အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအကုန်နီးပါးက Full Screen Display လို့ ခေါ်နိုင်တဲ့ 18:9 Ratio Display တွေကို အသုံးပြုလာကြပါတယ်။ အခုလိုမျိုး ပုံမှန် 16:9 Ratio Display တွေကနေ 18:9 Ratio Display တွေကို ပြောင်းလဲအသုံးပြုလာတာက ဘာတွေအားသာချက်၊ အားနည်းချက် ရှိလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Source : Android Pit

အားသာချက်တွေ

Applications တွေ Multitasking ပိုလုပ်နိုင်လာတယ်

တကယ်လို့ သင်က Split Screen နဲ့ App ၂ ခုကို Screen တစ်ခုထဲပေါ်မှာ တင်သုံးဖြစ်တဲ့သူဆိုရင် 18:9 Ratio Display ဖုန်းတွေက Screen နေရာကို ရှည်လာတဲ့အတွက် ဗီဒီယိုကြည့်နေရင်း Facebook သုံးတာမျိုးကို ပိုပြီးကောင်းမွန်စွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Applications တွေအတွက် နေရာပိုမြင်ရလာတယ်

ဒါကတော့ Facebook သုံးနေတဲ့သူတွေ၊ စာဖတ်များတဲ့သူတွေ အကြိုက်တွေ့ကြတဲ့အချက်ပါ Screen က ပိုကြီးမားပြီး ပိုရှည်လာတဲ့အတွက် Screen ပေါ်မှာ စာဖတ်မယ်ဆိုရင်လည်း သာမန်ဖုန်းတွေထက် စာတွေကို ပိုမြင်လာရပါတယ်။

အရွယ်အစားသိပ်မကွာပဲ Screen ပိုကြီးလာတယ်

အခုနောက်ပိုင်း 18:9 Ratio Display ဖုန်းတွေက 6″ Display ကို အသုံးပြုတာများပြားပေမယ့် ဖုန်းရဲ့ အရွယ်အစားကတော့ ဘေးဘောင်တွေကို သေးငယ်အောင်ပြုလုပ်လိုက်တဲ့အတွက် 5.5″ အရွယ် သာမန် Display ကို အသုံးပြုထားတဲ့ဖုန်းတစ်ခုကို ကိုင်နေရသလိုပဲဖြစ်နေမှာပါ။

Source : Android Pit

အားနည်းချက်တွေ

ဗီဒီယိုတွေက အဆင်သင့်မဖြစ်သေးပါဘူး

လက်ရှိအချိန်မှာ 18:9 Ratio Display ဖုန်းတွေများနေပြီဆိုပေမယ့် ဗီဒီယိုတွေကတော့ 16:9 Ratio ကိုပဲ အသုံးပြုနေကြတုန်းဖြစ်ပါတယ်။ အဲ့ဒီအတွက် 18:9 Ratio ဖုန်းတွေမှာ Screen အပြည့်မြင်ရချင်တယ်ဆိုရင် Force Full Screen ပြုလုပ်နိုင်ပေမယ့် ဗီဒီယိုတွေရဲ့ အနားသတ်တွေကတော့ Crop ဖြစ်သွားမှာပဲဖြစ်ပါတယ်။

Application အချို့နဲ့ အဆင်မပြေသေးပါဘူး

18:9 Ratio Display ဟာ Application တွေအတော်များများအတွက် ပိုပြီး အဆင်ပြေလာပေမယ့်လည်း အချို့သောဂိမ်းတွေနဲ့ ထွက်ရှိတာ ကြာပြီဖြစ်တဲ့ Application တွေကတော့ အဆင်မပြေသေးပဲ တခါတလေ Screen အစွန်းပိုင်းမှာရှိတဲ့စာတွေပျောက်သွားတာကို ကြုံရမှာပါ။