Evan Blass က Motorola Edge 20 Series ရဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

Motorola Edge 20 Lite, and more codenames leaked online - Gizchina.com

Motorola Edge Berlin and Berlin NA

Motorola Edge Berlin NA မှာ ၆.၇၈ လက်မ 120Hz Refresh Rate 1080x2460p မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး အလယ်မှာ Punch Hole တပ်ဆင်ထားမှာပါ။ Berlin မှာတော့ ၆.၆၇ လက်မ 120Hz 1080×2400 မျက်နှာပြင် ထည့်သွင်းထားပြီး Snapdragon 778G Chipset မောင်းနှင်ထားပါတယ်။ အဲဒီဖုန်း ၂ လုံးစလုံးမှာ 6GB/8GB RAM နဲ့ 128GB/256GB Storage တွေ ပါလာမှာပါ။

ဖုန်း ၂ လုံးစလုံးမှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ Berlin NA ရဲ့ အနောက်ဘက်မှာ 108MP Main , 8MP Wide-angle/Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားမှာပါ။ Berlin မှာတော့ 108MP Main , 16MP Wide-angle/Macro နဲ့ 8MP Telephoto ကင်မရာတွေ ပါလာမှာပါ။ Berlin NA မှာ 5,000mAh ဘက်ထရီနဲ့ Berlin မှာ 4,000mAh ဘက်ထရီတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ဖုန်း ၂ လုံးစလုံးမှာ Android 11 OS မောင်းနှင်ထားမှာပါ။

Motorola Edge 20 Lite, the new mobile that you will want to have - Archyde

Motorola Pstar

Pstar မှာ ၆.၆၇ လက်မ 120Hz  Full HD+ မျက်နှာပြင်နဲ့ Snapdragon 870 Chipset တွေ ပါလာမှာပါ။ 6GB/8GB/12GB RAM နဲ့ 128GB/256GB Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။ တရုတ်မှာ ရောင်းမယ့် မော်ဒယ်မှာ 16MP ဆဲလ်ဖီး ကင်မရာနဲ့ တခြားမှာ ရောင်းမယ့် မော်ဒယ်မှာ 32MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။ အနောက်ဘက်မှာတော့ 108MP Main , 16MP Wide Angle/Macro နဲ့ 8MP Telephoto ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး 4,500mAh ဘက်ထရီ ၊ Android 11 OS ၊ Mono Speaker ၊ Under-display Fingerprint Scanner တွေ ပါလာမှာပါ။

Motorola Kyoto

Kyoto မှာ 90Hz 1080x2400p မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး Dimensity 720 Chipset မောင်းနှင်ထားမှာပါ။ 6GB/8GB RAM နဲ့ 128GB Storage ပါလာမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 108MP Main , 8MP Wide Angle/Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး 5,000mAh ဘက်ထရီနဲ့ Android 11 OS တွေ ပါလာမှာပါ။

အဲဒီ စမတ်ဖုန်းတွေ ကြေညာမယ့်အချိန်ကို မသိရသေးပါဘူး။

Ref : Gizmochina