၉.၇ လက်မ ရှိတဲ့ iPad Pro

Apple ကုမ္ပဏီက ထုတ်တဲ့ အကောင်းဆုံး i Pad လို့ကို ဆိုနိုင်ပြီး အခန်းတွင်း အလင်းရောင်နဲ့ iPad စခရင်အလင်းကို အလိုအလျောက်ချိန်ပေးတဲ့ စနစ်ပါဝင်တယ်။ Resolution က 2048 x 1536 ရှိပြီး iOS Device တွေမှာ အမြန်ဆုံးဖြစ်တဲ့ A9X Processor ကို အသုံးပြုထားပါတယ်။ Ram 2 GB ဖြစ်ပြီး အနောက်ကင်မရာက 12 Megapixel ပါဝင်ကာ Storage ကို 128 GB အထိ အမြင့်ဆုံး ထုတ်လုပ်ထားပါတယ်။ Pencil နဲ့ Keyboard တို့နဲ့ ချိတ်ပြီး အသုံးပြုလို့ရပါတယ်။ အမေရိကန်ဒေါ်လာ ၅၀၀ နီးပါးနဲ့ ရောင်းချနေပါတယ်။

Samsung Galaxy Tab S2

Apple Product တွေကို မကြိုက်သူတွေကလည်း iPad ရဲ့ လုပ်ဆောင်မှုနဲ့ သိပ်မကွာတဲ့ Samsung Galaxy Tab S2 ကို ၀ယ်ယူလို့ရပါတယ်။ မျက်နှာပြင်အကျယ်က 9.7 လက်မ ရှိပြီး၊ Resolution က 2048 x 1536 Pixel ရှိပါတယ်။ Processor က Dual 1.9 GHz + 1.3 GHz Quad-Core CPU ဖြစ်ပြီး Ram 3GB တပ်ဆင်ထားပါတယ်။ ဘက်ထရီကလည်း ၁၀ နာရီလောက် အသုံးခံပြီး Storage က 32 GB ကနေ 128 GB အထိ မြင့်လို့ရပါတယ်။

တန်ဖိုးနည်းပြီး အသုံးဝင်တဲ့ Amazon Fire HD 8

မျက်နှာပြင်က ၈ လက်မလောက်ဘဲ ရှိပြီး စခရင် က 1280 x 800 Pixel HD Resolution ရှိတာကြောင့် မရေမတွက်နိုင်လောက်အောင် စာအုပ်တွေဖတ်လို့ရသလို ရုပ်ရှင်၊ တီဗီ အစီအစဉ်ပေါင်းများစွာကိုလည်း HD အရည်အသွေးနဲ့ ကြည့်ရှုလို့ ရမှာပါ။ Processor ကလည်း 1.3 GHz Quad-Core Processor ဖြစ်ပြီး Ram မှာလည်း 1.5 GB ရှိပါတယ်။

မျက်နှာပြင်အရွယ်အစားကလည်း ၈ လက်မလောက်ဘဲရှိတာကြောင့် ဘယ်သွားသွား သယ်သွားလို့ရတဲ့ အမျိုးအစားမျိုးပါ။ စာဖတ်ဖို့အတွက် အဓိကထုတ်လုပ်ထားတာကြောင့် ကင်မရာ အရွယ်အသွေးကတော့ 2 Megapixel လောက်ဘဲ ရှိပါတယ်။ ဒါပေမယ့် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၇၀ ဘဲ ရှိတာကြောင့် တခြား Tablet တွေနဲ့ ယှဉ်ရင် ၄၊၅ ဆလောက် သက်သာနေတာကြောင့် တန်ဖိုးနည်းပြီး အသုံးဝင်တဲ့ Tablet အမျိုးအစားဘဲ ဖြစ်ပါတယ်။

ဂိမ်းဆော့တဲ့ သူတွေ အကြိုက်တွေ့စေမယ့် NVIDIA Shield K1

သင်ဟာ Gamer တစ်ယောက်ဆိုရင် NVIDIA Shield K1 Tablet ဟာ သင်အကြိုက်တွေ့မယ့် Tablet မျိုးပါ။ Tablet မှာ ဂိမ်းကစားတဲ့နေရာမှာ အသံကျယ်ကျယ်နဲ့ ကစားချင်သူတွေအတွက် စပီကာ ၂ လုံးပါဝင်ပြီး မျက်နှာပြင် Resolution ကလည်း 1.920 x 1.200 ရှိပါတယ်။

Graphic မှာလည်း NVIDIA Tegra K1 ပါဝင်တာကြောင့် ကွန်ပျုတာ PC ကြီးတွေ ဆော့လေ့ရှိတဲ့ ဂိမ်းတွေကို ဆော့ကစားနိုင်ပါတယ်။ GPUက 192-Core Kepler သုံးထားပြီး 2.2 GHz Quad Core ARM A15 ကို သုံးထားပါတယ်။

မျက်နှာပြင် အကျယ်က ၈ လက်မ ဘဲရှိသေးလို့ ဆော့လို့အားမရဘူးလား။ ကိစ္စမရှိပါဘူး။ သင့်ရဲ့ Tablet ကို HDMI ကြိုးကနေတစ်ဆင့် တီဗီနဲ့ ချိတ်လို့ ရပါသေးတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၃၈ ကျပ် ရှိပါတယ်။