Xiaomi က Redmi မော်ဒယ် အသစ် ၁ လုံးကို ဖန်တီးနေပြီး 3C မှာ M2003J15SC မော်ဒယ် နာမည်နဲ့ မှတ်ပုံတင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Redmi Note 9 ဒါမှမဟုတ် Redmi 9 ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ခဲ့ရတဲ့ M2002J9E မှာ 5G Modem ပါလာပြီး အခု စမတ်ဖုန်းမှာ 4G ဆက်သွယ်မှုပဲပါလာမှာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးစလုံးမှာ တူညီတာရှိပြီး အဲဒါကတော့ 22.5 Fast Charging Support ဖြစ်ပါတယ်။ ဒါပေမယ့် အခု စမတ်ဖုန်းအတွက် Xi’an BYD Electronics နဲ့ 5G စမတ်ဖုန်းအတွက် FIH က ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

5G စမတ်ဖုန်းဟာ K30 Device ရဲ့ မော်ဒယ် ဖြစ်နိုင်ပြီး 4G စမတ်ဖုန်းဟာ Redmi Note 9 ဖြစ်နိုင်ပါတယ်။ M2003J15SC ဟာ ဇန်နဝါရီလ အစောပိုင်းမှာ MIT အသိအမှတ်ပြုလက်မှတ်ရခဲ့ပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ အနည်းငယ်ပဲထွက်လာပါသေးတယ်။ Redmi ဟာ မကြာခင်က Note 9 Pro နဲ့ Note 9 Pro Max ကို ကြေညာခဲ့ပြီး Note 9 မပါလာခဲ့ပါဘူး။ အခုတော့ Redmi Note 9 ရဲ့ အရိပ်အယောင်တွေ မြင်လာရပါပြီ။

Ref : gsmarena