[Unicode]

ရာစုနှစ်ကြာ သမိုင်းကြောင်းတစ်ခုနှင့် မြန်မာနိုင်ငံတွင် မိုင်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတကာ အသက်အာမခံကုမ္ပဏီ၏ ဖွင့်ပွဲအခမ်းအနားကို အနုပညာနှင့် ယဉ်ကျေးမှုတို့ ပေါင်းစပ်ဖန်တီးပြီး ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာ့ အကြီးဆုံးအသက်အာမခံ ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော AIA သည် “UN” အမည်ရ အနုပညာနှင့်ယဉ်ကျေးမှုတို့ ရောနှောပေါင်းစပ်ထားသည့် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် Junction City ၌ ကျင်းပခဲ့သည်။ အဆိုပါ အနုပညာပြခန်းစုံ ပြပွဲအသွင်ပြုလုပ်ထားသည့် ဖွင့်ပွဲအခမ်းအနားသည် AIA ၏ အာရှပစိဖိတ်ဒေသအတွင်း နောက်ဆုံးနှင့် ၁၈ နိုင်ငံမြောက်ဖြစ်သော မြန်မာနိုင်ငံအတွင်းတွင် စိုက်ထူခဲ့သော မိုင်တိုင်များအတွက် ဂုဏ်ပြုကျင်းပခဲ့ခြင်း ဖြစ်သည့်အပြင် ၎င်း၏ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်နိုင်ရန်ဟူသည့် ကတိစကားကို တည်မြဲစေမည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ရာနှုန်းပြည့်လုပ်ပိုင်ခွင့်ရသည့် အသက်အာမခံကုမ္ပဏီခွဲတစ်ခု အဖြစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ကို လက်ခံရရှိခဲ့ပြီးနောက် လအနည်းငယ်တွင်မှာပင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားသို့ AIA Group မှ AIA Group Chief Executive and President ဖြစ်သူ Mr. Ng Keng Hooi ၊ AIA ၏ Asia-Pacific Regional CEO ဖြစ်သူ Mr. Tan Hak Leh ၊ AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) ၊ AIA ၏ မိတ်ဖက်များ၊ မီဒီယာများ နှင့် AIA Myanmar မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

UN (အောန်) သည် ပြင်သစ်ဘာသာစကားတွင် နံပါတ် (၁) ဟု အဓိပ္ပာယ်ရပြီး AIA အတွက် နက်နဲသည့် အဓိပ္ပာယ်ကို ဆောင်သည်။၎င်းသည် ကုမ္ပဏီ၏ “ပထမ” ပေါင်းများစွာကို ကိုယ်စားပြုပြီး ဒီဂျစ်တယ်မီဒီယာကို အသုံးပြု၍ ဆန်းသစ်သော အမှတ်တံဆိပ်တစ်ခု ဖြစ်လာစေရန်အတွက်လည်း ရည်ရွယ်သည်။ ‘UN’ သည် စကားလုံးများ၏ အရှေ့တွင် ရှိပါက ပြောင်းလဲပုဒ် တစ်ခု ဖြစ်သွားပြီး မူလဦးတည်ရာမှ ပြောင်းလဲကာ ‘Uncovered’, ‘Unleashed’ and ‘Undivided’ ဟူသော စွမ်းအင်ပြည့်စကားလုံးများကဲ့သို့ ပြောင်းလဲသွားသည်။ ၎င်းစွမ်းအင်သည် AIA အတွက် ယခင်က မမြင်ဖူးသေးသည့် ဦးတည်ချက်များဖြင့် မြန်မာနိုင်ငံတွင် စွမ်းဆောင် သွားမည်ဖြစ်ကြောင်း ရည်ရွယ်သည်။ ဤအယူအဆကို အသက်သွင်းပုံပေါ်လာစေရန် အနုပညာ လက်ရာမြောက် အခန်း (၅)ခန်း စီစဉ်ထားရှိမည်ဖြစ်ပြီး တစ်ခန်းချင်းစီသည် ၎င်း၏ ကွဲပြားသော အခြေခံအကျဆုံး ကိုယ်စားပြု ချက်များနှင့် အနာဂတ်အတွက် ရည်မှန်းချက်ကြီးသည့် မျှော်လင့်ချက်များနှင့် ထပ်တူကျနေမည် ဖြစ်သည်။

“AIA မှာရှိတဲ့ ကျွန်တော်တို့ အားလုံးဟာ “UN” ကနေတစ်ဆင့် မြန်မာနိုင်ငံမှာ ယခုချိန်အထိရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ထူးခြားသစ်လွင်တဲ့ ပုံစံတစ်မျိုးနဲ့ တင်ဆက်ပြသရင်း မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှု တွေကို ဂုဏ်ပြုတာဖြစ်တဲ့အတွက် တကယ်ကို ဝမ်းသာပါတယ်။ ပြည်သူတွေအားလုံးအတွက် “ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝတွေကို ရရှိပိုင်ဆိုင်နိုင်စေရန်” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိစကားအတိုင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ အသက်အာမခံလုပ်ငန်း နယ်ပယ်တစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်ပြီး တီထွင်ဆန်းသစ်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဒီအခမ်းအနားကို အကောင်ထည်ဖော်ထားတာဖြစ်ပါတယ်။ အစွမ်းကုန် တိုးတက်လာတော့မယ့် တိုင်းပြည်ရဲ့ အာမခံလုပ်ငန်းကို ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သလို ကျွန်တော်တို့ ကတိ‌အတိုင်း မြန်မာနိုင်ငံက ပြည်သူတွေကို သူတို့အတွက် အံ့သြဖွယ်ကောင်းတဲ့ အမှတ်ရစရာ ဘ၀လုံခြုံမှု‌၊ အောင်မြင်မှုတွေနဲ့အတူ ပိုမိုတောက်ပတဲ့ အနာဂတ်ကို ရရှိအောင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု AIA Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Nhon Ly (Luc) က ပြောကြားခဲ့သည်။

“အာရှ ပစိဖိတ်ဒေသအတွင်း အသက်အာမခံလုပ်ငန်း ကွန်ယက်ထဲသို့ မြန်မာနိုင်ငံ ဝင်ရောက်လာတာကို အရမ်းပဲ ဝမ်းသာကြိုဆိုပါတယ်။ အရေးပါတဲ့ အခန်းကဏ္ဍ အသစ်များစွာကိုလည်း စိုက်ထူနိုင်ခဲ့တဲ့အတွက် AIA မြန်မာ အဖွဲ့သား တွေအားလုံးကိုလည်း ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံ ၁၈ နိုင်ငံမှာရှိတဲ့ အလျောက် နှစ်ပေါင်း ၁၀၀ အတွင်းမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုများနဲ့ လူမှုအသိုင်းအဝိုင်းက လူဦးရေသန်းပေါင်းများစွာနဲ့ မိသားစုမျိုးဆက်ပေါင်းများစွာကို ဝန်ဆောင်မှုပေးနေတဲ့အပြင် ရာစုနှစ်တစ်ခုကြာ အတွေ့အကြုံရှိပြီး မြန်မာနိုင်ငံမှာရှိတဲ့ ပေါ်လစီကိုင်ဆောင် သူတွေလိုအပ်တဲ့ အရည်အသွေးမြင့် အသက်အာမခံ ကျွမ်းကျင်မှုတွေကို ပေးအပ်သွားဖို့ ကျွန်တော်တို့ ကတိပြုပါတယ်။” လို့ AIA Group ၏ Chief Executive and President Mr. Ng Keng Hoo က ပြောကြားခဲ့သည်။

AIA Myanmar ၏ ကိုယ်စားလှယ်ရုံးခွဲကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် ခြောက်နှစ် အတွင်းတွင် အာမခံလုပ်ငန်းနှင့် ပတ်သက်၍ customers များ ၏ ဗဟုသုတ တိုးပွားစေရန် အမျိုးမျိုးသော လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါ၀င်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ရာနှုန်းပြည့် လုပ်ပိုင်ခွင့်ရသည့် ကုမ္ပဏီခွဲတစ်ခုအဖြစ် လုပ်ကိုင်နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို လက်ခံရရှိခဲ့ပြီး ရက်အနည်းငယ် အတွင်း တွင်ပင် ပထမဆုံးပေါ်လစီကိုင်ဆောင်သူများနှင့် လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

