Google Pixel Series စမတ်ဖုန်းတွေဟာ မိတ်မဆက်ခင်မှာတင် Leak တွေထွက်ရှိမှုအများဆုံးဖုန်းတွေလို့တောင် ပြောနိုင်ပါတယ်။ Google ကနေ Pixel 4a ဖုန်းကို မကြာခင်မိတ်ဆက်သွားတော့မယ်ဆိုပြီး သတင်းတွေထွက်ရှိနေသလို အခုလည်း Pixel 5 လို့ယူဆရတဲ့ဖုန်းရဲ့ Design Render ပုံတွေထွက်ရှိလာပြန်ပါပြီ။

အဆိုပါ Render ဓါတ်ပုံတွေအရ Google Pixel 5 ဟာ မနှစ်တုန်းက Pixel 4 ရဲ့ Back Design နဲ့ Pixel 4a ရဲ့ အရှေ့ဘက် Design ၂ ခုကို ပေါင်းစပ်ထားတဲ့ပုံစံဖြစ်နေပါတယ်။ အနောက်ဖက်မှာ Pixel 4 ရဲ့ Dual Camera Setup Design ကို အသုံးပြုထားပြီး Fingerprint Sensor လည်း ထည့်သွင်းထားပါသေးတယ်။ အရှေ့ဘက် Display ကတော့ ဘေးဘောင်တွေပိုသေးငယ်သွားပြီး Selfie Camera ကို Punch-hole Design နဲ့ပဲ ပြုလုပ်ထားတာဖြစ်ပါတယ်။

အဆိုပါ Pixel 5 ရဲ့ Render ပုံတွေအရ အရွယ်အစားအနေနဲ့ 144.6×70.4x8mm ပဲရှိမှာဖြစ်ပြီး လက်ရှိ Pixel 4 ဖုန်းထက်တောင် ပိုပြီးသေးငယ်နေသေးတာဖြစ်ပါတယ်။ Pixel 5 စမတ်ဖုန်းဟာ Processor ပိုင်းမှာလည်း Qualcomm ရဲ့ Snapdragon 865+ Chipset အစား Snapdragon 765 ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။

 

ယခု Render ပုံတွေနဲ့ပတ်သက်ပြီးတော့ တချို့သူတွေကလည်း Pixel 4 ရဲ့ Face Unlock အစား Fingerprint Sensor ပြန်လည်အသုံးပြုလာတာနဲ့ Dual Camera Setup ပဲပါဝင်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ငြင်းဆိုနေကြပါတယ်။ မနှစ်တုန်းကတော့ Google ကိုယ်တိုင်ကနေ လနဲ့ချီကြိုတင်ပြီးတော့ Pixel 4 ရဲ့ နောက်ဖက် Design ကို ဖော်ပြခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ကြိုတင်ပြီး Design ပုံစံကို ဖော်ပြလာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena