[Zawgyi]

Honor ရဲ႕ ေနာက္ထုတ္မယ့္ စြမ္းရည္ျမင့္ ဖုန္းက V30/Vera30 ျဖစ္ၿပီး Kirin 990 5G Processor အသစ္ ထည့္သြင္းထားမွာျဖစ္ပါတယ္။ Kirin 990 ပါတဲ့ 4G Model ကိုလည္း ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။ အဲဒီ ဖုန္းကို ေၾကညာမယ့္ အခ်ိန္ကို မသိရေသးပါဘူး။ အခုေတာ့ ဖုန္းရဲ႕ Display ကို ျပသထားတဲ့ ဓါတ္ပံု ၁ ပံု  ၀ီဘိုကေန ထြက္ေပၚလာပါတယ္။

Honor V30 မွာ Display ေဘးေဘာင္ေတြဟာ အရမ္းကို ပါးလႊာတဲ့ အတြက္ Full Screen Design က အလန္းစား ျဖစ္ပါတယ္။ Display မွာ အေရွ႕ ကင္မရာ တပ္ဆင္ထားမယ့္ Punch Hole ပါလာပါတယ္။ Punch Hole Design က Honor 20 Series နဲ႔ မတူဘဲ Samsung Galaxy S10+ မွာလို ေဆးလံုးပံုသ႑ာန္ ျဖစ္ပါတယ္။

Honor V20

Honor V30 ရဲ႕ Punch Hole မွာ ကင္မရာ ၂ လံုး တပ္ဆင္ထားပါတယ္။ Galaxy S10+ နဲ႔ မတူတာက Honor V30 မွာ Punch Hole ကို Display ရဲ႕ ဘယ္ဘက္ အထက္မွာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Display အမ်ိဳးအစားကို မသိရေသးေပမယ့္ Honor ဟာ စြမ္းရည္ျမင့္ V Series ေတြမွာ AMOLED ကို ေျပာင္းသံုးထားပါတယ္။ AMOLED Display သာ ပါမယ္ဆိုရင္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ပါလာႏုိင္ပါတယ္။

Honor ရဲ႕ ဥကၠဌ Zhao Ming က ေနာက္ထုတ္မယ့္ V30 မွာ 5G ဆက္သြယ္မႈ ပါမယ္္လို႔ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ အရင္က အတည္ျပဳထားပါတယ္။ Honor V20 ကုိ အရင္ႏွစ္ ဒီဇင္ဘာလမွာ ေၾကညာခဲ့ၿပီး အဲဒီ အခ်ိန္ဇယားအတိုင္းသာသြားမယ္ဆိုရင္ Honor V30 ကို ျမင္ရဖို႔ လအနည္းငယ္သာ လိုပါေတာ့တယ္။

Ref : gizmochina

[Unicode]

Punch Hole ပါတဲ့ Honor V30 Display ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Honor ရဲ့ နောက်ထုတ်မယ့် စွမ်းရည်မြင့် ဖုန်းက V30/Vera30 ဖြစ်ပြီး Kirin 990 5G Processor အသစ် ထည့်သွင်းထားမှာဖြစ်ပါတယ်။ Kirin 990 ပါတဲ့ 4G Model ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ အခုတော့ ဖုန်းရဲ့ Display ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံ ဝီဘိုကနေ ထွက်ပေါ်လာပါတယ်။

Honor V30 မှာ Display ဘေးဘောင်တွေဟာ အရမ်းကို ပါးလွှာတဲ့ အတွက် Full Screen Design က အလန်းစား ဖြစ်ပါတယ်။ Display မှာ အရှေ့ ကင်မရာ တပ်ဆင်ထားမယ့် Punch Hole ပါလာပါတယ်။ Punch Hole Design က Honor 20 Series နဲ့ မတူဘဲ Samsung Galaxy S10+ မှာလို ဆေးလုံးပုံသဏ္ဍာန် ဖြစ်ပါတယ်။

Honor V20

Honor V30 ရဲ့ Punch Hole မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ Galaxy S10+ နဲ့ မတူတာက Honor V30 မှာ Punch Hole ကို Display ရဲ့ ဘယ်ဘက် အထက်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Display အမျိုးအစားကို မသိရသေးပေမယ့် Honor ဟာ စွမ်းရည်မြင့် V Series တွေမှာ AMOLED ကို ပြောင်းသုံးထားပါတယ်။ AMOLED Display သာ ပါမယ်ဆိုရင် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာနိုင်ပါတယ်။

Honor ရဲ့ ဥက္ကဌ Zhao Ming က နောက်ထုတ်မယ့် V30 မှာ 5G ဆက်သွယ်မှု ပါမယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အရင်က အတည်ပြုထားပါတယ်။ Honor V20 ကို အရင်နှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့ပြီး အဲဒီ အချိန်ဇယားအတိုင်းသာသွားမယ်ဆိုရင် Honor V30 ကို မြင်ရဖို့ လအနည်းငယ်သာ လိုပါတော့တယ်။

Ref : gizmochina