Samsung က ဒီနှစ်ထဲမှာ ဒေါင်လိုက် Foldable ဖုန်းတွေ ဖြစ်တဲ့ Galaxy Z Flip နဲ့ Galaxy Z Flip 5G တို့ကို ကြေညာခဲ့ပါတယ်။ နောက်နှစ်မှာ Samsung က Galaxy Z Flip 3 ကို မိတ်ဆက်မယ်လို့ သတင်းထွက်လာပါတယ်။ အခု ပေါက်ကြားလာတဲ့ သတင်းအရ အဲဒီဖုန်းမှာ မျက်နှာပြင်ကို အဓိကထား ဖန်တီးထားမယ်လို့ သိရပါတယ်။

Galaxy Z Flip 3 မှာ ၆.၉ လက်မ မျက်နှာပြင် ၊ ပါးလွှာတဲ့ ဘေးဘောင်နဲ့ အရွယ်သေး Punch Hole တွေ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ပထမမျိုးဆက် Galaxy Z Flip မှာ ၆.၇ လက်မ မျက်နှာပြင်နဲ့ 60Hz Refresh Rate ထည့်သွင်းထားပါတယ်။ နောက်မျိုးဆက်မှာတော့ ပိုကြီးတဲ့ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါမယ်လို့ သိရပါတယ်။

Hands on: Samsung Galaxy Z Flip review | TechRadar

အပြင်ဘက် မျက်နှာပြင်ဟာ အရင်မျိုးဆက်ထက် ၂ ဆ ၊ ၃ ဆ လောက်ပိုကြီးမယ်လို့ သိရတဲ့အတွက် ၂.၂ လက်မ ကနေ ၃.၃ လက်မလောက်ရှိနိုင်ပါတယ်။ နောက်ထပ် ကြားသိရတာက ဘက်ထရီပမာဏ ဖြစ်ပြီး 3900mAh ဖြစ်ပါတယ်။ ပထမမျိုးဆက်ရဲ့ 3300mAh ထက်ပိုကြီးလာတာ မိုက်ပါတယ်။

Chipset ၊ ကင်မရာ Specs နဲ့ Storage အကြောင်းကို မသိရသေးပါဘူး။ Snapdragon 875 ပါမယ်လို့ ထင်ရပေမယ့် တချို့နိုင်ငံတွေမှာ Exynos Processor ကိုလည်း သုံးထားနိုင်ပါတယ်။ နောက်ထုတ်မယ့် Exynos 2100 ဟာ Snapdragon 875 ထက်တောင်ပိုကောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina