ကျန်းမာရေးနှင့် ပျော်ရွှင်ကောင်းမွန်စွာ နေထိုင်နိုင်ခြင်းကို တိုးတက်စေနိုင်ရန်အတွက် ရိုးရှင်းလွယ်ကူသော လှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်နိုင်ရန် ရုပ်သံအစီအစဉ်သစ်မှ အားပေးသွားမည်ဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသတလွှား အကြီးမားဆုံး လွတ်လပ်သော အသက်အာမခံလုပ်ငန်းစုဟု အများသိကြေညာထားသည့် AIA သည် ယနေ့တွင် ၎င်း၏ မိတ်ဖက်ဖြစ်သော Tottenham Hotspur ဘောလုံးအသင်း (Spurs (သို့) ကလပ်ဟု သုံးသွားမည်ဖြစ်သည်။) နှင့် ၎င်း၏ Global Ambassador ဖြစ်သူ David Beckham တို့နှင့် ပူးပေါင်း၍ ရုပ်သံအစီအစဉ်သစ်တစ်ခုကို ယနေ့ မိတ်ဆက်ခဲ့သည်။ (အဆိုပါ ရုပ်သံအစီအစဉ်ကို Covid-19 ကာလမတိုင်မီတွင် ရိုက်ကူးထားခြင်းဖြစ်သည်။)

အဆိုပါ ရုပ်သံအစီအစဉ်သည် AIA နှင့် ၎င်း၏ Global Ambassador သံတမန် (၂)ဦးကို စတင်ပွဲထုတ်ပြီး စီစဉ်ရိုက်ကူးခြင်းလည်း ဖြစ်သည်။ ယခုတစ်ပတ်တွင် စတင်ထုတ်လွှင့်ခဲ့သော နမူနာပုံရိပ်တွင် သံတမန် (၂)ဦးအား Spurs ၏ ကမ္ဘာကျော် အားကစားကွင်း၌ တွေ့မြင်ရမည်ဖြစ်သည်။

ဤကနဦးခြေလှမ်းသည် AIA ၏ “ပိုမိုကျန်းမာအသက်ရှည်ပြီး ‌ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေရန်” ဟူသည့် ကတိစကားကို ဦးတည်အခြေခံထားခြင်း ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် David Beckham မှ Spurs လေ့ကျင့်ရေးကွင်းနှင့် အားကစားကွင်းကို သွားရောက်လည်ပတ်ပြီး နည်းပြချုပ် Jose Mourinho၊ ကစားသမားများ၊ နည်းပြများ၊ အာဟာရပညာရှင်များနှင့် တွေ့ဆုံသည့် မြင်ကွင်းကို တွေ့မြင်ရမည်ဖြစ်သည်။ David Beckham နှင့် Spurs ကစားသမားများမှ အားကစားသမားဖြစ်စေ၊ သာမန်လူဖြစ်စေ လူတိုင်းလုပ်ဆောင်နိုင်မည်ဖြစ်သော ကျန်းမာရေးပိုမိုကောင်းမွန်စေမည့် ရိုးရှင်းလွယ်ကူသော ကျန်းမာရေးနှင့် ဘဝနေထိုင်မှုပုံစံ ရွေးချယ်မှုများကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်။

