HMD Global က 5G ဖုန်း ဖြစ်တဲ့ Nokia 8.3 5G ကို ကြေညာထားပြီးပါပြီ။ Snapdragon 765G ပါတဲ့ အဲဒီဖုန်းကို မရောင်းသေးပါဘူး။ ၅၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်းခွဲလောက်ရှိတဲ့အတွက် စွမ်းရည်သင့် ဖုန်းတွေထဲမှာ ဈေးကြီးပါတယ်။ အခုတော့ Nokia က ဈေးချိုတဲ့ 5G ဖုန်း ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။

Nokia Power User က HMD Global ဟာ MediaTek Dimensity 800 Series Processor ပါတဲ့ ဈေးချိုတဲ့ Nokia 5G ဖုန်း ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းပေးလိုက်ပါတယ်။ Chipset မော်ဒယ်ကို မသိရသေးပေမယ့် Dimensity 800 or Dimensity 820 ဖြစ်နိုင်ပါတယ်။

Nokia 7.3 မှာ Snapdragon Processor ပါမယ်လို့ သတင်းထွက်နေတဲ့အတွက် အဲဒီဖုန်းဟာ Nokia 7.3 မဖြစ်နိုင်ပါဘူး။ Nokia 7.3 အတွက် 4G နဲ့ 5G မော်ဒယ် ၂ မျိုးစလုံး ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Dimensity 800 Series ပါတဲ့ တန်ဖိုးနည်း Nokia 5G စမတ်ဖုန်းကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ကြေညာမယ်လို့ သတင်းထွက်နေတဲ့အတွက် ၆ လကျော်တောင် စောင့်ရဦးမှာပါ။ တကယ်လို့သာ HMD Global က ပြိုင်ဖက်တွေကို အမှီလိုက်ချင်ရင်တော့ ဒီနှစ်ထဲမှာပဲ ဈေးချိုတဲ့ 5G ဖုန်းကို ကြေညာနိုင်ပါတယ်။

Ref : gizmochina