[Zawgyi]

Apple ရဲ႕ AirPods ေတြဟာ ႀကိဳးမဲ့နားၾကပ္ေတြထဲမွာေတာ့ လူသိမ်ားထင္ရွားသလို မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့တဲ့ AirPods Pro ေတြကလည္း ဝယ္လိုအားမ်ားခဲ့ပါတယ္။ ဒါေၾကာင့္ Apple ဟာ တ႐ုတ္ႏိုင္ငံတြင္းက AirPods Pro ထုတ္လုပ္တပ္ဆင္တဲ့ စက္႐ုံေတြဆီကို ထုတ္လုပ္မႈႏွစ္ဆတိုးျမႇင့္ေစခဲ့တယ္လို႔လည္း Nikkei Asian Review က ေရးသားေဖာ္ျပခဲ့ပါတယ္။

MacRumors နဲ႔ DigiTimes ေတြမွာ ေဖာ္ျပတဲ့သတင္းအရ Apple ဟာ လာမယ့္ ၂၀၂၀ iPhone ေတြအတြက္ ႀကီးမားတဲ့ေျပာင္းလဲမႈတစ္ခု ျပဳလုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဒီအေျပာင္းအလဲဟာ ေကာလာဟလထြက္ေနတဲ့ ဒီဇိုင္းသစ္အေၾကာင္းေတာ့မဟုတ္ဘဲ Apple ဟာ AirPods ေတြကို လာမယ့္ iPhone သစ္ေတြနဲ႔အတူ ဘူးထဲကို တစ္ပါတည္းထည့္ေပးလိုက္မယ္ဆိုတာပဲ ျဖစ္ပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး ရင္းျမစ္ကိုေဖာ္ျပထားျခင္းမရွိေပမယ့္ လာမယ့္ႏွစ္မွာေတာ့ Pro iPhone ေမာ္ဒယ္ေတြဟာ ဒီႀကိဳးမဲ့နားၾကပ္ေတြကို ဝယ္ကတည္းက ထည့္သြင္းေပးၿပီးသားျဖစ္မယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ Pro မဟုတ္တဲ့ အျခားေမာ္ဒယ္ေတြကေတာ့ AirPods ေတြပါဝင္ဖြယ္မရွိဘူးလို႔လည္း ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

ဒီႏွစ္ထဲမွာလည္း ေဒၚလာတစ္ေထာင္တန္ စမတ္ဖုန္းသစ္ေတြမွာ Fast charger ေတြ ေထာက္ပံ့ေပးခဲ့ၿပီး Pro မဟုတ္တဲ့ေမာ္ဒယ္အတြက္ေတာ့ ေႏွးေကြးတဲ့ သာမန္ 5W charger ေတြပဲ ေထာက္ပံ့ေပးခဲ့တာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ အခုထြက္ေပၚလာတဲ့ AirPods နဲ႔ပတ္သက္တဲ့ ေကာလာဟလကလည္း ျဖစ္ႏိုင္ေျခရွိတယ္လို႔ ဆိုရမွာပါ။

ဒီသတင္းနဲ႔ပတ္သက္ၿပီး စဥ္းစားၾကည့္ရင္ ျဖစ္လာႏိုင္စရာ အခ်က္ ၂ခ်က္ ရွိပါတယ္။ ပထမတစ္ခ်က္က Apple အေနနဲ႔ ဝယ္သူေတြေက်နပ္ေအာင္ AirPods ေတြကို တမင္ထည့္ေပးတာျဖစ္ႏိုင္ၿပီး ဒုတိယတစ္ခ်က္ကေတာ့ ဒီလိုမ်ိဳး AirPods ထည့္ေပးလိုက္တာဟာ Pro ေမာ္ဒယ္ေတြကို ပိုၿပီးေတာ့ ေဈးတင္ခ်င္လို႔ ဆိုတဲ့ ေကာက္ခ်က္ေတြပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

၂၀၂၀ထုတ် iPhone Pro မော်ဒယ်တွေမှာ AirPods တွေလည်း အတူထည့်သွင်းပေးလိုက်မယ်လို့ သတင်းထွက်ပေါ်လာ

Apple ရဲ့ AirPods တွေဟာ ကြိုးမဲ့နားကြပ်တွေထဲမှာတော့ လူသိများထင်ရှားသလို မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ AirPods Pro တွေကလည်း ဝယ်လိုအားများခဲ့ပါတယ်။ ဒါကြောင့် Apple ဟာ တရုတ်နိုင်ငံတွင်းက AirPods Pro ထုတ်လုပ်တပ်ဆင်တဲ့ စက်ရုံတွေဆီကို ထုတ်လုပ်မှုနှစ်ဆတိုးမြှင့်စေခဲ့တယ်လို့လည်း Nikkei Asian Review က ရေးသားဖော်ပြခဲ့ပါတယ်။

MacRumors နဲ့ DigiTimes တွေမှာ ဖော်ပြတဲ့သတင်းအရ Apple ဟာ လာမယ့် ၂၀၂၀ iPhone တွေအတွက် ကြီးမားတဲ့ပြောင်းလဲမှုတစ်ခု ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီအပြောင်းအလဲဟာ ကောလာဟလထွက်နေတဲ့ ဒီဇိုင်းသစ်အကြောင်းတော့မဟုတ်ဘဲ Apple ဟာ AirPods တွေကို လာမယ့် iPhone သစ်တွေနဲ့အတူ ဘူးထဲကို တစ်ပါတည်းထည့်ပေးလိုက်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရင်းမြစ်ကိုဖော်ပြထားခြင်းမရှိပေမယ့် လာမယ့်နှစ်မှာတော့ Pro iPhone မော်ဒယ်တွေဟာ ဒီကြိုးမဲ့နားကြပ်တွေကို ဝယ်ကတည်းက ထည့်သွင်းပေးပြီးသားဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Pro မဟုတ်တဲ့ အခြားမော်ဒယ်တွေကတော့ AirPods တွေပါဝင်ဖွယ်မရှိဘူးလို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီနှစ်ထဲမှာလည်း ဒေါ်လာတစ်ထောင်တန် စမတ်ဖုန်းသစ်တွေမှာ Fast charger တွေ ထောက်ပံ့ပေးခဲ့ပြီး Pro မဟုတ်တဲ့မော်ဒယ်အတွက်တော့ နှေးကွေးတဲ့ သာမန် 5W charger တွေပဲ ထောက်ပံ့ပေးခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် အခုထွက်ပေါ်လာတဲ့ AirPods နဲ့ပတ်သက်တဲ့ ကောလာဟလကလည်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရမှာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး စဉ်းစားကြည့်ရင် ဖြစ်လာနိုင်စရာ အချက် ၂ချက် ရှိပါတယ်။ ပထမတစ်ချက်က Apple အနေနဲ့ ဝယ်သူတွေကျေနပ်အောင် AirPods တွေကို တမင်ထည့်ပေးတာဖြစ်နိုင်ပြီး ဒုတိယတစ်ချက်ကတော့ ဒီလိုမျိုး AirPods ထည့်ပေးလိုက်တာဟာ Pro မော်ဒယ်တွေကို ပိုပြီးတော့ ဈေးတင်ချင်လို့ ဆိုတဲ့ ကောက်ချက်တွေပဲ ဖြစ်ပါတယ်။

Ref: Phone Arena