AIA Group ၏ Chief Marketing Officer ဖြစ်သော Stuart A. Spencer မှ “ကျွန်တော်တို့နဲ့ ရေရှည်လက်တွဲသွားမယ့် David Beckham နဲ့ Spurs အသင်းတို့လို အရေးအကြီးဆုံး မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေး ပိုမိုကောင်းမွန်လာစေဖို့ လက်တွေ့ကျတဲ့နည်းလမ်းတွေကို ရှာဖွေနေတဲ့ လူအများအတွက် ဒီလို ရုပ်သံအစီအစဉ်ကို ထုတ်လုပ်ခွင့်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ AIA ဟာ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ကတိစကားကို တည်နိုင်ဖို့အတွက် အာရှပစိဖိတ်ဒေသအတွင်း လှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါတယ်။ David Beckham နဲ့ Spurs အသင်းတို့ရဲ့ သူတို့ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်မှုက ဒီလှုပ်ရှားမှုကြီး အောင်မြင်ဖို့အတွက် အဓိက သော့ချက်ပါပဲ။ ဒီရုပ်သံအစီအစဉ်ဟာ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် သေးငယ်တဲ့ လှုပ်ရှားမှုတွေကအစ အရေးကြီးတဲ့အကြောင်း၊ အိပ်ရေးဝဝ အိပ်ခြင်းက ဘယ်လောက် အရေးပါတယ်ဆိုတဲ့အကြောင်း၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ကုန်ဆုံးစေတာတွေ၊ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံတွေ၊ လုံလောက်တဲ့ အားကစားလှုပ်ရှားမှုတွေရဲ့ ကဏ္ဍတွေအကြောင်း ပြောပြသွားမှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။

ရုပ်သံအစီအစဉ်၏ အပိုင်းများတွင် အိပ်စက်ခြင်း၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိမြင်လာနိုင်စေခဲ့သည့် AIA ၏ အောင်မြင်ခဲ့ပြီးဖြစ်သော #OneMoreHour အစီအစဉ်ပေါ် အခြေခံထားသည့် လုံလောက်စွာ အိပ်စက်ခြင်း၏ အရေးပါသည့် အခန်းကဏ္ဍများအကြောင်း ပါဝင်သည်။ အပိုင်းတစ်ပိုင်းတွင် David Beckham နှင့် ပုံမှန် အိပ်စက်ခြင်း စနစ်သည် ၎င်းတို့၏ လေ့ကျင့်ရေးနှင့် ခြေစွမ်းကို တိုးတက်စေသည့် အဓိကကျသည့် အကြောင်းရင်းဖြစ်သည်ဟုအသိအမှတ်ပြုလက်ခံထားသော တောင်ကိုရီးယား၏ Son Heung-Min နှင့် ဘရာဇီးလ် ၏ Lucas Moura တို့နှင့် တွေ့ဆုံခဲ့သည်။

Spurs အသင်း၏ ကျွမ်းကျင်သူများမှလည်း ၎င်းတို့၏ ပုံမှန်လုပ်ရိုးလုပ်စဉ်များကို စနစ်ကျနစေရန်၊ မှန်ကန်လုံလောက်သော အိပ်စက်မှုကို ရရှိစေရန် အသင်းမှ မည်သို့ ကူညီပေးသည်ဆိုသည့်အကြောင်း နှင့် လူတိုင်း၏ နေ့စဉ်ဘဝတွင် အသုံးပြုနိုင်သော အသုံးဝင်သည့် အချက်များကို ဆွေးနွေးပေးသွားခဲ့သည်။ Spurs အသင်း မှ အဆိုပါ အချက်အလက်များ အားလုံးပေါင်းစည်းခြင်းသည် အသင်း၏ စိတ်ဓာတ်နှင့် ကိုယ်ကာယကြံ့ခိုင်မှုကို မည်သို့ အထောက်အကူဖြစ်စေနိုင်ကြောင်းကိုလည်း ပြောပြသွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ကျန်းမာရေးကို အလေးဂရုပြု သူများအတွက် ပိုမိုကြံ့ခိုင်လာစေရန်၊ ကိုယ်ခံအားတက်စေရန်အတွက် ဆောင်ရွက်လေ့ကျင့်ခြင်းများသည် အရေး အကြီးဆုံးပင် ဖြစ်သည်။

AIA ၏ Global Ambassador David Beckham မှ “Inter Miami CF ရဲ့ ကလပ်ပိုင်ရှင်အသစ်အနေနဲ့ ကျွန်တော့် အသင်းကို အကောင်းဆုံး ဆိုတာတွေကိုပဲ ဖြစ်စေချင်တာပါ။ Spurs အသင်းရဲ့ ကစားသမားတွေအတွက် ကျန်းမာရေးကောင်းမွန်မှုအပေါ် ဘယ်လိုဂရုတစိုက်ရှိတယ်ဆိုတာတွေ၊ အတွေ့အကြုံကောင်းတွေအများကြီးနဲ့ အောင်မြင်နေတဲ့ Jose လို နည်းပြတစ်ဦးရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို ကြားနာခွင့်ရတာ တကယ့် အခွင့်ထူးကြီးပါပဲ။ ဒီအခွင့်အရေးကို ပေးတဲ့ AIA ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော် ကစားသမားစဖြစ်ကတည်းက သိပ္ပံနည်းတွေ၊ တွေးခေါ်မှုအသစ်တွေ ရှိနေခဲ့တယ်ဆိုပေမဲ့ စနစ်ကျ မှန်ကန်တဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေနဲ့လုံလောက်ပြည့်ဝတဲ့ အိပ်စက်ခြင်းတို့လို ရိုးရှင်းတဲ့အရာလေးတွေကလည်း တကယ်ကို အရေးကြီးတယ်ဆိုတာက ပိုပြီး ရှင်းလင်းသွားပါပြီ။ ကျွန်တော့်အနေနဲ့ AIA ရဲ့ လူတွေကို ပိုပြီးကျန်းမာစေလိုတဲ့ ဆန္ဒနဲ့ ကတိအရ ကျန်းမာတဲ့ဘဝတွေရရှိနေထိုင်နိုင်အောင် ထောက်ပံ့ပေးမှုတွေကို မြင်တွေ့ရတဲ့အတွက် ဒီလိုကုမ္ပဏီမျိုးနဲ့ လက်တွဲခွင့်ရတာကို ဂုဏ်ယူမိပါတယ်။” ဟု ဆိုသည်။

Spurs ၏ နည်းပြချုပ် Jose Mourinho မှလည်း “David လို ဘောလုံးလောကရဲ့ ဒဏ္ဍာရီ လို့ ဆိုရမယ့် အထင်ကရကြယ်ပွင့်ကို ဒီရာသီမှာ ကလပ်ကို ဖိတ်ခေါ်ခွင့်ရတာအပြင် Tottenham Hotspur နဲ့ သူ့ရဲ့ ရင်းနှီးမှုတွေ၊ ၂၀၁၁ မှာ ကလပ်မှာ သူလေ့ကျင့်ခဲ့တဲ့အကြောင်းတွေကို ပိုသိခွင့်ရတာ ဝမ်းသာစရာပါ။ ကျွန်တော်တို့တွေက အသင်းရဲ့ အားသာချက်တွေ၊ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အမြင့်ဆုံးဖြစ်နေတာ သေချာဖို့ ပြင်ဆင်မှုတွေအကြောင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက ဒီလိုအခြေအနေမျိုးမှာ အရေးအကြီးဆုံးပဲမဟုတ်လား။ ကျွန်တော်တို့ဟာ AIA ပူးပေါင်းပြီး လူတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးချင်တဲ့ AIA ရဲ့ လုပ်ဆောင်မှုတွေမှာ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ခွင့်ရတာ ဂုဏ်ယူပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့သည်။

နောက်ထပ် အပိုင်း များတွင် Spurs အသင်းမှ ကစားသမားများ ဖြစ်ကြသော Harry Winks နှင့် Japhet Tanganga တို့ကို David Beckham နှင့် အတူတကွ တွေ့မြင်ရမည်ဖြစ်ပြီး နေ့စဉ်နေထိုင်မှုပုံစံများတွင် အိပ်ရေးဝဝ အိပ်ရုံတင်မက ကောင်းမွန်စွာ စားသောက်နေထိုင်မှုနှင့် ရွေးချယ်မှုများသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများအားမည်သို့ အထောက်အကူဖြစ်စေကြောင်း ဆွေးနွေးသွားကြမည်ဖြစ်သည်။ အဆိုပါ အချက်အလက်များ ပေါင်းစည်းမှုသည် အားလုံး၏ ကျန်းမာရေးကောင်းမွန်မှုအပေါ် ထင်ရှားသိသာသည့် မတူညီ ကွဲပြားမှုများ ဖြစ်ပေါ်လာစေခြင်းပင် ဖြစ်သည်။

