ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Vivo ကနေ Exynos 980 Chipset ကို အသုံးပြုထားတဲ့ Vivo X30 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း မကြာခင်မှာ Exynos 1080 Chipset အသစ်ကို အသုံးပြုလာမယ့် Vivo X60 Series စမတ်ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

အဆိုပါ Exynos 1080 Chipset ဟာ 5nm Architecture ကို အခြေခံထားတဲ့ Chipset တစ်ခုဖြစ်ပြီးတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ပေါက်ကြားခဲ့တဲ့ Benchmark တွေအရ Qualcomm Snapdragon 865+ ထက်တောင် စွမ်းဆောင်ရည်ကောင်းမွန်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Vivo X60 Series ဖုန်းတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အခုအချိန်မှာတေ့ာ Vivo X60 Series လို့ ယူဆရတဲ့စမတ်ဖုန်းတွေရဲ့ ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Vivo X60 Series ဖုန်းတွေဟာ Curved Display ကို အသုံးပြုထားတာဖြစ်ပြီး သေးငယ်တဲ့ဘေးဘောင်တွေအပြင် Display ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာလည်း Single Punch-hole Selfie Camera ကို ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Vivo X60 Series စမတ်ဖုန်းတွေဟာ Vivo ရဲ့ Origin OS အသစ်ကို အသုံးပြုထားမှာလည်းဖြစ်ပါတယ်။ အဆိုပါ Origin OS ဟာ Android 11 ကို အခြေခံထားမှာဖြစ်ပြီး Stock Android နီးပါး User Experience ကို ရရှိစေမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေမှာတော့ Origin OS ရဲ့ Feature တွေကို မြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။

Chinese Leakster တစ်ဦးရဲ့ ပြောကြားချက်အရတော့ Vivo ကနေ လောလောဆယ်မိတ်ဆက်ဦးမှာမဟုတ်သေးတဲ့ 6.65″ 120Hz Curved Display နဲ့ Punch-hole Selfie Camera ပါဝင်တဲ့ Qualcomm Snapdragon 875 Chipset နဲ့ ဖုန်းကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အဆိုပါ စမတ်ဖုန်းဟာ Vivo X60 Series ဖုန်းတွေရဲ့ Flagship အဆင့် စမတ်ဖုန်းအသစ်ဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China