[Zawgyi]
Samsung Galaxy S10e, S10, S10 Plus, S10 5G
Galaxy S10 ကို အရောင်တွေအနေနဲ့ Prism White, Prism Black, Prism Blue, Prism Green, Flamingo Pink ဆိုပြီး အရောင် ၅မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ရောင်းချသွားမယ့် ဈေးနှုန်းကတော့ RAM 8GB + 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၈၉၉ (မြန်မာငွေ ၁,၃၇၀,၀၀၀ ဝန်းကျင်)၊ RAM 8GB + 521GB မော်ဒယ်ကို ကန်ဒေါ်လာ ၁၁၄၉ (မြန်မာငွေ ၁,၇၅၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Galaxy S10 Plus ကို အရောင်တွေအနေနဲ့ Prism White, Prism Black, Prism Blue, Prism Green, Flamingo Pink နဲ့ Ceramic White / Ceramic Black ဆိုပြီး အရောင် ၇မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ကြွေထည်နဲ့ ပြုလုပ်ထားမယ့် မော်ဒယ်တွေ ဖြစ်တဲ့ Ceramic White နဲ့ Ceramic Black ကိုတော့ RAM 8GB + Storage 512GB နဲ့ RAM 12GB + Storage 1TB မော်ဒယ် ၂မျိုးသာ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ရောင်းချသွားမယ့် ဈေးနှုန်းကတော့ RAM 8GB + 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၉၉၉ (မြန်မာငွေ ၁,၅၂၀,၀၀၀ ဝန်းကျင်)၊ RAM 8GB + 521GB မော်ဒယ်ကို ကန်ဒေါ်လာ ၁၂၄၉ (မြန်မာငွေ ၁၉သိန်း ဝန်းကျင်) နဲ့ RAM 12GB + 1TB (1024GB) မော်ဒယ်ကို ကန်ဒေါ်လာ ၁၅၉၉ (မြန်မာငွေ ၂,၄၀၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Galaxy S10e ကို အရောင်တွေအနေနဲ့ Prism White, Prism Black, Prism Blue, Prism Green, Flamingo Pink နဲ့ Canary Yellow ဆိုပြီး အရောင် ၆မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ရောင်းချသွားမယ့် ဈေးနှုန်းကတော့ RAM 6GB + 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၇၄၉ (မြန်မာငွေ ၁,၁၄၀,၀၀၀ ဝန်းကျင်)၊ RAM 8GB + 256GB မော်ဒယ်ကို ကန်ဒေါ်လာ ၈၄၉ (မြန်မာငွေ ၁,၃၀၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
[Unicode]
Samsung Galaxy S10, S10+ နဲ့ S10e တို့ရဲ့ ကွာခြားချက်နဲ့ စျေးနှုန်းများ
Samsung ကတော့ သူတို့ရဲ့ ၁၀နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်ကြီးကို Galaxy S10 Series နဲ့အတူ Galaxy Fold, Galaxy Watch, Galaxy Fit, Galaxy Buds စတဲ့ ထုတ်ကုန်ပေါင်း မြောက်များစွာကို မိတ်ဆက်ပြီး အောင်မြင်စွာ ကျင်းပသွားပါပြီ။ Galaxy S10 Series မှာ S10, S10 Plus, S10e နဲ့ S10 5G တို့ပါဝင်ပြီး Galaxy Fold လို့ ကင်ပွန်းတပ်ထားတဲ့ Foldable စမတ်ဖုန်းကိုပါ တခါတည်း မိတ်ဆက်လိုက်ပါတယ်။ ဒါ့အပြင် Galaxy Watch Active, Galaxy Fit / Fit E နဲ့ Galaxy Buds တွေကိုလည်း မိတ်ဆက်သွားပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ Galaxy S10, S10 Plus နဲ့ S10e တို့ရဲ့ ကွာခြားချက်နဲ့ စျေးနှုန်းတွေကို အဓိကထား ရေးသားသွားမှာပါ။
Galaxy S10 Plus က S10 ထက် Display Size အနည်းငယ် ကြီးသွားပေမယ့် Resolution ကတော့ အတူတူပါပဲ။ Galaxy S10e ကတော့ S10 Series တွေထဲမှာ Display Size အသေးဆုံးနဲ့ Resolution အနည်းဆုံး ဖြစ်ပါတယ်။ Galaxy S10 နဲ့ S10 Plus တို့မှာ Curved Display ကိုအသုံးပြုထားပြီး Galaxy S10e မှာတော့ သာမန် Flat Display ကိုသာ အသုံးပြုထားပါတယ်။ အလွယ်တကူ ပွန်းရာ၊ ခြစ်ရာထင်စေခြင်းက ကင်းဝေးပြီး အကြမ်းခံနိုင်စေဖို့အတွက် Galaxy S10 နဲ့ S10 Plus တို့ရဲ့ ရှေ့ဘက်မျက်နှာပြင်မှာ Gorilla Glass 6 ကို အသုံးပြုထားပေမယ့် Galaxy S10e မှာတော့ Gorilla Glass 5 ကိုသာ အသုံးပြုထားပါတယ်။
နောက်ကျောဘက် ကင်မရာမှာဆိုရင် Galaxy S10 Plus နဲ့ S10 တို့က တူညီတဲ့ Triple Camera Setup ဒီဇိုင်း၊ တူညီတဲ့ Sensor တွေကို တပ်ဆင်ထားပါတယ်။ Galaxy S10e မှာတော့ Dual Camera Setup ကိုသာ တပ်ဆင်ထားပြီး Telephoto Lens ကို ဖြုတ်ချလိုက်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာဆိုရင် Galaxy S10 နဲ့ S10e တို့မှာ တူညီတဲ့ Front-facing Camera တွေကို တပ်ဆင်ထားပြီး Galaxy S10 Plus မှာတော့ 8MP Depth Sensor တစ်ခုကို ထပ်ပေါင်း တပ်ဆင်ပေးထားပါတယ်။ Galaxy S10 နဲ့ S10 Plus မှာ Ultrasonic In-display Fingerprint ထည့်သွင်းတပ်ဆင်ထားပေမယ့် Galaxy S10e မှာတော့ Side-mounted Fingerprint Sensor ကိုသာ တပ်ဆင်ပေးထားမှာပါ။
ဘက်ထရီ သိုလှောင်မှု ပမဏက Galaxy S10e မှာ 3100mAh, Galaxy S10 မှာ 3400mAh နဲ့ Galaxy S10 Plus မှာ 4100mAh ဆိုပြီး ထည့်သွင်းပေးထားပါတယ်။ အမြန်အားသွင်းစနစ်၊ ကြိုးမဲ့အားသွင်းစနစ်နဲ့ တန်ပြန် ကြိုးမဲ့အားသွင်းစနစ်တွေကတော့ ဗားရှင်း ၃မျိူးစလုံး ညီတူမျှတူ ရရှိကြမှာပါ။
Galaxy S10 ကို အရောင်တွေအနေနဲ့ Prism White, Prism Black, Prism Blue, Prism Green, Flamingo Pink ဆိုပြီး အရောင် ၅မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 8GB + 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၈၉၉ (မြန်မာငွေ ၁,၃၇၀,၀၀၀ ဝန်းကျင်)၊ RAM 8GB + 521GB မော်ဒယ်ကို ကန်ဒေါ်လာ ၁၁၄၉ (မြန်မာငွေ ၁,၇၅၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Galaxy S10 Plus ကို အရောင်တွေအနေနဲ့ Prism White, Prism Black, Prism Blue, Prism Green, Flamingo Pink နဲ့ Ceramic White / Ceramic Black ဆိုပြီး အရောင် ၇မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ကြွေထည်နဲ့ ပြုလုပ်ထားမယ့် မော်ဒယ်တွေ ဖြစ်တဲ့ Ceramic White နဲ့ Ceramic Black ကိုတော့ RAM 8GB + Storage 512GB နဲ့ RAM 12GB + Storage 1TB မော်ဒယ် ၂မျိူးသာ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 8GB + 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၉၉၉ (မြန်မာငွေ ၁,၅၂၀,၀၀၀ ဝန်းကျင်)၊ RAM 8GB + 521GB မော်ဒယ်ကို ကန်ဒေါ်လာ ၁၂၄၉ (မြန်မာငွေ ၁၉သိန်း ဝန်းကျင်) နဲ့ RAM 12GB + 1TB (1024GB) မော်ဒယ်ကို ကန်ဒေါ်လာ ၁၅၉၉ (မြန်မာငွေ ၂,၄၀၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Galaxy S10e ကို အရောင်တွေအနေနဲ့ Prism White, Prism Black, Prism Blue, Prism Green, Flamingo Pink နဲ့ Canary Yellow ဆိုပြီး အရောင် ၆မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 6GB + 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၇၄၉ (မြန်မာငွေ ၁,၁၄၀,၀၀၀ ဝန်းကျင်)၊ RAM 8GB + 256GB မော်ဒယ်ကို ကန်ဒေါ်လာ ၈၄၉ (မြန်မာငွေ ၁,၃၀၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Galaxy S10 အကြောင်း အသေးစိတ် ဖတ်ရှူ့ရန် >>> About Galaxy S10
Galaxy S10 Plus အကြောင်း အသေးစိတ် ဖတ်ရှူ့ရန် >>> About Galaxy S10 Plus
Galaxy S10e အကြောင်း အသေးစိတ် ဖတ်ရှူ့ရန် >>> About Galaxy S10e
Ref : GsmArena, Android Authority, Samsung