Samsung ကနေ Budget Tablet ဖြစ်တဲ့ Galaxy Tab A 8.4 (2020) ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Samsung ကနေ Budget Tablet အသစ်ကို မိတ်ဆက်ဖို့ရှိနေသေးတယ်လို့ သိရပါတယ်။

အဆိုပါ Samsung ရဲ့ Budget Tablet ကိုတေ့ာ Galaxy Tab A7 (2020) လို့ နာမည်ပေးထားတာဖြစ်ပြီး Screen Size အနေနဲ့ 10.4″ ရှိမယ်လို့ သိရပါတယ်။ Screen Resolution အနေနဲ့ကတော့ Full HD+ (1200 x 2000 Pixels) ရှိမှာဖြစ်ပြီး လာမယ့်စက်တင်ဘာလအစောပိုင်းမှာ မိတ်ဆက်သွားနိုင်ခြေရှိနေပါတယ်။

Galaxy Tab A7 (2020) ဟာ Performance ပိုင်းအနေနဲ့ Qualcomm Snapdragon 662 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 3GB ပါဝင်မှာဖြစ်ပါတယ်။ Storage ပိုင်းအနေနဲ့ကတော့ 32GB Wi-Fi Version သို့မဟုတ် LTE Version မှာ 64GB ပါဝင်မယ်လို့ သိရပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 13MP Single Back Camera ပဲ ပါဝင်မှာပါ။

Software ပိုင်းအနေနဲ့ကတော့ Android 10 OS ကိုအသုံးပြုလာမှာဖြစ်သလို အရောင်အနေနဲ့ကတော့ Gold နဲ့ Grey ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ Belgium Retailer တစ်ဦးရဲ့ ဖော်ပြချက်အရ 32GB Wi-Fi Version ကို €235 (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) နဲ့ 64GB LTE Version အနေနဲ့ကတော့ €320 (မြန်မာငွေ ၅ သိန်းဝန်းကျင်) ခန့် ကျသင့်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု Samsung Galaxy Tab A7 (2020) Tablet ကို Europe စျေးကွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ကျန်တဲ့စျေးကွက်တွေမှာလည်း စက်တင်ဘာလအစောပိုင်းမှာ မိတ်ဆက်သွားနိုင်ပါတယ်။

Ref – Phone Arena