Zawgyi

အေမရိကန္ေလေၾကာင္းလုိင္းတစ္ခုျဖစ္တဲ့ Southwest Airline ဟာ ဂ်ပန္ဂိမ္းကုမၸဏီ Nintendo နဲ႔ ပူးေပါင္းႏုိင္ခဲ့တဲ့ အထိမ္းအမွတ္အျဖစ္ သူတုိ႔ရဲ႕ ေလေၾကာင္းခရီးစဥ္တစ္ခုမွာ လုိက္ပါလာတဲ့ ခရီးသည္အားလုံးကို Nintendo Switch ဂိမ္းစက္ေတြနဲ႔ Mario Maker 2 ဂိမ္းတုိ႔ကို လက္ေဆာင္ေပးအပ္ခဲ့ပါတယ္။

ကံထူးတဲ့ ခရီးသည္ေတြကေတာ့ ေလယာဥ္ေပၚမွာ အခမဲ့အစားအေသာက္ေတြသာမက Nintendo ရဲ႕ ေနာက္ဆုံးမ်ဳိးဆက္ဂိမ္းစက္ကိုပါ ရရွိခဲ့တာပါ။ Southwest ကုမၸဏီဟာ သူတုိ႔ရဲ႕ ဂိမ္းကုမၸဏီနဲ႔ပူးေပါင္းမႈကို ဇူလိုင္ ၁၅ ရက္ေန႔မွာ တရားဝင္ေၾကျငာခဲ့ပါတယ္။

သူတုိ႔ဟာ ၾသဂုတ္လ ၁၃ ရက္ေန႔မတုိင္ခင္အထိ Nintendo Switch ဂိမ္းစက္နဲ႔ Mario Maker 2 ဂိမ္းတုိ႔ကို ေန႔စဥ္ Give Away ေပးသြားဦးမယ္လို႔ ဆုိပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးမွာေတာ့ ဒါးလက္စ္ကေန ဆန္တီေယဂုိသုိ႔ သြားမယ့္ ခရီးစဥ္အမွတ္ ၂၂၄၆ မွာ လုိက္ပါလာတဲ့ ခရီးသည္အားလုံးကို အခုလို အမွတ္တမဲ့လက္ေဆာင္ ေပးအပ္ခဲ့တာပါ။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ကပဲ ဂ်ပန္အေျခစိုက္ ဂိမ္းကုမၸဏီ Nintendo ဟာ လက္ရွိမ်ဳိးဆက္ Switch ဂိမ္းစက္ေတြ အတြက္ ဘကၳရီပိုႀကီးတဲ့ဗားရွင္းကို ၾသဂုတ္လထဲမွာ ထပ္ထုတ္သြားမယ္လို႔ေၾကျငာခဲ့သလုိ ဇူလိုင္လအေစာပုိင္းမွာလည္း ပိုၿပီးသယ္ေဆာင္ရလြယ္ကူကာ ေစ်းသက္သာေစမယ့္ Switch Lite ဂိမ္းစက္ကို ေၾကျငာခဲ့ပါေသးတယ္။

Ref – CNET

Unicode

အမေရိကန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Southwest Airline ဟာ ဂျပန်ဂိမ်းကုမ္ပဏီ Nintendo နဲ့ ပူးပေါင်းနိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ လေကြောင်းခရီးစဉ်တစ်ခုမှာ လိုက်ပါလာတဲ့ ခရီးသည်အားလုံးကို Nintendo Switch ဂိမ်းစက်တွေနဲ့ Mario Maker 2 ဂိမ်းတို့ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ကံထူးတဲ့ ခရီးသည်တွေကတော့ လေယာဉ်ပေါ်မှာ အခမဲ့အစားအသောက်တွေသာမက Nintendo ရဲ့ နောက်ဆုံးမျိုးဆက်ဂိမ်းစက်ကိုပါ ရရှိခဲ့တာပါ။ Southwest ကုမ္ပဏီဟာ သူတို့ရဲ့ ဂိမ်းကုမ္ပဏီနဲ့ပူးပေါင်းမှုကို ဇူလိုင် ၁၅ ရက်နေ့မှာ တရားဝင်ကြေငြာခဲ့ပါတယ်။

သူတို့ဟာ သြဂုတ်လ ၁၃ ရက်နေ့မတိုင်ခင်အထိ Nintendo Switch ဂိမ်းစက်နဲ့ Mario Maker 2 ဂိမ်းတို့ကို နေ့စဉ် Give Away ပေးသွားဦးမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးမှာတော့ ဒါးလက်စ်ကနေ ဆန်တီယေဂိုသို့ သွားမယ့် ခရီးစဉ်အမှတ် ၂၂၄၆ မှာ လိုက်ပါလာတဲ့ ခရီးသည်အားလုံးကို အခုလို အမှတ်တမဲ့လက်ဆောင် ပေးအပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကပဲ ဂျပန်အခြေစိုက် ဂိမ်းကုမ္ပဏီ Nintendo ဟာ လက်ရှိမျိုးဆက် Switch ဂိမ်းစက်တွေ အတွက် ဘက္ထရီပိုကြီးတဲ့ဗားရှင်းကို သြဂုတ်လထဲမှာ ထပ်ထုတ်သွားမယ်လို့ကြေငြာခဲ့သလို ဇူလိုင်လအစောပိုင်းမှာလည်း ပိုပြီးသယ်ဆောင်ရလွယ်ကူကာ ဈေးသက်သာစေမယ့် Switch Lite ဂိမ်းစက်ကို ကြေငြာခဲ့ပါသေးတယ်။

Ref – CNET