Lenovo ကနေ မကြာခင်မှာ Gaming Phone စျေးကွက်ထဲကို Lenovo Region Gaming Phone နဲ့ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ Legion Gaming Phone ဟာ Qualcomm Snapdragon 865 Processor ကို အသုံးပြုလာမယ့်အပြင် ကမ္ဘာ့အမြန်ဆုံး Fast Charging ဖြစ်လာမယ့် 90W Fast Charging ကိုပါ ထည့်သွင်းလာမယ်ဆိုပြီး အတည်ပြုခဲ့ပါတယ်။

အခုလည်း Lenovo ကနေ Weibo စာမျက်နှာကနေတစ်ဆင့်အဆိုပါ 90W Fast Charging နဲ့ပတ်သတ်ပြီး ထပ်မံရှင်းပြသွားခဲ့ပြန်ပါတယ်။

Lenovo ရဲ့ ပြောကြားချက်အရ အဆိုပါ 90W Fast Charging ဟာ တခြားသောစမတ်ဖုန်းကုမ္ပဏီတွေလိုမျိုး Wired Charging နဲ့ Wireless Charging Speed တွေကိုပေါင်းပြီး ကြေညာတာမျိုးမဟုတ်ကြောင်းနဲ့ တခြားသော Gaming Phone တွေလိုမျိုး Pro Version မှာပဲ 90W Fast Charging ပါမှာမဟုတ်ဘဲ Legion Gaming Phone တိုင်းမှာ 90W Fast Charging စနစ်ကို Standard အနေနဲ့ ထည့်သွင်းပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Lenovo ကနေ အတည်ပြုလိုက်တဲ့အတွက် Legion Gaming Phone ဟာ ပိုပြီးတောင် စိတ်ဝင်စားဖို့ကောင်းသွားပြီးတော့ ကမ္ဘ့ာအမြန်ဆုံး Fast Charging ပါဝင်တဲ့ဖုန်းဖြစ်လာဖို့က သေချာသွားပါပြီ။ ဘာပဲဖြစ်ဖြစ် ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena