အခုနောက်​ပိုင်း Smartphone လောကမှာ AI Technology ဆိုတဲ့စကားလုံးတွေ့လာရတာကိုဒီကလူတော်​တော်​များများသိမှာပါ။ AI ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်​ကို အရှည်​ပြန်​ဖွင့်​ပြရင်​ Artificial Intelligence ဖြစ်​ပီး မြန်​မာလို အသိဥာဏ်​တုလို့ အဓိပ္ပာယ်​ရပါတယ်​။ အသိဥာဏ်​တုဆိုတာ လူသားတွေ တွေးခေါ်သလောက်​ တွေးလာနိုင်​တဲ့ လူလုပ်​ အသိဥာဏ်​ပါ။

အဲ့ဒီ နည်းပညာရဲ့ Prototype လို့ခေါ်တဲ့ ရှေ့ပြေးပုံစံတွေကို အခုတွေ့နိုင်​နေပါပြီ။ Google ရဲ့ Google Assistant, Apple ရဲ့ Siri နဲ့ Samsung ရဲ့ Bixby လို Virtual Voice Assistant တွေက ရှေ့ပြေးပုံစံတွေပါ။

သူတို့မှာ အမှန်တစ်ကယ်တွေးခေါ်တက်တဲ့ အသိဥာဏ်မရှိသေးပဲ Advanced Algorithm လို့ခေါ်တဲ့ စနစ်နဲ့ အလုပ်လုပ်ပါတယ်။ ဥပမာ သင်က စကားလုံးတစ်လုံးပြောလိုက်ရင် အဲ့ဒီ စကားလုံးနဲ့သက်ဆိုင်တဲ့ အရာပေါင်းများစွာကိုရှာပြီး သင်လိုချင်တဲ့ အဖြေအတွက် အနီးကပ်ဆုံး Respond ကိုပေးပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ကြိုပြီးသွင်းထားပေးရပါတယ်။ လူတစ်ယောက်ကို သင်ပေးသလိုပေါ့။ Prototype တွေက တစ်ကယ့်တွေးခေါ်တက်တဲ့ AI အစစ်တွေလောက် အစွမ်းမထက်သေးပေမယ့် အဲ့တာတွေကလည်း AI အစစ်တည်ဆောက်ဖို့အတွက် အခြေခံအစိတ်အပိုင်းတွေပါပဲ။

အဲ့တော့ AI အကြောင်းသိသွားပြီဆိုတော့ AI အစစ်ကဘာတွေလုပ်ပေးနိုင်လဲပေါ့။ Future Smartphone တွေနဲ့ဘယ်လိုသက်ဆိုင်နေလဲ။ Future Smartphone တိုင်းမှာ AI ပါဝင်လာပြီး Smartphone တွေက PC တွေကိုအစားထိုးသွားပါလိမ့်မယ်။ အစားထိုးတယ်ဆိုတာထက် Smartphone နဲ့ PC ဆိုတာ ပစ္စည်းတစ်ခုတည်းဖြစ်သွားမှာပါ။ ကိုယ့် Smartphone ကို Monitor ရယ် Keyboard ရယ် Mouse ရယ်နဲ့ ချိတ်လိုက်တာနဲ့ PC ဖြစ်သွားမှာပါ။ အခုလည်းအဲ့သဘောမျိုး အသုံးပြူနိုင်တဲ့ Galaxy S8, S9 နဲ့ Note 8, Note 9 လို Smartphone တွေပေါ်လာနေပါပြီ။

AI တစ်ခုဟာ လူတစ်ယောက်လိုတွေးခေါ်လာနိုင်ပြီး စိတ်ခံစားချက်တွေပါ ထည့်သွင်းတည်ဆောက်လာနိုင်မှာပါ။ အနာဂတ်ကာလမှာ လူတိုင်းနီးပါးဟာ Smart Home လို့ခေါ်တဲ့ အိမ်တစ်အိမ်လုံးကို AI နဲ့ပဲထိန်းချုပ်ပြီး Internet အမြဲချိတ်ဆက်ထားတဲ့ အိမ်တွေနဲ့ပဲနေလာကြမှာပါ။ ကိုယ့်အိမ်ရဲ့လုံခြုံရေးပိုင်းနဲ့ မီးအပိတ်အဖွင့်တွေ အိမ်သန့်ရှင်းရေးလုပ်တာနဲ့ ထမင်းချက်တာတွေကအစ AI ကပဲအကုန်လုပ်ပေးမှာပါ။ Smart Device တွေနဲ့ AI Access ရှိဖို့တော့လိုပါလိမ့်မယ်။ ပိုပြီးတော့တိုးတက်လာခဲ့ရင် AI ပါဝင်ထည့်ဆောက်ထားတဲ့ Robot တွေပါပေါ်ထွက်လာမှာပါ။

မိမိအိမ်ရဲ့ နံရံတွေကိုပါ Display အဖြစ်အသုံးပြုလာနိုင်မယ်။ အဲ့တာတွေ အကုန်လုံးကို Smartphone ကပဲထိန်းချုပ်မှာပါ။

Smartphone တွေဟာ ဖုန်းလည်းပြောနိုင် Game လည်းဆော့နိုင်အလုပ်ကိစ္စတွေလည်းလုပ်နိုင်ပြီး Camera ပါရိုက်နိုင်တဲ့ဘက်စုံသုံး Tech Device ဖြစ်တဲ့အတွက် သူရဲ့ သက်ဆိုင်ရာ Feature တွေဟာ အဆက်မပြတ် တိုးတက်လာမှာဖြစ်ပြီး သက်ဆိုင်ရာ Feature တွေအတွက် Standalone device တွေဖြစ်တဲ့ Digital Camera လိုမျိုးတွေမလိုတော့ပါဘူး။ အနာဂတ်မှာ Smartphone တွေဟာ DSLR Camera တွေနဲ့ PC တွေကိုအစားထိုးလာမှာပါ။ လက်ရှိမှာလည်း Traditional Telephone တွေနဲ့ Digital Camera တွေနေရာမှာ Smartphone တွေကအစားထိုးနေရာယူသွားပါပြီ။ Smartphone တွေ အဲ့ဒီလို အစွမ်းထက်လာဖို့ဆိုတာလည်း AI အပေါ် လုံးဝမူတည်နေပါတယ်။

 ရှေ့ပြေး AI Tech တွေသုံးထားတဲ့ Huawei P20 နဲ့ P20 Pro လို Camera ပိုင်းအရမ်းကောင်းတဲ့ ဖုန်းတွေကိုတွေ့လာနေရပါတယ်။Camera Sensor ကောင်းကောင်းပါပြီး AI အထောက်အပံ့ပါခဲ့ရင် ကိုယ်ရိုက်ကူးမယ့်အရာပေါ်မူတည်ပြီး AI က အလိုအလျောက်ချိန်ညှိပေးလို့Picture Quality က အရမ်းကိုကောင်းနေမှာပါ။ Snapdragon လိုနာမည်ကြီး Smartphone SoC (System on Chip) တွေထုတ်တဲ့ Company တွေကလည်း နောက်ပိုင်းထုတ်တဲ့ Chipset တွေမှာ AI Support ပေးမယ့် NPU(Neural Processing Unit) တွေကိုထည့်သွင်းတည်ဆောက်လာကြပါပြီ။

 ရှေ့လျောက် AI နည်းပညာဟာပိုမိုတိုးတက်လာတော့မှာပါ။ တစ်ကယ့် AI အစစ်ပေါ်လာမယ့်အချိန်ကိုစောင့်မျှော်ရင်းနဲ့ပဲ နိဂုံးချုပ်ပါရစေ။ အားပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးအထူးပါ။