[Zawgyi]

ပိုမိုအသက္ရွည္က်န္းမာၿပီး ပိုမိုေကာင္းမြန္ေသာ ဘဝေတြကို ျမႇင့္တင္ရန္အတြက္ Market Capitalization အရ ကမာၻ႔နံပါတ္ ၁ အသက္အမခံကုမၸဏီ ျဖစ္သည့္ AIA မွ အသက္ ၇ ႏွစ္ မွ ၁၄ ႏွစ္ၾကားရွိေသာ ကေလးငယ္ေပါင္း အေယာက္၂၄၀ အား ေဘာလုံးအားကစားေလ့က်င့္ေရးသင္တန္းကို ထူးထူးျခားျခား အခမဲ့ စီစဥ္ေဆာင္႐ြက္ေပးခဲ့သည္။

ေဘာလုံးအားကစားကို အ႐ူးအမူးႏွစ္သက္ေသာ ကေလးငယ္အေယာက္ ၂၄၀ သည္ စက္တင္ဘာလ ၁ ရက္ေန႔တြင္ Yangon United Sports Complex (YUSC)၌ AIA Kick မွ အခမဲ့ပို႔ခ်ေပးသည့္ ေဘာလုံးအားကစားေလ့က်င့္ေရးသင္တန္းကို တက္ေရာက္ခဲ့ၾက သည္။ အဂၤလန္ ပရီးမီးယားလိဂ္မွ ထိပ္တန္း ကလပ္အသင္းတစ္သင္းျဖစ္ေသာ Tottenham Hotspur မွ နည္းျပႏွစ္ေယာက္၏ ေလ့က်င့္သင္ၾကားေပးသည့္ ႀကဳံေတာင္ႀကဳံခဲ အခြင့္အေရးကိုရရွိခဲ့ၿပီး အရည္အခ်င္းမ်ား ပိုမိုတိုးတက္လာကာအေတြ႕အႀကဳံေကာင္းမ်ားရရွိခဲ့သည္။ ထိုကဲ့သို႔ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းသည့္ အစီ အစဥ္ကို Market Capitalization အရ ကမာၻ႔နံပါတ္ ၁ အသက္အမခံကုမၸဏီ ျဖစ္သည့္ AIA မွ ျမန္မာ ကေလးငယ္မ်ား ပိုမိုက်န္းမာအသက္ရွည္ၿပီး ပိုမိုေကာင္းမြန္သည့္ ဘဝမ်ား ရရွိေစရန္အတြက္ စီစဥ္ေဆာင္႐ြက္ ေပးျခင္းျဖစ္သည္။

တစ္ေန႔တာၾကာျမင့္သည့္ အဆိုပါအစီအစဥ္တြင္ အသက္ ၇ ႏွစ္မွ ၁၄ ႏွစ္ အတြင္းရွိသည့္ ကေလးငယ္မ်ား သည္ ေလ့က်င့္ေရးကြင္းမ်ားထဲတြင္ Yangon United ေဘာလုံးအသင္းမွ ျပည္တြင္းနည္းျပမ်ား၏အကူအညီျဖင့္ Tottenham Hotspur မွ နည္းျပမ်ား ေလ့က်င့္သင္ၾကားေပးသည့္ အေျပးေလ့က်င့္ခန္း၊ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းမ်ားကို တက္တက္ႂကြႂကြျဖင့္ ပါဝင္လုပ္ေဆာင္ခဲ့ၾကသည္။ အဂၤလန္ႏိုင္ငံ၏ေရွ႕တန္းကစားသမား ျဖစ္ေသာ Harry Kane ႏွင့္ ေတာင္ကိုရီးယား တိုက္စစ္မႈးျဖစ္ေသာ Son Heung-Min ကဲ့သို႔ ကမာၻေက်ာ္ ေဘာလုံးအားကစားသမားမ်ားကို ေလ့က်င့္ေပးသည့္ ဂုဏ္သေရရွိ နည္းျပမ်ားျဖစ္ေသာ Mr. Anton Blackwood (International Development Manager)ႏွင့္ Mr. Aaron Tilbrook (International Development Coach) တို႔ႏွင့္ ေလ့က်င့္သင္ၾကားရမည့္ စိတ္ကူးယဥ္အိပ္မက္မ်ားမွာ ကေလးငယ္မ်ားအတြက္ အမွန္တကယ္ျပည့္ဝခဲ့ၿပီ ျဖစ္သည္။ AIA သည္ ထိုအစီအစဥ္အား စီစဥ္က်င္းပေပးျခင္းမွာ ကေလးငယ္မ်ား ေဘာလုံးအားကစားနည္းစနစ္ႏွင့္ အသင္းလိုက္ပူးေပါင္းေဆာင္႐ြက္မႈတြင္ တိုးတက္လာေအာင္ ေလ့က်င့္ျခင္း အားျဖင့္ ပိုမိုက်န္းမာသည့္ လူေနမႈပုံစံမ်ားရရွိရန္အတြက္ျဖစ္သည္။

AIA Kick သည္ သင္တန္းအစီအစဥ္မ်ားအျပင္ က်န္းမာေရး စစ္ေဆးမႈမ်ားကိုလည္း တစ္ခါတည္း ေဆာင္႐ြက္ ေပးခဲ့သည့္အတြက္ ကေလးမ်ားႏွင့္ မိဘမ်ားသည္ က်န္းမာေရးဆိုင္ရာအတိုင္ပင္ခံေဆြးေႏြးခ်က္မ်ားကို အခမဲ့ လာေရာက္ ေဆြးေႏြးခဲ့ၾကသည္။ ကေလးမ်ား၏ အာဟာရႏွင့္ ေနထိုင္မႈပုံစံႏွင့္ ပတ္သက္၍ မိဘမ်ား၏ က်န္းမာေရးအျမင္ ပိုမိုက်ယ္ျပန႔္လာေစရန္အတြက္ က်န္းမာေရးပညာရွင္မ်ားမွ ကေလးမ်ား၏ အသက္၊ အရပ္၊ ကိုယ္အေလးခ်ိန္ေပၚ မူတည္၍ က်န္းမာေရး အႀကံဉာဏ္မ်ားေပးခဲ့သည္။

“ျမန္မာႏိုင္ငံမွာတဲ့ က်န္းမာတဲ့ လူေနမႈဘဝေတြ တိုးတက္ေအာင္ေဆာင္႐ြက္ဖို႔ AIA က အရမ္းကို စိတ္အား ထက္သန္ေနပါတယ္။ ၿပီးေတာ့ ကေလးေတြအတြက္ AIA Kick ေဘာလုံးသင္တန္းကို ပထမဆုံး ေအာင္ေအာင္ ျမင္ျမင္ ေဆာင္႐ြက္ေပးခဲ့ႏိုင္လို႔ဝမ္းသာေက်နပ္မိပါတယ္။ ဒီအစီအစဥ္မွာ ေမွ်ာ္မွန္းထားတာထက္ ၅ ဆေလာက္ ရွိတဲ့ ကေလးေတြ ရာနဲ႔ခ်ီၿပီးေတာ့ စိတ္ဝင္တစားနဲ႔ လာေရာက္ စာရင္းေပးသြင္းတာကိုေတြ႕ရပါတယ္။ အခုလို စိတ္ဝင္တစားနဲ႔လာတက္ေရာက္တဲ့အတြက္ ကေလးေတြေရာ မိဘေတြကိုေရာ ေက်းဇူးတင္ပါတယ္။ Tottenham Hotspur က ထိပ္တန္းနည္းျပႏွစ္ေယာက္နဲ႔ သင္ၾကားခဲ့ရတဲ့ အေတြ႕အႀကဳံေကာင္းေတြကို အားလုံးက အားရေက်နပ္လိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ ” ဟု AIA Myanmar ၏ CEO ျဖစ္သူ Mr. Nhon Ly (Luc) က ေျပာၾကားခဲ့သည္။ “ျမန္မာ့လူ႔အဖြဲ႕အစည္းေတြနဲ႔ ပထမဆုံး ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး ေနာင္ကိုလည္း ျပည္သူေတြ ပိုမိုက်န္းမာ အသက္ရွည္ၿပီး ပိုမိုေကာင္းမြန္တဲ့ ဘဝေတြကို ရရွိခံစားႏိုင္ဖို႔ အဓိပၸါယ္ျပည့္ဝတဲ့ အစီ အစဥ္ေတြကိုလည္း ေဆာင္႐ြက္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။” ဟု ၎က ထပ္ေလာင္းေျပာၾကားခဲ့ သည္။

Tottenham Hotspur အသင္း၏ International Development Coach ျဖစ္သူ Aaron Tilbrook က “ေဘာလုံးအားကစားနည္းျပအေနနဲ႔ လူငယ္ေတြရဲ႕ တိုးတက္မႈအတြက္၊ အထူးသျဖင့္ အာရွက လူငယ္ေတြရဲ႕ တိုးတက္မႈအတြက္ ကူညီေဆာင္႐ြက္ေပးရတာ ေက်နပ္ေပ်ာ္႐ြင္စရာပါ။ ဒီလိုသင္တန္းမ်ိဳးဟာ အသင္းလိုက္ ပူးေပါင္းေဆာင္႐ြက္မႈ၊ ကာယလႈပ္ရွားမႈေၾကာင့္ျဖစ္ေပၚတဲ့ ဖ်တ္လက္တြက္ႂကြမႈ စတဲ့ အဖိုးတန္တဲ့ အျမင္ေတြကို လက္ဆင့္ကမ္းေပးရာမွာ အလြန္ထိေရာက္ပါတယ္။ AIA Myanmar ရဲ႕ ေက်းဇူးေၾကာင့္ ျမန္မာႏိုင္ငံမွာ ပထမဆုံး လာေရာက္ၿပီးေတာ့ ေတာက္ပတဲ့အနာဂတ္ေကာင္းေတြရွိတဲ့လူငယ္ပါရမီ အာကစားသမားေတြကို တိုက္႐ိုက္ ေလ့က်င့္သင္ၾကားေပးရတဲ့အတြက္ ကြၽန္ေတာ္တို႔ရဲ႕ နည္းျပအသင္းကိုယ္စား ေက်းဇူးတင္ေၾကာင္း ေျပာ ၾကားလိုပါတယ္။” ဟူ၍ ၎၏ အေတြ႕အႀကဳံကို ျပန္လည္ေျပာျပခဲ့သည္။

AIA Myanmar သည္ ညေနပိုင္းတြင္ သင္တန္းက်င္းပရာေနရာ၌ ပရိသတ္မ်ားႏွင့္ ေတြ႕ဆုံႏႈတ္ဆက္ပြဲကို က်င္းပ ခဲ့သည္။ Tottenham Hotspur ၏ ပရိသတ္ ၂၀၀ ေလာက္မွ အသင္း၏ နည္းျပႏွစ္ေယာက္ျဖင့္ ေတြ႕ဆုံခဲ့ၿပီး ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားတြင္ ပါဝင္ဆင္ႏႊဲခဲ့ၾကၿပီး ကံစမ္းမဲအစီအစဥ္မ်ားကို ပါဝင္ခဲ့ၾကသည္။ ထိုကံစမ္းမဲ အစီအစဥ္တြင္ ၎တို႔ႏွစ္သက္သည့္ Spur ေဘာလုံးအသင္း၏ အားကစားအက်ႌမ်ားကို မဲေဖာက္ေပးခဲ့သည္။

AIA Myanmar ကိုယ္စားလွယ္႐ုံးခန္းကို ၂၀၁၃ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့သည္။ လြန္ခဲ့သည့္ ၆ႏွစ္တြင္း တြင္ ျမန္မာျပည္သူတို႔၏ ေနထိုင္မႈအဆင့္အတန္းကို ျမႇင့္တင္ေပး႐ုံသာမက အာမခံလုပ္ငန္းႏွင့္ စပ္လ်ဥ္း၍ customer မ်ားကိုလည္း အသိအျမင္မ်ားျမႇင့္တင္ေပးသည့္ လုပ္ငန္းမ်ားကို တက္တက္ႂကြႂကြျဖင့္ ပါဝင္ ေဆာင္႐ြက္ခဲ့သည္။ AIA သည္ ၎၏ကုမၸဏီခြဲကို ျမန္မာႏိုင္ငံတြင္ရာႏႈန္းျပည့္ လုပ္ကိုင္ခြင့္ရေသာ ကုမၸဏီ အေနျဖင့္ လုပ္ငန္းေဆာင္႐ြက္ရန္ ေလွ်ာက္ထားရာတြင္၂၀၁၉ ခုႏွစ္ ဧၿပီလ၌ ေ႐ြ႕းခ်ယ္ျခင္းခံခဲ့ရသည္။ AIA ဟာ လိုင္စင္ရသည္နဲ႔ တၿပိဳင္နက္ ျမန္မာႏိုင္ငံတြင္အာမခံ လုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ေတာ့မည္ျဖစ္ၿပီး ျမန္မာ ျပည္သူမ်ား ပိုမိုက်န္းမာ အသက္ရွည္၍ပိုမိုေကာင္းမြန္ေသာ ဘဝမ်ားရ ရွိေစမည့္ လူမႈစီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ လုပ္ငန္းမ်ားကိုလည္း ေရရွည္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္သည္။ ယင္းမွာ AIA မွ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းတိုးခ်ဲ႕ေဆာင္႐ြက္ရာတြင္ အနာဂတ္လုပ္ငန္းမ်ားကို သိသိသာသာ ထင္ဟပ္ေစမည္ျဖစ္သည္။

AIA Kick အေၾကာင္း သို႔မဟုတ္ AIA Myanmar ၏ ေပ်ာ္႐ြင္စိတ္လႈပ္ရွားစရာေကာင္းသည့္ အျခား ေဆာင္႐ြက္မႈမ်ားအေၾကာင္းကို ပိုမိုသိရွိလိုပါက AIA Myanmar ၏ တရားဝင္ Facebook စာမ်က္ႏွာျဖစ္သည့္ https://www.facebook.com/AIA.Myanmar.MM/ တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

[Unicode]

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်း Tottenham Hotspur ၏ နည်းပြနှစ်ယောက်မှ ကလေး ၂၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးမည့် AIA KICK အစီအစဉ်အား မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပ

ပိုမိုအသက်ရှည်ကျန်းမာပြီး ပိုမိုကောင်းမွန်သော ဘဝတွေကို မြှင့်တင်ရန်အတွက် Market Capitalization အရ ကမ္ဘာ့နံပါတ် ၁ အသက်အမခံကုမ္ပဏီ ဖြစ်သည့် AIA မှ အသက် ၇ နှစ် မှ ၁၄ နှစ်ကြားရှိသော ကလေးငယ်ပေါင်း အယောက်၂၄၀ အား ဘောလုံးအားကစားလေ့ကျင့်ရေးသင်တန်းကို ထူးထူးခြားခြား အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ဘောလုံးအားကစားကို အရူးအမူးနှစ်သက်သော ကလေးငယ်အယောက် ၂၄၀ သည် စက်တင်ဘာလ ၁ ရက်နေ့တွင် Yangon United Sports Complex (YUSC)၌ AIA Kick မှ အခမဲ့ပို့ချပေးသည့် ဘောလုံးအားကစားလေ့ကျင့်ရေးသင်တန်းကို တက်ရောက်ခဲ့ကြ သည်။ အင်္ဂလန် ပရီးမီးယားလိဂ်မှ ထိပ်တန်း ကလပ်အသင်းတစ်သင်းဖြစ်သော Tottenham Hotspur မှ နည်းပြနှစ်ယောက်၏ လေ့ကျင့်သင်ကြားပေးသည့် ကြုံတောင်ကြုံခဲ အခွင့်အရေးကိုရရှိခဲ့ပြီး အရည်အချင်းများ ပိုမိုတိုးတက်လာကာအတွေ့အကြုံကောင်းများရရှိခဲ့သည်။ ထိုကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည့် အစီ အစဉ်ကို Market Capitalization အရ ကမ္ဘာ့နံပါတ် ၁ အသက်အမခံကုမ္ပဏီ ဖြစ်သည့် AIA မှ မြန်မာ ကလေးငယ်များ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သည့် ဘဝများ ရရှိစေရန်အတွက် စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်သည်။

တစ်နေ့တာကြာမြင့်သည့် အဆိုပါအစီအစဉ်တွင် အသက် ၇ နှစ်မှ ၁၄ နှစ် အတွင်းရှိသည့် ကလေးငယ်များ သည် လေ့ကျင့်ရေးကွင်းများထဲတွင် Yangon United ဘောလုံးအသင်းမှ ပြည်တွင်းနည်းပြများ၏အကူအညီဖြင့် Tottenham Hotspur မှ နည်းပြများ လေ့ကျင့်သင်ကြားပေးသည့် အပြေးလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို တက်တက်ကြွကြွဖြင့် ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံ၏ရှေ့တန်းကစားသမား ဖြစ်သော Harry Kane နှင့် တောင်ကိုရီးယား တိုက်စစ်မှုးဖြစ်သော Son Heung-Min ကဲ့သို့ ကမ္ဘာကျော် ဘောလုံးအားကစားသမားများကို လေ့ကျင့်ပေးသည့် ဂုဏ်သရေရှိ နည်းပြများဖြစ်သော Mr. Anton Blackwood (International Development Manager)နှင့် Mr. Aaron Tilbrook (International Development Coach) တို့နှင့် လေ့ကျင့်သင်ကြားရမည့် စိတ်ကူးယဉ်အိပ်မက်များမှာ ကလေးငယ်များအတွက် အမှန်တကယ်ပြည့်ဝခဲ့ပြီ ဖြစ်သည်။ AIA သည် ထိုအစီအစဉ်အား စီစဉ်ကျင်းပပေးခြင်းမှာ ကလေးငယ်များ ဘောလုံးအားကစားနည်းစနစ်နှင့် အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်လာအောင် လေ့ကျင့်ခြင်း အားဖြင့် ပိုမိုကျန်းမာသည့် လူနေမှုပုံစံများရရှိရန်အတွက်ဖြစ်သည်။

AIA Kick သည် သင်တန်းအစီအစဉ်များအပြင် ကျန်းမာရေး စစ်ဆေးမှုများကိုလည်း တစ်ခါတည်း ဆောင်ရွက် ပေးခဲ့သည့်အတွက် ကလေးများနှင့် မိဘများသည် ကျန်းမာရေးဆိုင်ရာအတိုင်ပင်ခံဆွေးနွေးချက်များကို အခမဲ့ လာရောက် ဆွေးနွေးခဲ့ကြသည်။ ကလေးများ၏ အာဟာရနှင့် နေထိုင်မှုပုံစံနှင့် ပတ်သက်၍ မိဘများ၏ ကျန်းမာရေးအမြင် ပိုမိုကျယ်ပြန့်လာစေရန်အတွက် ကျန်းမာရေးပညာရှင်များမှ ကလေးများ၏ အသက်၊ အရပ်၊ ကိုယ်အလေးချိန်ပေါ် မူတည်၍ ကျန်းမာရေး အကြံဉာဏ်များပေးခဲ့သည်။

“မြန်မာနိုင်ငံမှာတဲ့ ကျန်းမာတဲ့ လူနေမှုဘဝတွေ တိုးတက်အောင်ဆောင်ရွက်ဖို့ AIA က အရမ်းကို စိတ်အား ထက်သန်နေပါတယ်။ ပြီးတော့ ကလေးတွေအတွက် AIA Kick ဘောလုံးသင်တန်းကို ပထမဆုံး အောင်အောင် မြင်မြင် ဆောင်ရွက်ပေးခဲ့နိုင်လို့ဝမ်းသာကျေနပ်မိပါတယ်။ ဒီအစီအစဉ်မှာ မျှော်မှန်းထားတာထက် ၅ ဆလောက် ရှိတဲ့ ကလေးတွေ ရာနဲ့ချီပြီးတော့ စိတ်ဝင်တစားနဲ့ လာရောက် စာရင်းပေးသွင်းတာကိုတွေ့ရပါတယ်။ အခုလို စိတ်ဝင်တစားနဲ့လာတက်ရောက်တဲ့အတွက် ကလေးတွေရော မိဘတွေကိုရော ကျေးဇူးတင်ပါတယ်။ Tottenham Hotspur က ထိပ်တန်းနည်းပြနှစ်ယောက်နဲ့ သင်ကြားခဲ့ရတဲ့ အတွေ့အကြုံကောင်းတွေကို အားလုံးက အားရကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ” ဟု AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) က ပြောကြားခဲ့သည်။ “မြန်မာ့လူ့အဖွဲ့အစည်းတွေနဲ့ ပထမဆုံး ဆောင်ရွက်ခဲ့တာဖြစ်ပြီး နောင်ကိုလည်း ပြည်သူတွေ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိခံစားနိုင်ဖို့ အဓိပ္ပါယ်ပြည့်ဝတဲ့ အစီ အစဉ်တွေကိုလည်း ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ သည်။

