ဒုတိယမျိုးဆက် Xperia 10 ရဲ့ တိုးတက်မှုကို သိသိသာသာမြင်တွေ့နေရတယ်ဆိုပေမယ့် ဒါဟာ Xperia 5 II flagship ရဲ့ နေရာမှာ အစားထိုးနိုင်မယ်လို့တော့ မပြောနိုင်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ Sony ဟာ အဲဒီလို စမတ်ဖုန်းမျိုးအကြောင်းကို နည်းနည်းလေးမှတောင် ပြောဆိုခြင်းမရှိပါဘူး။

ဒါပေမယ့်လည်း Alibaba မှာတော့ Case တွေနဲ့အတူ ဖြစ်နိုင်ခြေရှိတဲ့ ဒီဇိုင်းကို ထုတ်ဖော်ပြသထားတာ တွေ့မြင်လာရပါတယ်။ ပုံရိပ်တွေအရတော့ Xperai 1 II ထက် သေးငယ်တယ်လို့ ယူဆရပါတယ်။ ဖြစ်နိုင်တဲ့ အချိုးဟာ 21:9 ဖြစ်ပြီး ဒါဟာ Classic bezel တွေနဲ့ ဖြစ်ပါလိမ့်မယ်။

ဘေးတစ်ဖက်မှာတော့ Fingerprint scanner ကိုတွေ့မြင်ရပြီး ထိပ်ဖက်မှာတော့ 3.5mm headphone jack ကို တွေ့မြင်ရပါတယ်။ ကျောဘက်မှာတော့ ZEISS အမှတ်တံဆိပ်မှန်ဘီလူးနဲ့အတူ ကင်မရာသုံးလုံးနေရာချထားတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် ပြဿနာအနည်းငယ်တော့ ရှိနေပါတယ်။

လက်ရှိအချိန်အထိ တိကျသေချာတဲ့သတင်းကို မရသေးတာကလည်း မချင့်မရဲဖြစ်စေပါတယ်။ ဒါပေမယ့် Sony အနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းသစ်အကြောင်းကို ကြေညာဖို့ ပိုပြီးနီးကပ်လာပြီလို့ပဲ ယူဆရပါတယ်။

Ref: GSM Arena