[Zawgyi]

Apple နဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြကို ေရးသားေဖာ္ျပေလ့ရွိတဲ့ Applesfera ကေတာ့ လာမယ့္ မတ္လ ၂၉ ရက္ေန႔မွာ AirPods 2 ကို ပြဲထုတ္လာလိမ့္မယ္လို႔ အခိုင္အမာေရးသားေဖာ္ျပလိုက္ပါတယ္။ အျခား သတင္းရင္းျမစ္ေတြမွာ ၾကည့္လိုက္ရင္လည္း Apple ဟာ AirPods ေတြေနရာမွာ အစားထိုးဖို႔ AirPods 2 ေတြကို ဒီလထဲမွာ မိတ္ဆက္လာဖြယ္ရွိတယ္လို႔ ေဖာ္ျပေနၾကတာ ေတြ႕ရမွာပါ။

Apple ရဲ႕ AirPods 2 နဲ႔ ပတ္သက္တဲ့ သတင္းေတြကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္ကတည္းက မၾကာမၾကာဆိုသလို ေပၚထြက္လာေလ့ရွိတာပါ။ AirPods 2 ေတြဟာ “Hey Siri” သုံးႏိုင္မွာ ျဖစ္သလို ႀကိဳးမဲ့အားသြင္းစနစ္လည္း ေထာက္ပံ့ေပးထားမယ္ဆိုတဲ့ သတင္းေတြကေတာ့ လူေျပာအမ်ားဆုံး ျဖစ္ခဲ့မွာပါ။

ဒါ့အျပင္ iOS 12.2 Beta ထြက္ေပၚလာခ်ိန္မွာ AirPods 2 အတြက္ “Hey Siri” ပါဝင္လာတာကို ေတြ႕ျမင္ၾကရခ်ိန္မွာေတာ့ ယခင္ကထြက္ေပၚထားတဲ့ ေကာလာဟလေတြဟာ မွန္ကန္တဲ့ သတင္းအသြင္ကို ေျပာင္းလဲသတ္မွတ္ျခင္း ခံခဲ့ရပါေတာ့တယ္။

အခုသတင္းကလည္း Apple ရဲ႕ ထုတ္ကုန္ပစၥည္းစီမံခန႔္ခြဲေရးနဲ႔ ေထာက္ပံ့ေရး ပိုင္းက အစီရင္ခံစာကို အေျခခံၿပီး ေရးသားေဖာ္ျပခဲ့တာလို႔ သိရပါတယ္။ ဒီအစီရင္ခံစာမွာ AirPods 2 ေတြရဲ႕ ထုတ္လုပ္မႈနဲ႔တင္ပို႔ေရာင္းခ်မႈအတြက္ လုပ္ငန္းစဥ္ေတြအားလုံးဟာ မတ္လ ၂၈ ရက္ေန႔မွာ အားလုံးအၿပီးသတ္ျဖစ္ရမယ္ဆိုတာကို ေဖာ္ျပထားတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ AirPods 2 ေတြကို မတ္လ ၂၉ ရက္ေန႔မွာ ပြဲထုတ္မယ္ဆိုတဲ့ ေကာလာဟလကို ၾကားခဲ့ရတာက ဒီတစ္ႀကိမ္တည္း မကေတာ့ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီတစ္ႀကိမ္ထြက္ေပၚလာတဲ့ သတင္းက အေထာက္အထားခိုင္ခိုင္လုံလုံနဲ႔ ျဖစ္တာေၾကာင့္ ပိုၿပီးျဖစ္ႏိုင္တယ္လို႔ပဲ ဆိုရေတာ့မွာပါ။

Ref: 8To5Mac

[Unicode]

မတ်လ ၂၉ ရက်နေ့မှာ AirPods 2 ထွက်ပေါ်လာဖွယ်ရှိ

Apple နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ရေးသားဖော်ပြလေ့ရှိတဲ့ Applesfera ကတော့ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ AirPods 2 ကို ပွဲထုတ်လာလိမ့်မယ်လို့ အခိုင်အမာရေးသားဖော်ပြလိုက်ပါတယ်။ အခြား သတင်းရင်းမြစ်တွေမှာ ကြည့်လိုက်ရင်လည်း Apple ဟာ AirPods တွေနေရာမှာ အစားထိုးဖို့ AirPods 2 တွေကို ဒီလထဲမှာ မိတ်ဆက်လာဖွယ်ရှိတယ်လို့ ဖော်ပြနေကြတာ တွေ့ရမှာပါ။

Apple ရဲ့ AirPods 2 နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကတည်းက မကြာမကြာဆိုသလို ပေါ်ထွက်လာလေ့ရှိတာပါ။ AirPods 2 တွေဟာ “Hey Siri” သုံးနိုင်မှာ ဖြစ်သလို ကြိုးမဲ့အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားမယ်ဆိုတဲ့ သတင်းတွေကတော့ လူပြောအများဆုံး ဖြစ်ခဲ့မှာပါ။

ဒါ့အပြင် iOS 12.2 beta ထွက်ပေါ်လာချိန်မှာ AirPods 2 အတွက် “Hey Siri” ပါဝင်လာတာကို တွေ့မြင်ကြရချိန်မှာတော့ ယခင်ကထွက်ပေါ်ထားတဲ့ ကောလာဟလတွေဟာ မှန်ကန်တဲ့ သတင်းအသွင်ကို ပြောင်းလဲသတ်မှတ်ခြင်း ခံခဲ့ရပါတော့တယ်။

အခုသတင်းကလည်း Apple ရဲ့ ထုတ်ကုန်ပစ္စည်းစီမံခန့်ခွဲရေးနဲ့ ထောက်ပံ့ရေး ပိုင်းက အစီရင်ခံစာကို အခြေခံပြီး ရေးသားဖော်ပြခဲ့တာလို့ သိရပါတယ်။ ဒီအစီရင်ခံစာမှာ AirPods 2 တွေရဲ့ ထုတ်လုပ်မှုနဲ့တင်ပို့ရောင်းချမှုအတွက် လုပ်ငန်းစဉ်တွေအားလုံးဟာ မတ်လ ၂၈ ရက်နေ့မှာ အားလုံးအပြီးသတ်ဖြစ်ရမယ်ဆိုတာကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AirPods 2 တွေကို မတ်လ ၂၉ ရက်နေ့မှာ ပွဲထုတ်မယ်ဆိုတဲ့ ကောလာဟလကို ကြားခဲ့ရတာက ဒီတစ်ကြိမ်တည်း မကတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်ထွက်ပေါ်လာတဲ့ သတင်းက အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ဖြစ်တာကြောင့် ပိုပြီးဖြစ်နိုင်တယ်လို့ပဲ ဆိုရတော့မှာပါ။

Ref: 8To5Mac