Tottenham Hotspur အသင်း၏ International Development Coach ဖြစ်သူ Aaron Tilbrook က “ဘောလုံးအားကစားနည်းပြအနေနဲ့ လူငယ်တွေရဲ့ တိုးတက်မှုအတွက်၊ အထူးသဖြင့် အာရှက လူငယ်တွေရဲ့ တိုးတက်မှုအတွက် ကူညီဆောင်ရွက်ပေးရတာ ကျေနပ်ပျော်ရွင်စရာပါ။ ဒီလိုသင်တန်းမျိုးဟာ အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု၊ ကာယလှုပ်ရှားမှုကြောင့်ဖြစ်ပေါ်တဲ့ ဖျတ်လက်တွက်ကြွမှု စတဲ့ အဖိုးတန်တဲ့ အမြင်တွေကို လက်ဆင့်ကမ်းပေးရာမှာ အလွန်ထိရောက်ပါတယ်။ AIA Myanmar ရဲ့ ကျေးဇူးကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံး လာရောက်ပြီးတော့ တောက်ပတဲ့အနာဂတ်ကောင်းတွေရှိတဲ့လူငယ်ပါရမီ အာကစားသမားတွေကို တိုက်ရိုက် လေ့ကျင့်သင်ကြားပေးရတဲ့အတွက် ကျွန်တော်တို့ရဲ့ နည်းပြအသင်းကိုယ်စား ကျေးဇူးတင်ကြောင်း ပြော ကြားလိုပါတယ်။” ဟူ၍ ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။

AIA Myanmar သည် ညနေပိုင်းတွင် သင်တန်းကျင်းပရာနေရာ၌ ပရိသတ်များနှင့် တွေ့ဆုံနှုတ်ဆက်ပွဲကို ကျင်းပ ခဲ့သည်။ Tottenham Hotspur ၏ ပရိသတ် ၂၀၀ လောက်မှ အသင်း၏ နည်းပြနှစ်ယောက်ဖြင့် တွေ့ဆုံခဲ့ပြီး ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး ကံစမ်းမဲအစီအစဉ်များကို ပါဝင်ခဲ့ကြသည်။ ထိုကံစမ်းမဲ အစီအစဉ်တွင် ၎င်းတို့နှစ်သက်သည့် Spur ဘောလုံးအသင်း၏ အားကစားအင်္ကျီများကို မဲဖောက်ပေးခဲ့သည်။

AIA Myanmar ကိုယ်စားလှယ်ရုံးခန်းကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လွန်ခဲ့သည့် ၆နှစ်တွင်း တွင် မြန်မာပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးရုံသာမက အာမခံလုပ်ငန်းနှင့် စပ်လျဉ်း၍ customer များကိုလည်း အသိအမြင်များမြှင့်တင်ပေးသည့် လုပ်ငန်းများကို တက်တက်ကြွကြွဖြင့် ပါဝင် ဆောင်ရွက်ခဲ့သည်။ AIA သည် ၎င်း၏ကုမ္ပဏီခွဲကို မြန်မာနိုင်ငံတွင်ရာနှုန်းပြည့် လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီ အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားရာတွင်၂၀၁၉ ခုနှစ် ဧပြီလ၌ ရွေ့းချယ်ခြင်းခံခဲ့ရသည်။ AIA ဟာ လိုင်စင်ရသည်နဲ့ တပြိုင်နက် မြန်မာနိုင်ငံတွင်အာမခံ လုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ်ပြီး မြန်မာ ပြည်သူများ ပိုမိုကျန်းမာ အသက်ရှည်၍ပိုမိုကောင်းမွန်သော ဘဝများရ ရှိစေမည့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုလည်း ရေရှည် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းမှာ AIA မှ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရာတွင် အနာဂတ်လုပ်ငန်းများကို သိသိသာသာ ထင်ဟပ်စေမည်ဖြစ်သည်။

AIA Kick အကြောင်း သို့မဟုတ် AIA Myanmar ၏ ပျော်ရွင်စိတ်လှုပ်ရှားစရာကောင်းသည့် အခြား ဆောင်ရွက်မှုများအကြောင်းကို ပိုမိုသိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။