ကုမ္ပဏီသည် တိုင်းပြည်၏ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုသွားရန် ရည်ရွယ်ထားပြီး အနာဂတ်တွင် ပိုမို ထူးခြားသည့် လှုပ်ရှားမှုများလည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ လွန်ခဲ့သည့် လများကလည်း ရပ်ရွာ အကျိုးပြု ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ပြီး AIA သည် English Premier League club ဖြစ်သော Tottenham Hotspur မှ နည်းပြများကို ခေါ်ယူ၍ ရန်ကုန်မြို့ရှိ ကလေးများကို ဘောလုံးအားကစားလေ့ကျင့် ပေးသည့် လှုပ်ရှားမှု ဖြစ်သည့် “AIA KICK!” ကိုလည်း စီစဉ် ဆောင်ရွက်နိုင်ခဲ့သည်။ AIA သည် နှစ်တစ်ရာ ပြည့် အထိမ်းအမှတ် ကို ကျင်းပသည့် အနေဖြင့် “AIA GO! FOR LIGHT” အမည်ရ 5K အပြေးပြိုင်ပွဲ ကို ကျင်းပခဲ့ ပြီး ပုဂံရှိ လျှပ်စစ်မီးမရရှိသေးသော အိမ်ခြေ ၁၀၀ ကို လည်း ဆိုလာပြားများလှူဒါန်းနိုင်ခဲ့သည်။

AIA Myanmar ၏ “UN” ပြခန်းကို ပြည်သူများအတွက် ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီလ (၁၉) ရက်နေ့တွင် AIA ၏ ရာဇ၀င် လက်ရှိလုပ်‌ဆောင်ချက်များနှင့် အနာဂါတ်တို့ကို စိတ်ဝင်စားဖွယ်ပြခန်းများနှင့် တင်ဆက်ထားပြီး လေ့လာကြည့်ရှု ရန်အတွက် online မှ စာရင်းပေးသွင်းသူအယောက် ၂၀၀၀ ရှိခဲ့သည်။ AIA Myanmar ၏ “UN” အခမ်းအနား နှင့် အခြား စိတ်လှုပ်ရှားဖွယ်ကောင်းသော အစီအစဉ်များ အကြောင်းပိုမို သိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။

[Zawgyi]

AIA က “UN” အမည္ရ ထူးျခားဆန္းသစ္စြာတင္ဆက္ထားသည့္ ဖြင့္ပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕၌ ျပဳလုပ္က်င္းပ

ရာစုႏွစ္ၾကာ သမိုင္းေၾကာင္းတစ္ခုႏွင့္ ျမန္မာႏိုင္ငံတြင္ မိုင္တိုင္တစ္ခု စိုက္ထူႏိုင္ခဲ့ျခင္းအထိမ္းအမွတ္အျဖစ္ ႏိုင္ငံတကာ အသက္အာမခံကုမၸဏီ၏ ဖြင့္ပြဲအခမ္းအနားကို အႏုပညာႏွင့္ ယဥ္ေက်းမႈတို႔ ေပါင္းစပ္ဖန္တီးၿပီး ရန္ကုန္တြင္ က်င္းပျပဳလုပ္ခဲ့သည္။

ကမ႓ာ့ အႀကီးဆုံးအသက္အာမခံ ကုမၸဏီမ်ားထဲမွ တစ္ခုျဖစ္ေသာ AIA သည္ “UN” အမည္ရ အႏုပညာႏွင့္ယဥ္ေက်းမႈတို႔ ေရာေႏွာေပါင္းစပ္ထားသည့္ ဖြင့္ပြဲအခမ္းအနားကို ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၈ ရက္ေန႔တြင္ Junction City ၌ က်င္းပခဲ့သည္။ အဆိုပါ အႏုပညာျပခန္းစုံ ျပပြဲအသြင္ျပဳလုပ္ထားသည့္ ဖြင့္ပြဲအခမ္းအနားသည္ AIA ၏ အာ႐ွပစိဖိတ္ေဒသအတြင္း ေနာက္ဆုံးႏွင့္ ၁၈ ႏိုင္ငံေျမာက္ျဖစ္ေသာ ျမန္မာႏိုင္ငံအတြင္းတြင္ စိုက္ထူခဲ့ေသာ မိုင္တိုင္မ်ားအတြက္ ဂုဏ္ျပဳက်င္းပခဲ့ျခင္း ျဖစ္သည့္အျပင္ ၎၏ ပိုမိုက်န္းမာအသက္႐ွည္ၿပီး ပိုမိုေကာင္းမြန္ေသာ ဘဝမ်ားကို ပိုင္ဆိုင္ႏိုင္ရန္ဟူသည့္ ကတိစကားကို တည္ၿမဲေစမည့္ ေျခလွမ္းတစ္ခုလည္း ျဖစ္သည္။

၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ျမန္မာႏိုင္ငံ၌ ရာႏႈန္းျပည့္လုပ္ပိုင္ခြင့္ရသည့္ အသက္အာမခံကုမၸဏီခြဲတစ္ခု အျဖစ္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန မွ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ ကို လက္ခံရ႐ွိခဲ့ၿပီးေနာက္ လအနည္းငယ္တြင္မွာပင္ ဖြင့္ပြဲအခမ္းအနားကို က်င္းပခဲ့ျခင္းျဖစ္သည္။ ဖြင့္ပြဲ အခမ္းအနားသို႔ AIA Group မွ AIA Group Chief Executive and President ျဖစ္သူ Mr. Ng Keng Hooi ၊ AIA ၏ Asia-Pacific Regional CEO ျဖစ္သူ Mr. Tan Hak Leh ၊ AIA Myanmar ၏ CEO ျဖစ္သူ Mr. Nhon Ly (Luc) ၊ AIA ၏ မိတ္ဖက္မ်ား၊ မီဒီယာမ်ား ႏွင့္ AIA Myanmar မွ ဝန္ထမ္းမ်ား တက္ေရာက္ခဲ့ၾကသည္။

UN (ေအာန္) သည္ ျပင္သစ္ဘာသာစကားတြင္ နံပါတ္ (၁) ဟု အဓိပၸာယ္ရၿပီး AIA အတြက္ နက္နဲသည့္ အဓိပၸာယ္ကို ေဆာင္သည္။၎သည္ ကုမၸဏီ၏ “ပထမ” ေပါင္းမ်ားစြာကို ကိုယ္စားျပဳၿပီး ဒီဂ်စ္တယ္မီဒီယာကို အသုံးျပဳ၍ ဆန္းသစ္ေသာ အမွတ္တံဆိပ္တစ္ခု ျဖစ္လာေစရန္အတြက္လည္း ရည္႐ြယ္သည္။ ‘UN’ သည္ စကားလုံးမ်ား၏ အေ႐ွ႕တြင္ ႐ွိပါက ေျပာင္းလဲပုဒ္ တစ္ခု ျဖစ္သြားၿပီး မူလဦးတည္ရာမွ ေျပာင္းလဲကာ ‘Uncovered’, ‘Unleashed’ and ‘Undivided’ ဟူေသာ စြမ္းအင္ျပည့္စကားလုံးမ်ားကဲ့သို႔ ေျပာင္းလဲသြားသည္။ ၎စြမ္းအင္သည္ AIA အတြက္ ယခင္က မျမင္ဖူးေသးသည့္ ဦးတည္ခ်က္မ်ားျဖင့္ ျမန္မာႏိုင္ငံတြင္ စြမ္းေဆာင္ သြားမည္ျဖစ္ေၾကာင္း ရည္႐ြယ္သည္။ ဤအယူအဆကို အသက္သြင္းပုံေပၚလာေစရန္ အႏုပညာ လက္ရာေျမာက္ အခန္း (၅)ခန္း စီစဥ္ထား႐ွိမည္ျဖစ္ၿပီး တစ္ခန္းခ်င္းစီသည္ ၎၏ ကြဲျပားေသာ အေျခခံအက်ဆုံး ကိုယ္စားျပဳ ခ်က္မ်ားႏွင့္ အနာဂတ္အတြက္ ရည္မွန္းခ်က္ႀကီးသည့္ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ ထပ္တူက်ေနမည္ ျဖစ္သည္။

“AIA မွာ႐ွိတဲ့ ကြၽန္ေတာ္တို႔ အားလုံးဟာ “UN” ကေနတစ္ဆင့္ ျမန္မာႏိုင္ငံမွာ ယခုခ်ိန္အထိရ႐ွိခဲ့တဲ့ ေအာင္ျမင္မႈေတြကို ထူးျခားသစ္လြင္တဲ့ ပုံစံတစ္မ်ိဳးနဲ႔ တင္ဆက္ျပသရင္း ျမန္မာႏိုင္ငံရဲ႕ ႂကြယ္ဝတဲ့ ယဥ္ေက်းမႈ ေတြကို ဂုဏ္ျပဳတာျဖစ္တဲ့အတြက္ တကယ္ကို ဝမ္းသာပါတယ္။ ျပည္သူေတြအားလုံးအတြက္ “ပိုမိုက်န္းမာ အသက္႐ွည္ၿပီး ပိုမိုေကာင္းမြန္ေသာ ဘဝေတြကို ရ႐ွိပိုင္ဆိုင္ႏိုင္ေစရန္” ဆိုတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ကတိစကားအတိုင္း စိတ္လႈပ္႐ွားစရာေကာင္းတဲ့ အသက္အာမခံလုပ္ငန္း နယ္ပယ္တစ္ခုကို တည္ေဆာက္ဖို႔ ရည္႐ြယ္ၿပီး တီထြင္ဆန္းသစ္တဲ့ ခ်ဥ္းကပ္မႈေတြနဲ႔ ဒီအခမ္းအနားကို အေကာင္ထည္ေဖာ္ထားတာျဖစ္ပါတယ္။ အစြမ္းကုန္ တိုးတက္လာေတာ့မယ့္ တိုင္းျပည္ရဲ႕ အာမခံလုပ္ငန္းကို ကြၽန္ေတာ္တို႔ရဲ႕ မိတ္ဖက္ေတြနဲ႔ ပူးေပါင္းၿပီး ဖြံ႕ၿဖိဳး တိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္မယ္လို႔ ယုံၾကည္သလို ကြၽန္ေတာ္တို႔ ကတိ‌အတိုင္း ျမန္မာႏိုင္ငံက ျပည္သူေတြကို သူတို႔အတြက္ အံ့ၾသဖြယ္ေကာင္းတဲ့ အမွတ္ရစရာ ဘ၀လုံျခဳံမႈ‌၊ ေအာင္ျမင္မႈေတြနဲ႔အတူ ပိုမိုေတာက္ပတဲ့ အနာဂတ္ကို ရ႐ွိေအာင္ေဆာင္႐ြက္သြားဖို႔ ရည္႐ြယ္ထားပါတယ္” ဟု AIA Myanmar ၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ Mr. Nhon Ly (Luc) က ေျပာၾကားခဲ့သည္။

“အာ႐ွ ပစိဖိတ္ေဒသအတြင္း အသက္အာမခံလုပ္ငန္း ကြန္ယက္ထဲသို႔ ျမန္မာႏိုင္ငံ ဝင္ေရာက္လာတာကို အရမ္းပဲ ဝမ္းသာႀကိဳဆိုပါတယ္။ အေရးပါတဲ့ အခန္းက႑ အသစ္မ်ားစြာကိုလည္း စိုက္ထူႏိုင္ခဲ့တဲ့အတြက္ AIA ျမန္မာ အဖြဲ႕သား ေတြအားလုံးကိုလည္း ဂုဏ္ျပဳပါတယ္။ ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံ ၁၈ ႏိုင္ငံမွာ႐ွိတဲ့ အေလ်ာက္ ႏွစ္ေပါင္း ၁၀၀ အတြင္းမွာ မတူကြဲျပားတဲ့ ယဥ္ေက်းမႈမ်ားနဲ႔ လူမႈအသိုင္းအဝိုင္းက လူဦးေရသန္းေပါင္းမ်ားစြာနဲ႔ မိသားစုမ်ိဳးဆက္ေပါင္းမ်ားစြာကို ဝန္ေဆာင္မႈေပးေနတဲ့အျပင္ ရာစုႏွစ္တစ္ခုၾကာ အေတြ႕အၾကဳံ႐ွိၿပီး ျမန္မာႏိုင္ငံမွာ႐ွိတဲ့ ေပၚလစီကိုင္ေဆာင္ သူေတြလိုအပ္တဲ့ အရည္အေသြးျမင့္ အသက္အာမခံ ကြၽမ္းက်င္မႈေတြကို ေပးအပ္သြားဖို႔ ကြၽန္ေတာ္တို႔ ကတိျပဳပါတယ္။” လို႔ AIA Group ၏ Chief Executive and President Mr. Ng Keng Hoo က ေျပာၾကားခဲ့သည္။

AIA Myanmar ၏ ကိုယ္စားလွယ္႐ုံးခြဲကို ၂၀၁၃ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ၿပီးခဲ့သည့္ ေျခာက္ႏွစ္ အတြင္းတြင္ အာမခံလုပ္ငန္းႏွင့္ ပတ္သက္၍ customers မ်ား ၏ ဗဟုသုတ တိုးပြားေစရန္ အမ်ိဳးမ်ိဳးေသာ လႈပ္႐ွားမႈမ်ားတြင္ တက္ႂကြစြာ ပါ၀င္ခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ျမန္မာႏိုင္ငံ၌ ရာႏႈန္းျပည့္ လုပ္ပိုင္ခြင့္ရသည့္ ကုမၸဏီခြဲတစ္ခုအျဖစ္ လုပ္ကိုင္ႏိုင္ရန္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန မွ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ကို လက္ခံရ႐ွိခဲ့ၿပီး ရက္အနည္းငယ္ အတြင္း တြင္ပင္ ပထမဆုံးေပၚလစီကိုင္ေဆာင္သူမ်ားႏွင့္ လက္မွတ္ ေရးထိုးႏိုင္ခဲ့သည္။

ကုမၸဏီသည္ တိုင္းျပည္၏ လူမႈအသိုင္းအဝိုင္းကို အက်ိဳးျပဳသြားရန္ ရည္႐ြယ္ထားၿပီး အနာဂတ္တြင္ ပိုမို ထူးျခားသည့္ လႈပ္႐ွားမႈမ်ားလည္း ပါဝင္ေဆာင္႐ြက္သြားမည္ ျဖစ္သည္။ လြန္ခဲ့သည့္ လမ်ားကလည္း ရပ္႐ြာ အက်ိဳးျပဳ ေဆာင္႐ြက္ခ်က္မ်ားကို လုပ္ေဆာင္ခဲ့ၿပီး AIA သည္ English Premier League club ျဖစ္ေသာ Tottenham Hotspur မွ နည္းျပမ်ားကို ေခၚယူ၍ ရန္ကုန္ၿမိဳ႕႐ွိ ကေလးမ်ားကို ေဘာလုံးအားကစားေလ့က်င့္ ေပးသည့္ လႈပ္႐ွားမႈ ျဖစ္သည့္ “AIA KICK!” ကိုလည္း စီစဥ္ ေဆာင္႐ြက္ႏိုင္ခဲ့သည္။ AIA သည္ ႏွစ္တစ္ရာ ျပည့္ အထိမ္းအမွတ္ ကို က်င္းပသည့္ အေနျဖင့္ “AIA GO! FOR LIGHT” အမည္ရ 5K အေျပးၿပိဳင္ပြဲ ကို က်င္းပခဲ့ ၿပီး ပုဂံ႐ွိ လွ်ပ္စစ္မီးမရ႐ွိေသးေသာ အိမ္ေျခ ၁၀၀ ကို လည္း ဆိုလာျပားမ်ားလႉဒါန္းႏိုင္ခဲ့သည္။

AIA Myanmar ၏ “UN” ျပခန္းကို ျပည္သူမ်ားအတြက္ ဖြင့္လွစ္ခဲ့ၿပီး ဇန္နဝါရီလ (၁၉) ရက္ေန႔တြင္ AIA ၏ ရာဇ၀င္ လက္႐ွိလုပ္‌ေဆာင္ခ်က္မ်ားႏွင့္ အနာဂါတ္တို႔ကို စိတ္ဝင္စားဖြယ္ျပခန္းမ်ားႏွင့္ တင္ဆက္ထားၿပီး ေလ့လာၾကည့္႐ႈ ရန္အတြက္ online မွ စာရင္းေပးသြင္းသူအေယာက္ ၂၀၀၀ ႐ွိခဲ့သည္။ AIA Myanmar ၏ “UN” အခမ္းအနား ႏွင့္ အျခား စိတ္လႈပ္႐ွားဖြယ္ေကာင္းေသာ အစီအစဥ္မ်ား အေၾကာင္းပိုမို သိ႐ွိလိုပါက AIA Myanmar ၏ တရားဝင္ Facebook စာမ်က္ႏွာ ျဖစ္ေသာ https://www.facebook.com/AIA.Myanmar.MM/ တြင္ ဝင္ေရာက္ ၾကည့္႐ႈ ေလ့လာႏိုင္ပါသည္။