[Zawgyi]

Samsung Galaxy Note10 ကေတာ့ လာမယ့္လမွာ ထုတ္ေဖာ္ေၾကညာမွာ ျဖစ္ပါတယ္။ ေပါက္ၾကားသတင္းေတြ ေဖာ္ျပရာမွာ နာမည္ႀကီး @IceUniverse ကေတာ့ တ႐ုတ္ေဈးကြက္ထဲမွာေရာင္းခ်မယ့္ Galaxy Note10 ေတြရဲ႕ မန္မိုရီပမာဏကို ေဖာ္ျပသြားခဲ့ၿပီး ျဖစ္ပါတယ္။

ပရီမီယံအဆင့္ရွိတဲ့ Galaxy Note10 Plus ကေတာ့ အားလုံးေမွ်ာ္လင့္ထားတဲ့အတိုင္း စြမ္းေဆာင္ရည္ျပည့္ စမတ္ဖုန္းတစ္လုံး ျဖစ္လာမယ္လို႔ ဆိုႏိုင္ပါတယ္။ Galaxy Note10 Plus ဟာ 5G အမ်ိဳးအစား တစ္မ်ိဳးတည္း ထုတ္မွာျဖစ္ၿပီး 12GB of RAM နဲ႔ အနည္းဆုံး သိုေလွာင္မႈပမာဏ 512GB ရွိမယ္လို႔ သိရပါတယ္။ အခ်ိဳ႕မီဒီယာေတြမွာေတာ့ 1TB အမ်ိဳးအစားလည္း ရွိမယ္လို႔ ေဖာ္ျပထားၿပီး MicroSD ထပ္စိုက္ႏိုင္၊ မစိုက္ႏိုင္ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတာပဲ ျဖစ္ပါတယ္။

Vanilla Galaxy Note10 ကေတာ့ 4G အမ်ိဳးအစားပဲျဖစ္ၿပီး 8GB of RAM နဲ႔ သိုေလွာင္မႈပမာဏ 256GB ရွိမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ပိုၿပီးေ႐ြးခ်ယ္ႏိုင္မယ့္ RAM နဲ႔ Storage ပမာဏေတြလည္း ရွိလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ ၿပိဳင္ဆိုင္မႈမ်ားလြန္းတဲ့ တ႐ုတ္ေဈးကြက္မွာေတာ့ Samsung ဟာ ပိုၿပီးေ႐ြးခ်ယ္စရာ မ်ားလာဖြယ္ရွိပါတယ္။ ဥပမာအားျဖင့္ Note10 Plus မွာ 256GB နဲ႔ 8GB of RAM က စတင္လာႏိုင္သလို 4G အမ်ိဳးအစားလည္း ရလာႏိုင္ပါတယ္။

ေကာလာဟလသတင္းထြက္ေပၚေနတာေတြကေတာ့ Galaxy Note10 ဟာ 6.4-inch အျပင္ 6.7-inch အမ်ိဳးအစားလည္း ထြက္လာမယ္ဆိုတာပါပဲ။ 6.4-inch အမ်ိဳးအစားကေတာ့ ဥေရာပေဈးကြက္အတြက္ သီးသန႔္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ေကာလာဟလေတြက အကုန္အစင္မွန္ကန္ေလ့မရွိေပမယ့္ ကိုရီးယားကုမၸဏီႀကီးရဲ႕ ေဈးကြက္မဟာဗ်ဴဟာအေျပာင္းအလဲလည္း ရွိေနတာေၾကာင့္ တကယ္ပဲ ႏွစ္မ်ိဳးထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

တရုတ်ဈေးကွက်အတွင်း သီးသန့်ရွေးချယ်မှုတွေရလာနိုင်တဲ့ Galaxy Note10 နဲ့ Note10 Plus

Samsung Galaxy Note10 ကတော့ လာမယ့်လမှာ ထုတ်ဖော်ကြေညာမှာ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းတွေ ဖော်ပြရာမှာ နာမည်ကြီး @IceUniverse ကတော့ တရုတ်ဈေးကွက်ထဲမှာရောင်းချမယ့် Galaxy Note10 တွေရဲ့ မန်မိုရီပမာဏကို ဖော်ပြသွားခဲ့ပြီး ဖြစ်ပါတယ်။

ပရီမီယံအဆင့်ရှိတဲ့ Galaxy Note10 Plus ကတော့ အားလုံးမျှော်လင့်ထားတဲ့အတိုင်း စွမ်းဆောင်ရည်ပြည့် စမတ်ဖုန်းတစ်လုံး ဖြစ်လာမယ်လို့ ဆိုနိုင်ပါတယ်။ Galaxy Note10 Plus ဟာ 5G အမျိုးအစား တစ်မျိုးတည်း ထုတ်မှာဖြစ်ပြီး 12GB of RAM နဲ့ အနည်းဆုံး သိုလှောင်မှုပမာဏ 512GB ရှိမယ်လို့ သိရပါတယ်။ အချို့မီဒီယာတွေမှာတော့ 1TB အမျိုးအစားလည်း ရှိမယ်လို့ ဖော်ပြထားပြီး MicroSD ထပ်စိုက်နိုင်၊ မစိုက်နိုင်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာပဲ ဖြစ်ပါတယ်။

Vanilla Galaxy Note10 ကတော့ 4G အမျိုးအစားပဲဖြစ်ပြီး 8GB of RAM နဲ့ သိုလှောင်မှုပမာဏ 256GB ရှိမယ်လို့ သိရပါတယ်။ ဒါပေမယ့် ပိုပြီးရွေးချယ်နိုင်မယ့် RAM နဲ့ Storage ပမာဏတွေလည်း ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုများလွန်းတဲ့ တရုတ်ဈေးကွက်မှာတော့ Samsung ဟာ ပိုပြီးရွေးချယ်စရာ များလာဖွယ်ရှိပါတယ်။ ဥပမာအားဖြင့် Note10 Plus မှာ 256GB နဲ့ 8GB of RAM က စတင်လာနိုင်သလို 4G အမျိုးအစားလည်း ရလာနိုင်ပါတယ်။

ကောလာဟလသတင်းထွက်ပေါ်နေတာတွေကတော့ Galaxy Note10 ဟာ 6.4-inch အပြင် 6.7-inch အမျိုးအစားလည်း ထွက်လာမယ်ဆိုတာပါပဲ။ 6.4-inch အမျိုးအစားကတော့ ဥရောပဈေးကွက်အတွက် သီးသန့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကောလာဟလတွေက အကုန်အစင်မှန်ကန်လေ့မရှိပေမယ့် ကိုရီးယားကုမ္ပဏီကြီးရဲ့ ဈေးကွက်မဟာဗျူဟာအပြောင်းအလဲလည်း ရှိနေတာကြောင့် တကယ်ပဲ နှစ်မျိုးထွက်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena