Amazfit Band 7 ရဲ့ သတင်းတွေ အခုနောက်ပိုင်း ခပ်စိပ်စိပ် ပေါက်ကြားလာတဲ့အတွက် မကြာခင်မှာ ကြေညာတော့မယ်လို့ထင်ပါတယ်။ ပေါက်ကြားသတင်းအရ Amazfit Band 7 ဟာ Redmi Smart Band Pro နဲ့ တူညီမှာ ဖြစ်ပေမယ့် ပိုမိုကြီးမားတဲ့ ဘက်ထရီနဲ့ GPS ထောက်ပံ့မှု ပါလာမှာပါ။

Amazfit Band 7

အခုပေါက်ကြားသတင်း အသစ်အရ Amazfit Band 7 ကို Amazfit GTR 4 Series နဲ့အတူ ကြေညာနိုင်ပါတယ်။ Band 7 ရဲ့ လျှို့ဝှက်အမည်က Bari ဖြစ်ပြီး ၂၀၂၁ ခုနှစ်ထုတ် Redmi Smart Band Pro နဲ့ တူညီမယ်လို့ သိရပါတယ်။

Amazfit Band 7

ပြင်သစ် Tipster Magical Unicorn က Amazfit Band 7 ရဲ့ သတင်းအချက်အလက်အသစ်တွေကို မျှဝေလာပါတယ်။ အဲဒီ လက်ပတ်ကို FCC မှာ တွေ့လာရပြီ ဖြစ်ပြီး အဓိက Specs တွေကို မသိရသေးပါဘူး။ ပေါက်ကြားသတင်းအရ Amazfit Band 7 မှာ 250mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး Redmi Smart Band Pro ရဲ့ 200mAh ထက် ပိုကောင်းလာမှာပါ။

Amazfit Band 7 မှာ Zepp OS မောင်းနှင်ထားမှာ ဖြစ်ပြီး UI ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Redmi Smart Band Pro နဲ့ မတူညီတာက Amazfit Band 7 မှာ GPS လုပ်ဆောင်ချက်ပါလာမှာပါ။ FCC က ဒေတာအရ Amazfit Band 7 ကို စက်တင်ဘာလမှာ ကြေညာနိုင်ပြီး လက်ရှိမှာ Specs အပြည့်အစုံကို မသိရသေးပါဘူး။

Ref : gizmochina