စိတ်မချရနိုင်ပါဘူး။ Android Q နဲ့ထွက်လာချင်တဲ့ ကုမ္ပဏီတွေအနေနဲ့ Face ID အတွက် Hardware  တွေသုံးလာကြမယ်လို့တော့ မျှော်လင့်မိပါတယ်။

ဒီလိုဆိုလို့ လာမယ့် Google Pixel 4 မှာ ဒီ Face Recognition နည်းပညာ ပါလာမယ်လို့တော့လည်း တပ်အပ်မပြောနိုင်ပေမယ့် မေလ ၇-၉ မှာ ကျင်းပမယ့် Google I/O 2019 မှာလည်း ဒီနည်းပညာကို မိတ်ဆက်လာကောင်း မိတ်ဆက်လာနိုင်ပါတယ်။ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကျရင်တော့ နောက်ထပ် Pixel ဖုန်းအသစ်တွေကို ဒီနည်းပညာနဲ့ တွဲဖက်မြင်ရလိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။

Source: Android Authority