David Beckham နှင့် Spurs တို့သည် ဘောလုံးအားကစား၏ လွှမ်းမိုးသက်ရောက်နိုင်စွမ်းမှတစ်ဆင့် အာရှ-ပစိဖိတ်ဒေသတလွှားသို့ AIA ၏ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်ရေး ဟူသည့် ရည်မှန်းချက်ကို ဖြန့်ဝေလှုပ်ရှားနိုင်ရန် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။

AIA သည် Spurs အသင်းနှင့် ၂၀၁၃ ခုနှစ်မှ စတင်ပူးပေါင်းခဲ့ပြီး ကလပ်၏ Global Principal Partner (ကမ္ဘာလုံး ဆိုင်ရာ အဓိက တွဲဖက်) လည်းဖြစ်သည်။ ထိုပူးပေါင်းမှုသည် အများသူငှာ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်ရန် အားကစားသည် အရေးပါသည့် ကဏ္ဍတွင် ပါဝင်နေကြောင်း အသိပေးလှုပ်ရှားမှုကို မြှင့်တင်နိုင်ရန်အတွက်လည်း ရည်ရွယ်သည်။

ကလပ် နှင့် AIA သည် ၎င်းတို့၏ တစ်မူထူးခြား ဆန်းသစ်သော ဘောလုံးအားကစား ဖွံ့ဖြိုးမှု အစီအစဉ်၊ ပြည်သူအများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အပါအဝင် အာရှပစိဖိတ်ဒေသအတွင်းရှိ AIA ၏ ဈေးကွက် ၁၈ ခုထဲမှ ၁၅ ခုရှိ လူပေါင်း ၅၅,၀၀၀ ၏ ဘောလုံးအားကစား အရည်အချင်း နှင့် ကိုယ်ကာယကြံ့ခိုင်မှု မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်အောင်မြင်ခဲ့ပြီး ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို https://www.facebook.com/AIA.Myanmar.MM/ တွင် ကြည့်ရှုနိုင်ပါသည်။

AIA ၏ Global Ambassador (ကမ္ဘာလုံးဆိုင်ရာ သံတမန်) အဖြစ် David Beckham ကို ၂၀၁၇ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သည်။ နိုင်ငံတကာ အားကစားလောက၏ ငွေကြယ်ပွင့်ဖြစ်ပြီး မိသားစုကို ချစ်မြတ်နိုးတတ်သော ယောက်ျားတစ်ယောက်အဖြစ် ကျော်ကြားသည့် David သည် ကျန်းမာရေးကောင်းမွန်မှုအတွက် လူအများ ဆောင်ရွက်နိုင်သော အဆင့်များကို ပိုမိုသိရှိအောင် AIA မှ ဆောင်ရွက်ရာတွင်လည်း တက်ကြွစွာ ဦးဆောင်ဦးရွက် ပြုလုပ်လျက်ရှိသည်။ AIA မှ David နှင့် တွဲဖက်၍ ပြည်သူအများကို ၎င်းတို့ ပိုမိုကျန်းမာသော ဘဝများတွင် နေထိုင်နိုင်ရန် မည်သို့သော စိတ်ဓာတ်ခွန်အားကို ရယူခဲ့သည်ဆိုသည့်အကြောင်း မေးမြန်းမျှဝေသည့် #WhatsYourWhy ကမ်ပိန်းလှုပ်ရှားမှုကိုလည်း စတင်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုတွင် အာရှဒေသမှ လူသန်းပေါင်းများစွာ ပါဝင်ခဲ့ကြသည်။ David သည် AIA ၏ ဈေးကွက်များသို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိပြီး ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်ရန် လှုပ်ရှားမှုများတွင် ကူညီလျက်ရှိကာ AIA ၏ မြောက်မြားလှစွာသော customer များ၊ ကိုယ်စားလှယ်များ၊ မိတ်ဖက်များ၊ ဝန်ထမ်းများနှင့် ရင်းနှီး တွေ့ဆုံလျက်လည်း ရှိသည်။

Source – AIA Myanmar