[Zawgyi]

ၿပီးခဲ့တဲ့တစ္ပတ္ကပဲ Samsung ဟာ Galaxy A20 ကို တရားဝင္ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံမွာ မိတ္ဆက္ခဲ့တဲ့ ဒီဖုန္းဟာ တန္ဖိုးမျမင့္မားတဲ့ အမ်ိဳးအစားျဖစ္ၿပီး 6.4-inch Super AMOLED မ်က္ႏွာျပင္မွာ 720 x 1,560p Resolution ကို ရရွိမွာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားကုမၸဏီႀကီးကေတာ့ သိပ္မၾကာခင္အခ်ိန္အေတာအတြင္းမွာ Galaxy A20e ကိုလည္း ထပ္မံမိတ္ဆက္ေပးလာဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Galaxy A20e ဟာ A20 ကိုပဲ နည္းနည္းထပ္ၿပီး အဆင့္ႏွိမ့္ထားမယ့္ အမ်ိဳးအစားျဖစ္ပါတယ္။ ဒီလအေစာပိုင္းတုန္းက Samsung UK ရဲ႕ ဝက္ဘ္ဆိုက္မွာ စာရင္းသြင္းျခင္းခံခဲ့တဲ့ Galaxy A20e ဟာ အခုအခ်ိန္မွာေတာ့ Case render ေတြထြက္ေပၚလာၿပီ ျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့ Render ေတြအရ A20e ဟာ A20 နဲ႔ သိပ္ၿပီးမကြာျခားတဲ့ ပုံစံလို႔ ဆိုရမွာပါပဲ။ Case ဟာ ေက်ာဘက္က ကင္မရာႏွစ္လုံးနဲ႔ LED Flash အတြက္ ေနရာခ်န္ထားသလို Fingerprint အတြက္လည္း ေနရာခ်န္ထားတာကို ေတြ႕ျမင္ရပါတယ္။ အေရွ႕ဘက္ မ်က္ႏွာျပင္မွာ Waterdrop Notch ကို ပုံေဖာ္ထားတာေၾကာင့္ A20 နဲ႔တူတယ္လို႔ ေျပာႏိုင္ပါတယ္။

ညာဘက္ျခမ္းမွာေတာ့ အသံအတိုးအခ်ဲ႕နဲ႔ အဖြင့္အပိတ္ခလုတ္ေတြအတြက္ ေနရာလုပ္ထားၿပီး ေအာက္ေျခမွာေတာ့ MicroUSB Port နဲ႔ Headphone Jack အတြက္ ေနရာခ်န္ထားတာကို ေတြ႕ျမင္ရပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ Specs နဲ႔ အျခားအေၾကာင္းအရာေတြကို မသိရေသးပါဘူး။ ဒီ Galaxy A20e ကို လာမယ့္ ဧၿပီလ ၁၀ ရက္ေန႔မွာ တရားဝင္ ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

Galaxy A20e က A20 နဲ့ ဘာတွေကွာခြားသွားမှာလဲ

ပြီးခဲ့တဲ့တစ်ပတ်ကပဲ Samsung ဟာ Galaxy A20 ကို တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ ဒီဖုန်းဟာ တန်ဖိုးမမြင့်မားတဲ့ အမျိုးအစားဖြစ်ပြီး 6.4-inch Super AMOLED မျက်နှာပြင်မှာ 720 x 1,560p resolution ကို ရရှိမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကုမ္ပဏီကြီးကတော့ သိပ်မကြာခင်အချိန်အတောအတွင်းမှာ Galaxy A20e ကိုလည်း ထပ်မံမိတ်ဆက်ပေးလာဦးမယ်လို့ မျှော်လင့်ရပါတယ်။ Galaxy A20e ဟာ A20 ကိုပဲ နည်းနည်းထပ်ပြီး အဆင့်နှိမ့်ထားမယ့် အမျိုးအစားဖြစ်ပါတယ်။ ဒီလအစောပိုင်းတုန်းက Samsung UK ရဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းခြင်းခံခဲ့တဲ့ Galaxy A20e ဟာ အခုအချိန်မှာတော့ Case render တွေထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ Render တွေအရ A20e ဟာ A20 နဲ့ သိပ်ပြီးမကွာခြားတဲ့ ပုံစံလို့ ဆိုရမှာပါပဲ။ Case ဟာ ကျောဘက်က ကင်မရာနှစ်လုံးနဲ့ LED Flash အတွက် နေရာချန်ထားသလို Fingerprint အတွက်လည်း နေရာချန်ထားတာကို တွေ့မြင်ရပါတယ်။ အရှေ့ဘက် မျက်နှာပြင်မှာ Waterdrop Notch ကို ပုံဖော်ထားတာကြောင့် A20 နဲ့တူတယ်လို့ ပြောနိုင်ပါတယ်။

ညာဘက်ခြမ်းမှာတော့ အသံအတိုးအချဲ့နဲ့ အဖွင့်အပိတ်ခလုတ်တွေအတွက် နေရာလုပ်ထားပြီး အောက်ခြေမှာတော့ MicroUSB port နဲ့ Headphone jack အတွက် နေရာချန်ထားတာကို တွေ့မြင်ရပါတယ်။ လက်ရှိအချိန်အထိတော့ Specs နဲ့ အခြားအကြောင်းအရာတွေကို မသိရသေးပါဘူး။ ဒီ Galaxy A20e ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ တရားဝင် မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSMArena