[Zawgyi]

Apple ရဲ႕ ထုတ္ကုန္ေတြအေတာ္မ်ားမ်ားက သုံးစြဲသူေတြရဲ႕ စိတ္ကို အျပည့္အဝ ဆြဲေဆာင္ဖမ္းစားႏိုင္ေလ့ရွိပါတယ္။ ဒီဇိုင္းပိုင္းပဲျဖစ္ျဖစ္၊ အရည္အေသြးပိုင္းပဲျဖစ္ျဖစ္ Apple Product ဆိုတာနဲ႔ ေကာင္းၿပီးသားလို႔ ဆိုရမွာပါ။ ဒီထဲမွာ AirPods ေလးေတြလည္း ပါဝင္ပါတယ္။ Airpods ေလးေတြဟာ စၿပီးမိတ္ဆက္ခဲ့တဲ့ ၂၀၁၇ ကစလို႔ အခုထိ ေရာင္းအားေကာင္းေနတယ္လို႔ ဆိုရမွာပါ။

အခုလည္း Apple အေနနဲ႔ လာမယ့္ ၂၀၁၉ ပထမသုံးလပတ္တြင္းမွာ AirPods ေတြကို ပိုၿပီးအဆင့္ျမႇင့္တင္ဖို႔ လုပ္ေဆာင္ေနၿပီး ၂၀၂၀ အေစာပိုင္းမွာေတာ့ လုံးဝကို သစ္လြင္တဲ့ Version ထြက္လာဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ထုတ္ကုန္သစ္အတြက္ အစီအစဥ္အရ ေနာက္ပိုင္းလေတြမွာေတာ့ ႀကိဳးမဲ့အားသြင္း Case ျဖစ္လာလိမ့္မယ္လို႔ သိရပါတယ္။

လက္ရွိထုတ္ထားတဲ့ AirPods ရဲ႕ Case ေတြဟာ ႀကိဳးမဲ့အားသြင္းစနစ္မဟုတ္ဘဲ Standard Lighting Cable နဲ႔သာ အားသြင္းႏိုင္တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ထုတ္ကုန္သစ္ကေတာ့ အစိတ္အပိုင္းသစ္ေတြ တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ အပူဒဏ္ကို ပိုၿပီးျမင့္မားစြာ ခံႏိုင္ရည္ရွိဖို႔ လိုအပ္ခ်က္ေတြကို ျဖည့္စြက္ၿပီး ျပဳလုပ္ထားေၾကာင္း သိရပါတယ္။ ဒီလိုလုပ္လိုက္တာေၾကာင့္ ကုန္က်စရိတ္ကေတာ့ ၆၀% ေလာက္ ပိုမိုကုန္က်သြားမယ္လို႔လည္း သိရပါတယ္။

Apple ရဲ႕ထုတ္ကုန္အသစ္ေတြကို လာမယ့္ ၂၀၂၀ မွာ ရရွိမယ္ဆိုေပမယ့္ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ထြက္ခဲ့ၿပီးသား ေကာလာဟလေတြအရဆိုရင္ေတာ့ IP Rating, Hey Siri Integration ေတြအပါအဝင္ တျခား Features အခ်ိဳ႕ကို အဆင့္ျမႇင့္တင္လိမ့္မယ္လို႔ ယူဆရပါတယ္။ AirPods ကို လက္ရွိအသုံးျပဳေနသူေတြကေတာ့ ႀကိဳးအစား၊ ႀကိဳးမဲ့အားသြင္း Case ကို ပိုၿပီးႀကိဳက္ႏွစ္သက္ၾကမွာ ေသခ်ာသေလာက္ ရွိေနပါတယ္။

 

Ref: GSMarena

 

[Unicode]

Apple ရဲ့ ထုတ်ကုန်တွေအတော်များများက သုံးစွဲသူတွေရဲ့ စိတ်ကို အပြည့်အဝ ဆွဲဆောင်ဖမ်းစားနိုင်လေ့ရှိပါတယ်။ ဒီဇိုင်းပိုင်းပဲဖြစ်ဖြစ်၊ အရည်အသွေးပိုင်းပဲဖြစ်ဖြစ် Apple product ဆိုတာနဲ့ ကောင်းပြီးသားလို့ ဆိုရမှာပါ။ ဒီထဲမှာ AirPods လေးတွေလည်း ပါဝင်ပါတယ်။ Airpods လေးတွေဟာ စပြီးမိတ်ဆက်ခဲ့တဲ့ ၂၀၁၇ ကစလို့ အခုထိ ရောင်းအားကောင်းနေတယ်လို့ ဆိုရမှာပါ။

အခုလည်း Apple အ နေနဲ့ လာမယ့် ၂၀၁၉ ပထမသုံးလပတ်တွင်းမှာ AirPods တွေကို ပိုပြီးအဆင့်မြှင့်တင်ဖို့ လုပ်ဆောင်နေပြီး ၂၀၂၀ အစောပိုင်းမှာတော့ လုံးဝကို သစ်လွင်တဲ့ Version ထွက်လာဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ထုတ်ကုန်သစ်အတွက် အစီအစဉ်အရ နောက်ပိုင်းလတွေမှာတော့ ကြိုးမဲ့အားသွင်း Case ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။

လက်ရှိထုတ်ထားတဲ့ AirPods ရဲ့ Case တွေဟာ ကြိုးမဲ့အားသွင်းစနစ်မဟုတ်ဘဲ Standard Lighting cable နဲ့သာ အားသွင်းနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်သစ်ကတော့ အစိတ်အပိုင်းသစ်တွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ အပူဒဏ်ကို ပိုပြီးမြင့်မားစွာ ခံနိုင်ရည်ရှိဖို့ လိုအပ်ချက်တွေကို ဖြည့်စွက်ပြီး ပြုလုပ်ထားကြောင်း သိရပါတယ်။ ဒီလိုလုပ်လိုက်တာကြောင့် ကုန်ကျစရိတ်ကတော့ ၆၀% လောက် ပိုမိုကုန်ကျသွားမယ်လို့လည်း သိရပါတယ်။

Apple ရဲ့ ထုတ်ကုန်အသစ်တွေကို လာမယ့် ၂၀၂၀ မှာ ရရှိမယ်ဆိုပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ထွက်ခဲ့ပြီးသား ကောလာဟလတွေအရဆိုရင်တော့ IP rating, Hey Siri integration တွေအပါအဝင် တခြား Features အချို့ကို အဆင့်မြှင့်တင်လိမ့်မယ်လို့ ယူဆရပါတယ်။ AirPods ကို လက်ရှိအသုံးပြုနေသူတွေကတော့ ကြိုးအစား၊ ကြိုးမဲ့အားသွင်း Case ကို ပိုပြီးကြိုက်နှစ်သက်ကြမှာ သေချာသလောက် ရှိနေပါတယ်။

 

Ref: GSMarena