[Zawgyi]

လာမယ့္ မ်ိဳးဆက္သစ္ iPhone ေတြဟာ ေက်ာဘက္မွာ ကင္မရာ သုံးလုံးတပ္ဆင္ထားမယ္ဆိုတဲ့သတင္းက ႏွစ္ဦးပိုင္းေလာက္ကတည္းက ထြက္ခဲ့ၿပီးသားပါ။ ကင္မရာသုံးလုံးကို ေလးေထာင့္ေဘာင္ထဲမွာ မတူညီတဲ့ေနရာခ်ထားပုံနဲ႔ Renders ေတြလည္း ေပၚထြက္ၿပီးသားျဖစ္လို႔ အေတာ္ေလးခိုင္မာေနပါၿပီ။

ဒီတစ္ေခါက္ ေပါက္ၾကားထြက္ေပၚလာတာကေတာ့ မ်ိဳးဆက္သစ္ iPhone ရဲ႕ အလယ္ပိုင္း Frame ပါ။ ဒီ Frame ရဲ႕ ထိပ္ပိုင္းမွာ နာမည္ႀကီးေနတဲ့ ကင္မရာသုံးလုံးကိုေနရာခ်ဖို႔ ေလးေထာင့္ကြက္ေနရာကို စီမံထားတာလည္း ေတြ႕ရပါတယ္။ ဒါေၾကာင့္ ထြက္ေပၚၿပီးသား Renders ပုံရိပ္ထဲကအတိုင္း အမွန္တကယ္ ျမင္ေတြ႕ရဖို႔ နီးစပ္ေနၿပီလို႔ ဆိုမွာပါ။

အလယ္ Frame ဟာ ပုံမွန္အားျဖင့္ Motherboard၊ မ်က္ႏွာျပင္နဲ႔ ဘက္ထရီ စတဲ့အစိတ္အပိုင္းေတြအတြက္ အဓိကဆက္စပ္မႈ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ႐ုပ္ပုံမွာေတာ့ iPhone XI ရဲ႕ ေက်ာဘက္ကင္မရာသုံးလုံး တပ္ဆင္ဖို႔ေနရာကိုလည္း ျပဳလုပ္ထားတာ ထင္ထင္ရွားရွားေတြ႕ျမင္ေနရတာပါ။ အထူးသျဖင့္ အေပၚဘက္ ဘယ္ဘက္ေထာင့္ေနရာမွာ ျဖစ္ပါတယ္။

Renders ႐ုပ္ပုံမွာျမင္ေတြ႕ရသလိုပဲ ကင္မရာသုံးလုံးရွိရမယ့္ေနရာမွာ အဝိုင္းေပါက္ သုံးေပါက္ကိုေတြ႕ရၿပီး LED အတြက္ ေလးေထာင့္ေပါက္တစ္ေပါက္ရယ္၊ ေနာက္တစ္ခုကေတာ့ 3D sensor နဲ႔ ToF ကင္မရာအတြက္ လို႔ ယူဆရတဲ့ ေလးေထာင့္ေပါက္ တစ္ခုကို ျမင္ေတြ႕ရတာပါ။ ဒါ့အျပင္ Wireless Charging အတြက္လိုအပ္ေလ့ရွိတဲ့ ႀကီးမားတဲ့ အဝိုင္းေပါက္ တစ္ခုကိုလည္း ေဖာက္ထားပါေသးတယ္။

Ref: GSMArena

[Unicode]

ကျောဘက် ကင်မရာသုံးလုံးကို အတည်ပြုနိုင်မယ့် iPhone XI ရဲ့ အလယ် Frame ရုပ်ပုံပေါက်ကြားလာ

လာမယ့် မျိုးဆက်သစ် iPhone တွေဟာ ကျောဘက်မှာ ကင်မရာ သုံးလုံးတပ်ဆင်ထားမယ်ဆိုတဲ့သတင်းက နှစ်ဦးပိုင်းလောက်ကတည်းက ထွက်ခဲ့ပြီးသားပါ။ ကင်မရာသုံးလုံးကို လေးထောင့်ဘောင်ထဲမှာ မတူညီတဲ့နေရာချထားပုံနဲ့ Renders တွေလည်း ပေါ်ထွက်ပြီးသားဖြစ်လို့ အတော်လေးခိုင်မာနေပါပြီ။

ဒီတစ်ခေါက် ပေါက်ကြားထွက်ပေါ်လာတာကတော့ မျိုးဆက်သစ် iPhone ရဲ့ အလယ်ပိုင်း Frame ပါ။ ဒီ Frame ရဲ့ ထိပ်ပိုင်းမှာ နာမည်ကြီးနေတဲ့ ကင်မရာသုံးလုံးကိုနေရာချဖို့ လေးထောင့်ကွက်နေရာကို စီမံထားတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ထွက်ပေါ်ပြီးသား Renders ပုံရိပ်ထဲကအတိုင်း အမှန်တကယ် မြင်တွေ့ရဖို့ နီးစပ်နေပြီလို့ ဆိုမှာပါ။

အလယ် Frame ဟာ ပုံမှန်အားဖြင့် Motherboard၊ မျက်နှာပြင်နဲ့ ဘက်ထရီ စတဲ့အစိတ်အပိုင်းတွေအတွက် အဓိကဆက်စပ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရုပ်ပုံမှာတော့ iPhone XI ရဲ့ ကျောဘက်ကင်မရာသုံးလုံး တပ်ဆင်ဖို့နေရာကိုလည်း ပြုလုပ်ထားတာ ထင်ထင်ရှားရှားတွေ့မြင်နေရတာပါ။ အထူးသဖြင့် အပေါ်ဘက် ဘယ်ဘက်ထောင့်နေရာမှာ ဖြစ်ပါတယ်။

Renders ရုပ်ပုံမှာမြင်တွေ့ရသလိုပဲ ကင်မရာသုံးလုံးရှိရမယ့်နေရာမှာ အဝိုင်းပေါက် သုံးပေါက်ကိုတွေ့ရပြီး LED အတွက် လေးထောင့်ပေါက်တစ်ပေါက်ရယ်၊ နောက်တစ်ခုကတော့ 3D sensor နဲ့ ToF ကင်မရာအတွက် လို့ ယူဆရတဲ့ လေးထောင့်ပေါက် တစ်ခုကို မြင်တွေ့ရတာပါ။ ဒါ့အပြင် Wireless Charging အတွက်လိုအပ်လေ့ရှိတဲ့ ကြီးမားတဲ့ အဝိုင်းပေါက် တစ်ခုကိုလည်း ဖောက်ထားပါသေးတယ်။

Ref: GSMArena