ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက Xioami ကနေ Mi Band 5 ကို မိတ်ဆက်ဖို့အတွက် ဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ Mi Band 5 ဟာ Xiaomi နဲ့ Huami တို့ပူးပေါင်းပြီး ထုတ်လုပ်သွားမှာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi Mi Band 5 လို့ယူဆရတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံတွေအရ Mi Band 5 ဟာ ယခင်တုန်းက Mi Band လိုမျိုးပဲ Design ပြုလုပ်ထားပြီးတော့ လက်ပတ်ကြိုးကိုလည်း ယခင် Mi Band တွေရဲ့ လက်ပတ်ကိုပဲ ပြန်လည်အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

အဓိကပြောင်းလဲမှုအနေနဲ့ကတော့ အဆိုပါ Mi Band 5 ဟာ Display အပြည့်ပုံစံမျိုးဖြစ်လာတယ်ဆိုပေမယ့် အောက်ဖက်မှာ Punch-hole တစ်ခုကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ပုံမှန် စမတ်ဖုန်းတွေမှာတော့ Punch-hole Selfie Camera အနေနဲ့ အသုံးပြုလာကြပေမယ့် အခု Mi Band 5 မှာတော့ Touch Sensitive Button တစ်ခုဖြစ်လာနိုင်ခြေများနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုပေါက်ကြားလာတဲ့ဓါတ်ပုံတွေဟာ Xiaomi Mi Band 5 တကယ်ဟုတ်ပါ့မလားဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒီလိုမျိုး ဓါတ်ပုံတွေပါ ထွက်ရှိလာတဲ့အတွက်တကယ်လို့ Mi Band 5 သေချာတယ်ဆိုရင် မကြာခင်မှာ မိတ်ဆက်မယ့်အချိန်ကိုပါ ထုတ်ပြန်ကြေညာသွားမယ်လို့ ယူဆရပါတယ်။

Ref – Giz China