Xiaomi ရဲ့ Wearables ကုမ္ပဏီခွဲ Huami က စမတ်နာရီ အသစ် ၁ လုံးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Amazfit Ares လို့ နာမည်ပေးထားပြီး မေလ ၁၉ ရက်နေ့မှာ မျက်ဝါးထင်ထင် မြင်ရတော့မှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက ဝီဘို အကောင့်ကနေ အဲဒီ စမတ်နာရီရဲ့ ပထမဆုံး ဓါတ်ပုံကို မျှဝေလိုက်ပြီး အားကစား ပြုလုပ်တာကို တိုင်းတာပေးနိုင်တဲ့ လုပ်ဆောင်ချက်ပါလာမှာ ဖြစ်ပါတယ်။ Sports Mode ပေါင်း ၇၀ တောင် ပါတဲ့အတွက် အားကစားသမားတွေ အကြိုက်တွေ့မှာ သေချာပါတယ်။

စမတ်နာရီဟာ အကြမ်းခံတဲ့ ဒီဇိုင်း ဖြစ်ပြီး ဆီလီကွန်လက်ပတ်ကြိုး ပါလာမှာပါ။ Firstbeat ပရော်ဖက်ရှင်နယ် အဆင့် Tracking ပါလာပြီး အားကစား ပြုလုပ်နေချိန် အောက်ဆီဂျင်ရရှိတဲ့ ပမာဏကို တွက်ချက်ပေးနိုင်ပါတယ်။ အားကစား လေ့ကျင့်တဲ့အခါမှာ တိုးတက်မှုကို တိုင်းတာပေးနိုင်ပါတယ်။

ဒါ့အပြင် Huami CEO Huang Wang က စမတ်နာရီရဲ့ ဓါတ်ပုံ ၁ ပုံကို မျှ‌ဝေထားပြီး အစိမ်းရင့်ရောင် ဖြစ်ပါတယ်။ ပိုစတာက ဓါတ်ပုံမှာ အနက်ရောင်ကို မြင်ရပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီ စမတ်နာရီရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena