[Zawgyi]

Apple က iPhone 11 ေတြကို ေၾကညာခဲ့ၿပီး ေနာက္ရက္မွာ iPhone 11 Pro လို႔ ယူဆရတဲ့ Device တစ္ခုကို Geekbench မွာ ေတြ႕ျမင္လိုက္ရပါတယ္။ Apple A13 Bionic hexa-core chip နဲ႔ iOS 13 တို႔ေၾကာင့္ ဒါဟာ iPhone 11 Pro ျဖစ္ႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ရတာပါ။

ပိုၿပီးစိတ္ဝင္စရာေကာင္းတာကေတာ့ Geekbench list မွာ ဒီ Device ကို 4GB of RAM နဲ႔ ေတြ႕ျမင္ရတာပဲ ျဖစ္ပါတယ္။ RAM အေၾကာင္းပဲ ေျပာမယ္ဆိုရင္ေတာ့ iPhone 11 Pro ကို iPhone XS နဲ႔ အတူတူပဲလို႔ ေျပာႏိုင္သလို လက္ရွိေဈးကြက္ထဲက အျခား Android ေတြထက္လည္း နည္းတယ္လို႔ ေျပာႏိုင္ပါတယ္။

Geekbench ရဲ႕ ရမွတ္ေတြကိုၾကည့္မယ္ဆိုရင္ေတာ့ RAM က ျပႆနာမဟုတ္ဘူးလို႔ေျပာႏိုင္ၿပီး iPhone 11 Pro ဟာ အျခား Android ေတြကို ေအးေအးေဆးေဆး ယွဥ္ၿပိဳင္ႏိုင္တယ္ဆိုတာကို ေတြ႕ျမင္ရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ Single-core ရမွတ္က 5,472 ျဖစ္ၿပီး Multi-core ရမွတ္က 13,769 ျဖစ္ေနလို႔ပါပဲ။ ဒီရမွတ္ေတြက အျခားၿပိဳင္ဘက္ေတြထက္ ႏွာတစ္ဖ်ားသာ႐ုံတင္မကဘဲ ေခါင္းတစ္လုံးပိုျမင့္ေနတယ္လို႔ပဲ ဆိုရမွာပါ။

Apple ရဲ႕ A13 Bionic Chipset ဟာ Snapdragon 855+ နဲ႔ Exynos 9825 သုံးဖုန္းေတြထက္ ပိုၿပီးေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ထုတ္ေပးႏိုင္တယ္ဆိုတာက ျငင္းလို႔မရႏိုင္ေအာင္ပါပဲ။ ဒါေပမယ့္ RAM ပိုင္းဆိုင္ရာမွာ နည္းပါးတဲ့အတြက္ App ေတြကို ၾကာရွည္ Hang လုပ္တဲ့ေနရာမွာ ျပႆနာ ရွိၿပီး Drop ျဖစ္လာႏိုင္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

iPhone 11 Pro လို့ယူဆရတဲ့ Device ကို မျက်ခုံးပင့်ချင်စရာ ရမှတ်တွေနဲ့အတူ Geekbench မှာ တွေ့မြင်ရ

Apple က iPhone 11 တွေကို ကြေညာခဲ့ပြီး နောက်ရက်မှာ iPhone 11 Pro လို့ ယူဆရတဲ့ Device တစ်ခုကို Geekbench မှာ တွေ့မြင်လိုက်ရပါတယ်။ Apple A13 Bionic hexa-core chip နဲ့ iOS 13 တို့ကြောင့် ဒါဟာ iPhone 11 Pro ဖြစ်နိုင်တယ်လို့ ကောက်ချက်ချရတာပါ။

ပိုပြီးစိတ်ဝင်စရာကောင်းတာကတော့ Geekbench list မှာ ဒီ Device ကို 4GB of RAM နဲ့ တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။ RAM အကြောင်းပဲ ပြောမယ်ဆိုရင်တော့ iPhone 11 Pro ကို iPhone XS နဲ့ အတူတူပဲလို့ ပြောနိုင်သလို လက်ရှိဈေးကွက်ထဲက အခြား Android တွေထက်လည်း နည်းတယ်လို့ ပြောနိုင်ပါတယ်။

Geekbench ရဲ့ ရမှတ်တွေကိုကြည့်မယ်ဆိုရင်တော့ RAM က ပြဿနာမဟုတ်ဘူးလို့ပြောနိုင်ပြီး iPhone 11 Pro ဟာ အခြား Android တွေကို အေးအေးဆေးဆေး ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Single-core ရမှတ်က 5,472 ဖြစ်ပြီး Multi-core ရမှတ်က 13,769 ဖြစ်နေလို့ပါပဲ။ ဒီရမှတ်တွေက အခြားပြိုင်ဘက်တွေထက် နှာတစ်ဖျားသာရုံတင်မကဘဲ ခေါင်းတစ်လုံးပိုမြင့်နေတယ်လို့ပဲ ဆိုရမှာပါ။

Apple ရဲ့ A13 Bionic Chipset ဟာ Snapdragon 855+ နဲ့ Exynos 9825 သုံးဖုန်းတွေထက် ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ပေးနိုင်တယ်ဆိုတာက ငြင်းလို့မရနိုင်အောင်ပါပဲ။ ဒါပေမယ့် RAM ပိုင်းဆိုင်ရာမှာ နည်းပါးတဲ့အတွက် App တွေကို ကြာရှည် Hang လုပ်တဲ့နေရာမှာ ပြဿနာ ရှိပြီး Drop ဖြစ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena