[Unicode]

AIA Myanmar သည် အသက်၊ ကျန်းမာရေးနှင့် ကောင်းမွန်သော ရှင်သန်နေထိုင်မှုအစီအစဉ်များပေးစွမ်းနိုင်ရန် AYA Financial Group, Max Myanmar Group (AFG-MAX) ၏ ခိုင်မာသော customer base နှင့် သဟဇာတဖြစ်သော စီးပွားရေး လုပ်ဖော် ကိုင်ဖက်စနစ်ကို ယုံကြည်စွာဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍အကျိုးတူပူးပေါင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း AIA Myanmar မှ ဝမ်းသာကျေနပ်စွာဖြင့် ထုတ်ပြန်ကြေငြာသည်။

ဤကဲ့သို့ AIA နှင့် AFG-MAX ပူးပေါင်းမှုသည် အာမခံကုမ္ပဏီများ လိုင်စင်ရရှိပြီးနောက် အာမခံကုမ္ပဏီနှင့် ဘဏ်အကြား ပထမဆုံးအကျိုးတူပူးပေါင်းမှုဖြစ်ပြီး ယခုပူးပေါင်းမှုသည် ရည်ရွယ်ချက်ကောင်းများကို အခြေခံ သော ရည်ရှည်အတွက် မဟာဗျူဟာကျသည့် ပူးပေါင်းမှု၏အစဖြစ်သည်။ အာရှပစိဖိတ် ဒေသတစ်လျောက် AIA ၏ အတွေ့အကြုံကောင်းများနှင့် AFG-MAX ၏ နိုင်ငံတွင်း ကျွမ်းကျင်မှုတို့ ပေါင်းစည်းခြင်းအားဖြင့် မြန်မာပြည်သူလူထုအားအာမခံဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ထိရောက်သည့်လူမှုအကျိုးပြု ဆောင်ရွက်ချက်များကို အဓိကထားအာရုံစိုက်ကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ဤပူးပေါင်းမှတဆင့် နိုင်ငံအတွင်း လိုအပ်နေသည့် အသက်အာမခံနှင့် ကျန်းမာရေး အာမခံအကြောင်းကို သတိပြုမိလာစေရေး အတွက်မြှင့်တင်သွားကာ မြန်မာပြည်သူလူထု တစ်ရပ်လုံး ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေဖို့ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံတွင် AIA ၏အာမခံလုပ်ငန်းခွဲတစ်ခုအဖြစ် ရာနှုန်းပြည့် အသက်အာမခံ လုပ်ကိုင်ခွင့်လိုင်စင်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ AIA Myanmar အား တရားဝင်ပေးအပ်ခဲ့သည်။

AIA Myanmar ၏ CEO ဖြစ်သူ Nhon (Luc) Ly က “အခုလို AFG-MAX Group နဲ့ မဟာဗျူဟာမြောက် ရေရှည်ပူးပေါင်း ဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးစိတ်လှုပ်ရှားမိပါတယ်။ ရည်ရွယ်ချက်တူတဲ့ AFG-MAX နဲ့အတူ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုကို ဂုဏ်ပြုရင်း တိုးတက်လာတဲ့ ဈေးကွက်အတွင်းမှာ ခေတ်မှီလုံခြုံတဲ့ နေထိုင်မှုပုံစတွေဆောင်ယူ လာပေးဖို့နဲ့ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အထောက်အကူပြုစေဖို့ ရည်မှန်းချက်ထားရှိပါတယ်။ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ AIA ရဲ့ ကတိ အတိုင်း မြန်မာပြည်သူလူထုအတွက် ဒီပူးပေါင်းမှုဟာ အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။”ဟု ပြောကြားခဲ့သည်။

AYA Financial Group နှင့် Max Myanmar Group တို့၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော် က “ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အကြီးဆုံးအသက်အာမခံအဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ AIA နဲ့ အကျိုးတူ ပူးပေါင်းခွင့် ရတဲ့အတွက် ဝမ်းသာမိပါတယ်။ AIA နဲ့ AFG-MAX ပူးပေါင်းမှုဟာကျွန်တော်တို့လိုအပ်နေတဲ့ပူးပေါင်းမှုမျိုးဖြစ်ပြီး သိသိ သာသာ ပံ့ပိုးကူညီသွားနိုင်မဲ့ ညှိနှိုင်းဆောင်ရွက်မှု ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ထို့အပြင်ဝန်ဆောင်မှုအပိုင်းသာမကမြန်မာနိုင်ငံတွင်း လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ်ချက်၏အစိတ်အပိုင်းတစ်ခုအနေဖြင့် AIA Myanmar နှင့် AFG-MAX တို့သည် “မြန်မာပြည်သူများ၏ ဘဝများကို ထွန်းလင်းရန်” ဟူသည့် လူမှုအကျိုးပြုရည်မှန်းချက် တစ်ခုကိုလည်း ကြေညာခဲ့သည်။

