Apple ဟာ ၂၀၂၀ မှာ သူ့ရဲ့ iPad lineup တစ်ခုလုံးကို လတ်ဆတ်တဲ့ပြောင်းလဲမှုဖြစ်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ သတင်းယိုစိမ့်မှုကတစ်ဆင့် iPad Mini 6th generation နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို သိရှိနိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Tipster ရဲ့ ပြောဆိုချက်အရ iPad Mini 6th generation ရဲ့ ရှေ့ပြေးပုံစံတွေဟာ အများကြီးရှိနေပြီး၊ အခုဖော်ပြလိုက်တဲ့ Specs တွေကလည်း ဒီထဲကမှ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် iPad Mini 6th generation အမှန်တကယ်ထွက်ရှိလာချိန်မှာ အခုဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ တူချင်မှတူနိုင်ပါလိမ့်မယ်။

တွစ်တာ User @000leaker ရဲ့အဆိုအရ လာမယ့် iPad Mini 6th generation ရှေ့ပြေးပုံစံဟာ လက်ရှိမျိုးဆက်ရဲ့ 7.9-inch မျက်နှာပြင်နဲ့နှိုင်းယှဉ်ရင် ပိုပြီးကြီးမားတဲ့မျက်နှာပြင်အဖြစ် 8.5-inch Liquid Retina Display အမျိုးအစားနဲ့ ထွက်ရှိလာမယ်လို့ ဆိုရမှာပါ။ ဒီဇိုင်းပိုင်းမှာတော့ iPhone 12 စီးရီးသစ်၊ iPad Air 4th generation နဲ့ iPad Pro အသစ်တို့လို Boxy design ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အတွင်းအစိတ်အပိုင်းတွေအနေနဲ့ iPad Mini 6th generation မှာ Apple A14 Bionic chip အသုံးပြုထားပြီး 4GB of RAM နဲ့ တွဲဖက်ပေးထားမှာဖြစ်ပါတယ်။ USB Type-C port ပါဝင်မှာဖြစ်ပြီး၊ Stereo speaker တွေကလည်း ယခင်မော်ဒယ်တွေနဲ့ အတူတူပဲ ဖြစ်မယ်လို့ ဆိုပါတယ်။ ဒီရှေ့ပြေးပုံစံမှာတော့ Dual-battery ကိုတွေ့ရှိရသလို iPad Air အသစ်လိုမျိုး ကင်မရာတပ်ဆင်မှုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

Ref: Gizmochina