Redmi ဟာ တရုတ်မှာ Redmi Note Series အသစ်တွေကို မကြာခင် ကြေညာတော့မှာပါ။ အဲဒီဖုန်းတွေရဲ့ မော်ဒယ်နံပါတ်တွေက M2010J19SC, M2007J22C နဲ့ M2007J17C တို့ ဖြစ်ပြီး တရားဝင် နာမည်တွေကို မသိရသေးပါဘူး။ ၁ လုံးဟာ 4G ဖုန်း ဖြစ်ပြီး နောက် ၂ လုံးဟာ 5G ဖုန်းတွေ ဖြစ်ပါတယ်။ TENAA မှာ Redmi Note 10 5G နဲ့ Note 10 Pro 5G တို့ရဲ့ Specs တွေကို တွေ့လာရပြီ ဖြစ်ပြီး အခုတော့ Redmi Note 10 4G ရဲ့ Specs တွေ ထွက်လာပါတယ်။

Redmi Note 9 4G TENAA preliminary specsRedmi Note 9 4G TENAA preliminary specs

TENAA က စာရင်းအရ အဲဒီဖုန်းရဲ့ အရွယ်အစား အပြည့်အစုံဟာ 162.29 x 77.24 x 9.6mm ဖြစ်ပြီး ဓါတ်ပုံတွေကို‌တော့ မတွေ့ရသေးပါဘူး။ ၆.၅၃ လက်မ မျက်နှာပြင်နဲ့ 5,900mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Redmi Note 9 4G specs leak

တရုတ်က နာမည်ကျော် Tipster ၁ ယောက်ကလည်း အဲဒီဖုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို ပြောထားပါတယ်။ 1080x2340p LCD မျက်နှာပြင်နဲ့ 2.0GHz Octa-core Processor တွေ ပါလာမှာ ဖြစ်ပြီး သူက ဘက်ထရီကို 6,000mAh လို့ ပြောထားပါတယ်။ အားသွင်းနှုန်းက 22.5W Fast Charging ဖြစ်ပြီး 3C မှာလည်း အဲဒီ အမြန်နှုန်းကိုပဲ ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ 48MP Main အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အလေးချိန်က ၁၉၆ ဂရမ် ရှိပါတယ်။

Redmi Note 10 4G Geekbench

အဲဒီ ဖုန်းကို တချို့နိုင်ငံတွေမှာ POCO Brand အောက်ကနေ ရောင်းချနိုင်ပါတယ်။

Ref : gizmochina