ယင်းရည်မှန်းချက်မှာကျေးရွာနေ ပြည်သူများ၏ အနာဂတ်ကို သိသိသာသာ အကျိုးသက်ရောက်စေမည့် မျှော်လင့်ချက်နှင့်အတူ ချို့တဲ့နွမ်းပါးသော မိသားစုများအား လျှပ်စစ်ဓာတ်အားပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့၏ ကလေးများ ပညာသင်ကြားရေးကိုအထောက်အကူပြုစေရန်ရည်ရွယ်ပြီး AIA Myanmar နှင့် AFG-MAX မြန်မာနိုင်ငံရှိ ကျေးရွာများသို့ နေစွမ်းအင်သုံး ဆိုလာပြားများ လှူဒါန်းသွားမည် ဖြစ်သည်။

[Zawgyi]

ျမန္မာျပည္သူတို႔၏ဘဝမ်ားအား အက်ိဳးျပဳႏိုင္ရန္အတြက္ AIA ႏွင့္ AYA Financial Group, MAX Myanmar Group တို႔ ပူးေပါင္းေဆာင္႐ြက္

AIA Myanmar သည္ အသက္၊ က်န္းမာေရးႏွင့္ ေကာင္းမြန္ေသာ ရွင္သန္ေနထိုင္မႈအစီအစဥ္မ်ားေပးစြမ္းႏိုင္ရန္ AYA Financial Group, Max Myanmar Group (AFG-MAX) ၏ ခိုင္မာေသာ customer base ႏွင့္ သဟဇာတျဖစ္ေသာ စီးပြားေရး လုပ္ေဖာ္ ကိုင္ဖက္စနစ္ကို ယုံၾကည္စြာျဖင့္ ဒီဇင္ဘာလ ၅ ရက္ေန႔မွစတင္၍အက်ိဳးတူပူးေပါင္းမႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း AIA Myanmar မွ ဝမ္းသာေက်နပ္စြာျဖင့္ ထုတ္ျပန္ေၾကျငာသည္။

ဤကဲ့သို႔ AIA ႏွင့္ AFG-MAX ပူးေပါင္းမႈသည္ အာမခံကုမၸဏီမ်ား လိုင္စင္ရရွိၿပီးေနာက္ အာမခံကုမၸဏီႏွင့္ ဘဏ္အၾကား ပထမဆုံးအက်ိဳးတူပူးေပါင္းမႈျဖစ္ၿပီး ယခုပူးေပါင္းမႈသည္ ရည္႐ြယ္ခ်က္ေကာင္းမ်ားကို အေျခခံ ေသာ ရည္ရွည္အတြက္ မဟာဗ်ဴဟာက်သည့္ ပူးေပါင္းမႈ၏အစျဖစ္သည္။ အာရွပစိဖိတ္ ေဒသတစ္ေလ်ာက္ AIA ၏ အေတြ႕အႀကဳံေကာင္းမ်ားႏွင့္ AFG-MAX ၏ ႏိုင္ငံတြင္း ကြၽမ္းက်င္မႈတို႔ ေပါင္းစည္းျခင္းအားျဖင့္ ျမန္မာျပည္သူလူထုအားအာမခံဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ပံ့ပိုးေပးလ်က္ထိေရာက္သည့္လူမႈအက်ိဳးျပဳ ေဆာင္႐ြက္ခ်က္မ်ားကို အဓိကထားအာ႐ုံစိုက္ကာ လုပ္ေဆာင္သြားမည္ျဖစ္သည္။ ဤပူးေပါင္းမွတဆင့္ ႏိုင္ငံအတြင္း လိုအပ္ေနသည့္ အသက္အာမခံႏွင့္ က်န္းမာေရး အာမခံအေၾကာင္းကို သတိျပဳမိလာေစေရး အတြက္ျမႇင့္တင္သြားကာ ျမန္မာျပည္သူလူထု တစ္ရပ္လုံး ပိုမိုက်န္းမာ အသက္ရွည္ၿပီး ပိုမိုေကာင္းမြန္ေသာ ဘဝမ်ား ပိုင္ဆိုင္ႏိုင္ေစဖို႔ရည္႐ြယ္ထားသည္။

ျမန္မာႏိုင္ငံတြင္ AIA ၏အာမခံလုပ္ငန္းခြဲတစ္ခုအျဖစ္ ရာႏႈန္းျပည့္ အသက္အာမခံ လုပ္ကိုင္ခြင့္လိုင္စင္ကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၈ ရက္ေန႔တြင္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနမွ AIA Myanmar အား တရားဝင္ေပးအပ္ခဲ့သည္။

AIA Myanmar ၏ CEO ျဖစ္သူ Nhon (Luc) Ly က “အခုလို AFG-MAX Group နဲ႔ မဟာဗ်ဴဟာေျမာက္ ေရရွည္ပူးေပါင္း ေဆာင္႐ြက္ခြင့္ရတဲ့အတြက္ အထူးစိတ္လႈပ္ရွားမိပါတယ္။ ရည္႐ြယ္ခ်က္တူတဲ့ AFG-MAX နဲ႔အတူ ျမန္မာႏိုင္ငံရဲ႕ ႂကြယ္ဝလွတဲ့ ယဥ္ေက်းမႈကို ဂုဏ္ျပဳရင္း တိုးတက္လာတဲ့ ေဈးကြက္အတြင္းမွာ ေခတ္မွီလုံၿခဳံတဲ့ ေနထိုင္မႈပုံစေတြေဆာင္ယူ လာေပးဖို႔နဲ႔ လူမႈေရး၊ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္အေထာက္အကူျပဳေစဖို႔ ရည္မွန္းခ်က္ထားရွိပါတယ္။ ပိုမိုက်န္းမာ အသက္ရွည္ၿပီး ပိုမိုေကာင္းမြန္တဲ့ ဘဝေတြ ပိုင္ဆိုင္ႏိုင္ရမယ္ဆိုတဲ့ ကြၽန္ေတာ္တို႔ AIA ရဲ႕ ကတိ အတိုင္း ျမန္မာျပည္သူလူထုအတြက္ ဒီပူးေပါင္းမႈဟာ အေထာက္အပံ့ ျဖစ္ပါလိမ့္မယ္။”ဟု ေျပာၾကားခဲ့သည္။

AYA Financial Group ႏွင့္ Max Myanmar Group တို႔၏ ဥကၠဌျဖစ္သူ ဦးေဇာ္ေဇာ္ က “ကြၽန္ေတာ္တို႔အေနနဲ႔ ကမာၻ႔အႀကီးဆုံးအသက္အာမခံအဖြဲ႕ေတြထဲကတစ္ခုျဖစ္တဲ့ AIA နဲ႔ အက်ိဳးတူ ပူးေပါင္းခြင့္ ရတဲ့အတြက္ ဝမ္းသာမိပါတယ္။ AIA နဲ႔ AFG-MAX ပူးေပါင္းမႈဟာကြၽန္ေတာ္တို႔လိုအပ္ေနတဲ့ပူးေပါင္းမႈမ်ိဳးျဖစ္ၿပီး သိသိ သာသာ ပံ့ပိုးကူညီသြားႏိုင္မဲ့ ညႇိႏႈိင္းေဆာင္႐ြက္မႈ ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ အခိုင္အမာ ယုံၾကည္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

ထို႔အျပင္ဝန္ေဆာင္မႈအပိုင္းသာမကျမန္မာႏိုင္ငံတြင္း လူမႈေရးဆိုင္ရာ အက်ိဳးသက္ေရာက္မႈမ်ား ရရွိေစရန္ ရည္႐ြယ္ခ်က္၏အစိတ္အပိုင္းတစ္ခုအေနျဖင့္ AIA Myanmar ႏွင့္ AFG-MAX တို႔သည္ “ျမန္မာျပည္သူမ်ား၏ ဘဝမ်ားကို ထြန္းလင္းရန္” ဟူသည့္ လူမႈအက်ိဳးျပဳရည္မွန္းခ်က္ တစ္ခုကိုလည္း ေၾကညာခဲ့သည္။

ယင္းရည္မွန္းခ်က္မွာေက်း႐ြာေန ျပည္သူမ်ား၏ အနာဂတ္ကို သိသိသာသာ အက်ိဳးသက္ေရာက္ေစမည့္ ေမွ်ာ္လင့္ခ်က္ႏွင့္အတူ ခ်ိဳ႕တဲ့ႏြမ္းပါးေသာ မိသားစုမ်ားအား လွ်ပ္စစ္ဓာတ္အားပံ့ပိုးေပးျခင္းျဖင့္ ၎တို႔၏ ကေလးမ်ား ပညာသင္ၾကားေရးကိုအေထာက္အကူျပဳေစရန္ရည္႐ြယ္ၿပီး AIA Myanmar ႏွင့္ AFG-MAX ျမန္မာႏိုင္ငံရွိ ေက်း႐ြာမ်ားသို႔ ေနစြမ္းအင္သုံး ဆိုလာျပားမ်ား လႉဒါန္းသြားမည္ ျဖစ္သည္။