Unicode

လက်ရှိဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် (၃၀) မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) မှာ ပထမဆုံးအကြိမ် Esports ကို အားကစားအဖြစ် သတ်မှတ်ကာ ရွှေတံဆိပ်ပေးလာတာကို အားလုံးအသိပါပဲ။ ဒီပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးကစားနည်းဖြစ်တဲ့ MOBA အမျိုးအစားဝင် Dota2, Mobile Legends: Bang Bang, Arena of Valor ဂိမ်းသုံးမျိုးကို သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Esports ပြိုင်ပွဲတွေကို ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဆော့ကစားမှာဖြစ်ကာ အုပ်စုပွဲစဉ်တိုင်းကို တစ်ရက်အတွင်း အပြီးဆော့ကစားစေခဲ့ပါတယ်။ Mobile Legends (MLBB) ဟာ ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ကစားခဲ့ရပြီး Dota2 နဲ့ Arena of Valor (AoV) တို့ကတော့ ဒီဇင်ဘာ ၇ ရက်မှာ ကစားခဲ့ရပါတယ်။

နိုင်ငံအဆင့်အားကစားပြိုင်ပွဲဖြစ်တာနဲ့အညီ ကစားသမားတွေဟာ သူတို့ရဲ့ မူလအသင်းနာမည်တွေ၊ In-game Alias တွေကိုအစား Team Myanmar ဆိုတဲ့အမည်အောက်မှာ အခြားအားကစားသမားတွေလိုပဲ နာမည်အတိုကောက်ရေးထိုးပြီး ယှဉ်ပြိုင်ခဲ့ကြတာက ပုံမှန် Esports အားပေးနေကြ ပရိသတ်တွေအတွက် ထူးဆန်းနေသလို ဂုဏ်ယူကြည်နူးစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

မြန်မာကိုယ်စားပြု MLBB အသင်းအဖြစ် Team Cyanide ကိုအခြေခံထားတဲ့ ကစားသမားတွေဟာ ဒီဇင်ဘာ ၅ ရက်နေ့မှာ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ကမ္ဘောဒီးယားတို့ ပါဝင်တဲ့ အုပ်စု-က မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး ကမ္ဘောဒီးယား အသင်းကို အနိုင်ရကာ ဗီယက်နမ်၊ စင်ကာပူတို့ကို သရေကျခဲ့ပေမယ့် မလေးရှားကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ Dota2 နဲ့ AoV ပွဲတွေကို ယှဉ်ပြိုင်ခဲ့ပြီး လောလောလတ်လတ် WESG တတိယဆုရှင် မြန်မာအသင်းဟာ WESG တတိယလုပွဲမှာ ဆုံတွေ့ခဲ့ပြီးသား လာအို၊ အိမ်ရှင်ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။

ပထမဆုံးပွဲမှာ အင်ဒိုနီးရှားကို တစ်ပွဲအသာနဲ့ဦးဆောင်ပြီးမှ ၁ – ၁ ရလဒ်နဲ့ သရေပြန်ခွင့်ပြုလိုက်ရပြီး ဒုတိယပွဲမှာတော့ လာအိုအသင်းကို မထင်မှတ်ထားဘဲ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုတက်ရေး မျှော်လင့်ချက် ပျောက်ပျယ်လုနီး ဖြစ်ခဲ့ရပါတယ်။ တစ်ဖက်မှာ ဖိလစ်ပိုင်အသင်းဟာ လာအို၊ အင်ဒိုတို့ကို အနိုင်ရထားပြီးဖြစ်တဲ့အပြင် လာအိုအသင်းက အင်ဒိုကိုပါ ထပ်အနိုင်ရသွားတဲ့အခါ အုပ်စုတက်ဖို့မျှော်လင့်ချက်မရှိတော့ပေမယ့် မြန်မာ Dota2 အသင်းဟာ လက်ရှိအုပ်စုထဲက နံပါတ်တစ်ဖြစ်တဲ့ ဖိလစ်ပိုင်ကိုတော့ သရေရလဒ်ရအောင် ကစားခဲ့ပါတယ်။

AoV ပြိုင်ပွဲမှာလည်း မြန်မာအသင်းဟာ ကံဆိုးစွာနဲ့ အိမ်ရှင်ဖိလစ်ပိုင်အပြင် လက်ရည်ကောင်းတဲ့ ထိုင်းနဲ့ ဗီယက်နမ် တို့နဲ့ပါ တစ်ခါထပ်ကျပြန်ပါတယ်။ ကစားနည်းသုံးမျိုးထဲမှာ မြန်မာနိုင်ငံတွင်း လူဆော့အနည်းဆုံးလို့ ဆိုလို့ရလောက်တဲ့ AoV ကတော့ နိုင်ပွဲတစ်ပွဲမှ မရရှိခဲ့ဘဲ သုံးပွဲလုံးကို ရှုံးနိမ့်ကာ ပြန်လှည့်ခဲ့ရပါတယ်။

ပုံမှန်အားဖြင့် Esports ပြိုင်ပွဲတွေဟာ စီးပွားရေးအသွင်ဆန်တဲ့ အဖွဲ့အစည်းတွေရဲ့ လက်အောက်ကနေပဲ နိုင်ငံစုံက ကစားသမားတွေပါဝင်တဲ့ အသင်းတွေအဖြစ် ပြိုင်ဆိုင်ရပါတယ်။ WESG လို နိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံတစ်ခုတည်းက ကစားသမားတွေချည်းပဲ စုပြီးပြိုင်ရတဲ့ပွဲတွေက တစ်နှစ်မှာတစ်ကြိမ်လောက်သာ ပေါ်လာတတ်တာပါ။ ပထမဆုံးအကြိမ် ဆီးဂိမ်းမှာ ပထမဆုံးအဖြစ် နိုင်ငံကိုယ်စားပြုဝင်ပြိုင်ခဲ့ရတဲ့ ကစားသမားတွေအတွက် ဒီတစ်ကြိမ်မှာတော့ နိုင်ငံတကာအဆင့် အတွေ့အကြုံတွေကို ရယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

Photo Credit – MESL Page

Zawgyi

လက္ရွိဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပေနတဲ့ အႀကိမ္ (၃၀) ေျမာက္အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ (SEA Games) မွာ ပထမဆုံးအႀကိမ္ Esports ကို အားကစားအျဖစ္ သတ္မွတ္ကာ ေ႐ႊတံဆိပ္ေပးလာတာကို အားလုံးအသိပါပဲ။ ဒီၿပိဳင္ပြဲအတြက္ ျမန္မာႏိုင္ငံမွ လူႀကိဳက္အမ်ားဆုံးကစားနည္းျဖစ္တဲ့ MOBA အမ်ိဳးအစားဝင္ Dota2, Mobile Legends: Bang Bang, Arena of Valor ဂိမ္းသုံးမ်ိဳးကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

Esports ၿပိဳင္ပြဲေတြကို ဒီဇင္ဘာ ၅ ရက္ေန႔ကေန ၁၀ ရက္ေန႔ထိ ေဆာ့ကစားမွာျဖစ္ကာ အုပ္စုပြဲစဥ္တိုင္းကို တစ္ရက္အတြင္း အၿပီးေဆာ့ကစားေစခဲ့ပါတယ္။ Mobile Legends (MLBB) ဟာ ဒီဇင္ဘာ ၅ ရက္ေန႔မွာ စတင္ကစားခဲ့ရၿပီး Dota2 နဲ႔ Arena of Valor (AoV) တို႔ကေတာ့ ဒီဇင္ဘာ ၇ ရက္မွာ ကစားခဲ့ရပါတယ္။

ႏိုင္ငံအဆင့္အားကစားၿပိဳင္ပြဲျဖစ္တာနဲ႔အညီ ကစားသမားေတြဟာ သူတို႔ရဲ႕ မူလအသင္းနာမည္ေတြ၊ In-game Alias ေတြကိုအစား Team Myanmar ဆိုတဲ့အမည္ေအာက္မွာ အျခားအားကစားသမားေတြလိုပဲ နာမည္အတိုေကာက္ေရးထိုးၿပီး ယွဥ္ၿပိဳင္ခဲ့ၾကတာက ပုံမွန္ Esports အားေပးေနၾက ပရိသတ္ေတြအတြက္ ထူးဆန္းေနသလို ဂုဏ္ယူၾကည္ႏူးစရာေကာင္းတဲ့ ျဖစ္ရပ္တစ္ခုပါပဲ။

ျမန္မာကိုယ္စားျပဳ MLBB အသင္းအျဖစ္ Team Cyanide ကိုအေျခခံထားတဲ့ ကစားသမားေတြဟာ ဒီဇင္ဘာ ၅ ရက္ေန႔မွာ မေလးရွား၊ ဗီယက္နမ္၊ စင္ကာပူနဲ႔ ကေမာၻဒီးယားတို႔ ပါဝင္တဲ့ အုပ္စု-က မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရၿပီး ကေမာၻဒီးယား အသင္းကို အႏိုင္ရကာ ဗီယက္နမ္၊ စင္ကာပူတို႔ကို သေရက်ခဲ့ေပမယ့္ မေလးရွားကို ရႈံးနိမ့္ခဲ့တာေၾကာင့္ အုပ္စုအဆင့္ကေန ထြက္ခြာခဲ့ရပါတယ္။

ဒီဇင္ဘာ ၇ ရက္ေန႔မွာေတာ့ Dota2 နဲ႔ AoV ပြဲေတြကို ယွဥ္ၿပိဳင္ခဲ့ၿပီး ေလာေလာလတ္လတ္ WESG တတိယဆုရွင္ ျမန္မာအသင္းဟာ WESG တတိယလုပြဲမွာ ဆုံေတြ႕ခဲ့ၿပီးသား လာအို၊ အိမ္ရွင္ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားတို႔ႏွင့္ တစ္အုပ္စုတည္း က်ေရာက္ခဲ့ပါတယ္။

ပထမဆုံးပြဲမွာ အင္ဒိုနီးရွားကို တစ္ပြဲအသာနဲ႔ဦးေဆာင္ၿပီးမွ ၁ – ၁ ရလဒ္နဲ႔ သေရျပန္ခြင့္ျပဳလိုက္ရၿပီး ဒုတိယပြဲမွာေတာ့ လာအိုအသင္းကို မထင္မွတ္ထားဘဲ ရႈံးနိမ့္ခဲ့တာေၾကာင့္ အုပ္စုတက္ေရး ေမွ်ာ္လင့္ခ်က္ ေပ်ာက္ပ်ယ္လုနီး ျဖစ္ခဲ့ရပါတယ္။ တစ္ဖက္မွာ ဖိလစ္ပိုင္အသင္းဟာ လာအို၊ အင္ဒိုတို႔ကို အႏိုင္ရထားၿပီးျဖစ္တဲ့အျပင္ လာအိုအသင္းက အင္ဒိုကိုပါ ထပ္အႏိုင္ရသြားတဲ့အခါ အုပ္စုတက္ဖို႔ေမွ်ာ္လင့္ခ်က္မရွိေတာ့ေပမယ့္ ျမန္မာ Dota2 အသင္းဟာ လက္ရွိအုပ္စုထဲက နံပါတ္တစ္ျဖစ္တဲ့ ဖိလစ္ပိုင္ကိုေတာ့ သေရရလဒ္ရေအာင္ ကစားခဲ့ပါတယ္။

AoV ၿပိဳင္ပြဲမွာလည္း ျမန္မာအသင္းဟာ ကံဆိုးစြာနဲ႔ အိမ္ရွင္ဖိလစ္ပိုင္အျပင္ လက္ရည္ေကာင္းတဲ့ ထိုင္းနဲ႔ ဗီယက္နမ္ တို႔နဲ႔ပါ တစ္ခါထပ္က်ျပန္ပါတယ္။ ကစားနည္းသုံးမ်ိဳးထဲမွာ ျမန္မာႏိုင္ငံတြင္း လူေဆာ့အနည္းဆုံးလို႔ ဆိုလို႔ရေလာက္တဲ့ AoV ကေတာ့ ႏိုင္ပြဲတစ္ပြဲမွ မရရွိခဲ့ဘဲ သုံးပြဲလုံးကို ရႈံးနိမ့္ကာ ျပန္လွည့္ခဲ့ရပါတယ္။

ပုံမွန္အားျဖင့္ Esports ၿပိဳင္ပြဲေတြဟာ စီးပြားေရးအသြင္ဆန္တဲ့ အဖြဲ႕အစည္းေတြရဲ႕ လက္ေအာက္ကေနပဲ ႏိုင္ငံစုံက ကစားသမားေတြပါဝင္တဲ့ အသင္းေတြအျဖစ္ ၿပိဳင္ဆိုင္ရပါတယ္။ WESG လို ႏိုင္ငံကိုယ္စားျပဳအေနနဲ႔ ႏိုင္ငံတစ္ခုတည္းက ကစားသမားေတြခ်ည္းပဲ စုၿပီးၿပိဳင္ရတဲ့ပြဲေတြက တစ္ႏွစ္မွာတစ္ႀကိမ္ေလာက္သာ ေပၚလာတတ္တာပါ။ ပထမဆုံးအႀကိမ္ ဆီးဂိမ္းမွာ ပထမဆုံးအျဖစ္ ႏိုင္ငံကိုယ္စားျပဳဝင္ၿပိဳင္ခဲ့ရတဲ့ ကစားသမားေတြအတြက္ ဒီတစ္ႀကိမ္မွာေတာ့ ႏိုင္ငံတကာအဆင့္ အေတြ႕အႀကဳံေတြကို ရယူႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။

Photo Credit – MESL Page