Zawgyi

ဟိုတုန္းကဆိုရင္ Game ေဆာ့လို႔ ေကာင္းတယ္ဆိုတဲ့ အရသာဟာ Flagship Device ေတြမွာပဲ ရွိတာပါ။
အခုေနာက္ပိုင္းမွာေတာ့ အရင္တုန္းကလိုမ်ိဴး မဟုတ္ေတာ့ပါဘူး၊ Mid-Range ဖုန္းေတြကစလို႔ Budget ဖုန္းေတြပါမက်န္ Gaming Performance ကို ဦးစားေပးထားတဲ့ ဖုန္းေတြ ေတြ႕လာရပါတယ္။

အခုေနာက္ပိုင္း ထြက္ရွိလာတဲ့ Affordable ဖုန္းေတာ္ေတာ္မ်ားမ်ားဟာဆိုရင္ Battery နဲ႔ Gaming အပိုင္းကို ဦးစားေပးထားတာပါ။ Affordable ဆိုေပမယ့္ 4000mAh ေက်ာ္တဲ့ Battery ေတြကို ထည့္သြင္းေပးထားသလို Gaming Experience ကို ျမႇင့္တင္ေပးမယ့္ Game Suite တို႔၊ Game Space တို႔၊ Game Mode တို႔၊ Game Launcher စတဲ့ Gaming Feature ေလးေတြလည္း ပါလာတာ ေတြ႕ရပါတယ္။

အဲ့ဒီ Feature ေတြမွာ မ်ားေသာအားျဖင့္ Low Power Mode, Balance Mode နဲ႔ High Performance Mode ဆိုၿပီး ၃မ်ိဴး ပါဝင္ပါတယ္။ Low Power Mode နဲ႔ Balance Mode တို႔က Battery အတြက္ ကိစၥမရွိေပမယ့္ Performance Mode ကေတာ့ ဘက္ထရီကို အနည္းနဲ႔အမ်ား အေႏွးနဲ႔အျမန္ ဒုကၡေပးႏိုင္ပါတယ္။ Performance Mode က Gaming Experience ကို ပိုေကာင္းေစေပမယ့္ ဘက္ထရီအား ပိုစားၿပီး၊ ဖုန္း အပူခ်ိန္လည္း ျမင့္တက္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ ဘက္ထရီက လုံေလာက္တဲ့ အေနအထားမွာ မရွိဘူးဆိုရင္ Performance Mode ကို ဖြင့္မသုံးပါနဲ႔။

Game ေဆာ့လို႔ ေကာင္းသြားၿပီဆိုရင္ ေနာက္မွာ ကပ္ပါလာတဲ့ လိုအပ္ခ်က္က Battery Life ပါ။ ဒီေန႔ေခတ္ နာမည္ႀကီး မိုဘိုင္းဂိမ္း ေတာ္ေတာ္မ်ားမ်ားက Online Game ေတြပါ။ Online Game ျဖစ္တာေၾကာင့္ အင္တာနက္ဖြင့္ၿပီးမွ ေဆာ့ရတဲ့အတြက္ Power Consumption က Offline Game ေတြထက္ သိသိသာသာ ပိုမ်ားလာပါတယ္။

Power Consumption ကို သက္ေရာက္ေစတဲ့ တရားခံေတြထဲမွာ Display လည္းပါပါတယ္။ ဒီေန႔ေခတ္ဖုန္းေတြကို ဟိုတုန္းက ဖုန္းေတြနဲ႔ ယွဥ္မယ္ဆိုရင္ Body Size ေတြက ထင္သေလာက္ ႀကီးမလာေပမယ့္ Display Size နဲ႔ Display Resolution ေတြကေတာ့ ႀကီးသည္ထက္ ႀကီး၊ ျမင့္သည္ထက္ ျမင့္လာပါတယ္။

ဒါ့ေၾကာင့္ Display Size ၆ေလာက္ အ႐ြယ္အစားရွိတဲ့ Android ဖုန္းတစ္လုံးအေနနဲ႔ ၾကည့္မယ္ဆိုရင္ 2500mAh, 3000mAh ဘက္ထရီေတြဟာ ဂိမ္းေဆာ့ဖို႔အတြက္ လုံေလာက္တဲ့ ဘက္ထရီ ပမာဏလို႔ ေျပာလို႔ မရေတာ့ပါဘူး။ ဒါ့ေၾကာင့္လည္း 4000mAh ေက်ာ္တဲ့ Battery ေတြကို Flagship ဖုန္းေတြမွာသာမက Affordable ဖုန္းေတြမွာပါ ထည့္သုံးလာၾကတာပါ။

Unicode

Mobile Gaming ကို ပစ်မှတ်ထားလာတဲ့ တန်ဖိုးသင့် ဖုန်းများ

ဟိုတုန်းကဆိုရင် Game ဆော့လို့ ကောင်းတယ်ဆိုတဲ့ အရသာဟာ Flagship Device တွေမှာပဲ ရှိတာပါ။
အခုနောက်ပိုင်းမှာတော့ အရင်တုန်းကလိုမျိူး မဟုတ်တော့ပါဘူး၊ Mid-range ဖုန်းတွေကစလို့ Budget ဖုန်းတွေပါမကျန် Gaming Performance ကို ဦးစားပေးထားတဲ့ ဖုန်းတွေ တွေ့လာရပါတယ်။

အခုနောက်ပိုင်း ထွက်ရှိလာတဲ့ Affordable ဖုန်းတော်တော်များများဟာဆိုရင် Battery နဲ့ Gaming အပိုင်းကို ဦးစားပေးထားတာပါ။ Affordable ဆိုပေမယ့် 4000mAh ကျော်တဲ့ Battery တွေကို ထည့်သွင်းပေးထားသလို Gaming Experience ကို မြှင့်တင်ပေးမယ့် Game Suit တို့၊ Game Space တို့၊ Game Mode တို့၊ Game Launcher စတဲ့ Gaming Feature လေးတွေလည်း ပါလာတာ တွေ့ရပါတယ်။

အဲ့ဒီ Feature တွေမှာ များသောအားဖြင့် Low Power Mode, Balance Mode နဲ့ High Performance Mode ဆိုပြီး ၃မျိူး ပါဝင်ပါတယ်။ Low Power Mode နဲ့ Balance Mode တို့က Battery အတွက် ကိစ္စမရှိပေမယ့် Performance Mode ကတော့ ဘက်ထရီကို အနည်းနဲ့အများ အနှေးနဲ့အမြန် ဒုက္ခပေးနိုင်ပါတယ်။ Performance Mode က Gaming Experience ကို ပိုကောင်းစေပေမယ့် ဘက်ထရီအား ပိုစားပြီး၊ ဖုန်း အပူချိန်လည်း မြင့်တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဘက်ထရီက လုံလောက်တဲ့ အနေအထားမှာ မရှိဘူးဆိုရင် Performance Mode ကို ဖွင့်မသုံးပါနဲ့။

Game ဆော့လို့ ကောင်းသွားပြီဆိုရင် နောက်မှာ ကပ်ပါလာတဲ့ လိုအပ်ချက်က Battery Life ပါ။ ဒီနေ့ခေတ် နာမည်ကြီး မိုဘိုင်းဂိမ်း တော်တော်များများက Online Game တွေပါ။ Online Game ဖြစ်တာကြောင့် အင်တာနက်ဖွင့်ပြီးမှ ဆော့ရတဲ့အတွက် Power Consumption က Offline Game တွေထက် သိသိသာသာ ပိုများလာပါတယ်။

Power Consumption ကို သက်ရောက်စေတဲ့ တရားခံတွေထဲမှာ Display လည်းပါပါတယ်။ ဒီနေ့ခေတ်ဖုန်းတွေကို ဟိုတုန်းက ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် Body Size တွေက ထင်သလောက် ကြီးမလာပေမယ့် Display Size နဲ့ Display Resolution တွေကတော့ ကြီးသည်ထက် ကြီး၊ မြင့်သည်ထက် မြင့်လာပါတယ်။

ဒါ့ကြောင့် Display Size ၆လောက် အရွယ်အစားရှိတဲ့ Android ဖုန်းတစ်လုံးအနေနဲ့ ကြည့်မယ်ဆိုရင် 2500mAh, 3000mAh ဘက်ထရီတွေဟာ ဂိမ်းဆော့ဖို့အတွက် လုံလောက်တဲ့ ဘက်ထရီ ပမာဏလို့ ပြောလို့ မရတော့ပါဘူး။ ဒါ့ကြောင့်လည်း 4000mAh ကျော်တဲ့ Battery တွေကို Flagship ဖုန်းတွေမှာသာမက Affordable ဖုန်းတွေမှာပါ ထည့်သုံးလာကြတာပါ။