[Unicode]

Huami က နောက်လမှာ ကျင်းပမယ့် CES 2020 ကို တက်ရောက်ပြီး ထုတ်ကုန် အသစ် ၁ ခုကို ပြသမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်က ကုမ္ပဏီရဲ့ ပထမဆုံး Earbuds ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Amazfit ရဲ့ တွစ်တာ အကောင့်ကနေ Amazfit Bip S အမည်ရ စမတ်နာရီ အသစ်ကိုပါ ချပြမယ်လို့ အတည်ပြုလိုက်ပါတယ်။

Amazfit Bip ကို ၂၀၁၈ ခုနှစ်က ရောင်းချပေးခဲ့ပြီး ဒီနှစ်ထဲမှာ Bip Lite ကို ချပြခဲ့ပါတယ်။ အခုတော့ Amazfit Bip S ကို ကြေညာတော့မှာ ဖြစ်ပြီး ကုမ္ပဏီက ဘက်ထရီ သက်တမ်း တော်တော် လန်းမယ်လို့ ပြောပါတယ်။ အရမ်း ပေါ့ပါးတဲ့အတွက် ဝတ်ဆင်ရတာ တော်တော် သက်တောင့်သက်သာ ဖြစ်မှာပါ။

ကုမ္ပဏီက မျှဝေလိုက်တဲ့ Teaser မှာ Amazfit Bip S ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူနေပါတယ်။ လေးထောင့် မျက်နှာပြင် ထည့်သွင်းထားပြီး ထောင့်စွန်းတွေက လုံးဝန်းပါတယ်။ ညာဘက်မှာ လုံးဝန်းတဲ့ ခလုတ် ၁ ခု တပ်ဆင်ထားပါတယ်။ မူလ Bip မှာလို ၂၂ မီလီမီတာ လက်ပတ်ကြိုး ပါလာနိုင်ပါတယ်။ ဒါပေမယ့် အရောင် အသစ်တွေ ထုတ်လုပ်ပေးထားနိုင်ပါတယ်။ Huami က မူလ မော်ဒယ်တွေမှာ မပါတဲ့ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားနိုင်ပါတယ်။

Amazfit က Wireless Earbuds ရဲ့ ဒီဇိုင်းကိုလည်း အရိပ်အမြွက် ပြသလိုက်ပါတယ်။ အဲဒီ ဓါတ်ပုံအရ တောက်ပြောင်တဲ့ အနက်ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး Silicone Tips ကို လဲလှယ်နိုင်ပါတယ်။ အရွယ်အစား ကျစ်လစ်ပြီး ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိမှာပါ။

Ref : gizmochina

[Zawgyi]

Amazfit Bip S ကို CES 2020 မွာ ေၾကညာႏုိင္

Huami က ေနာက္လမွာ က်င္းပမယ့္ CES 2020 ကို တက္ေရာက္ၿပီး ထုတ္ကုန္ အသစ္ ၁ ခုကို ျပသမယ္လို႔ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္က ေၾကညာခဲ့ပါတယ္။ အဲဒီ ထုတ္ကုန္က ကုမၸဏီရဲ႕ ပထမဆံုး Earbuds ျဖစ္မယ္လို႔ ေျပာခဲ့ပါတယ္။ အခုေတာ့ Amazfit ရဲ႕ တြစ္တာ အေကာင့္ကေန Amazfit Bip S အမည္ရ စမတ္နာရီ အသစ္ကိုပါ ခ်ျပမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

Amazfit Bip ကို ၂၀၁၈ ခုႏွစ္က ေရာင္းခ်ေပးခဲ့ၿပီး ဒီႏွစ္ထဲမွာ Bip Lite ကို ခ်ျပခဲ့ပါတယ္။ အခုေတာ့ Amazfit Bip S ကို ေၾကညာေတာ့မွာ ျဖစ္ၿပီး ကုမၸဏီက ဘက္ထရီ သက္တမ္း ေတာ္ေတာ္ လန္းမယ္လို႔ ေျပာပါတယ္။ အရမ္း ေပါ့ပါးတဲ့အတြက္ ၀တ္ဆင္ရတာ ေတာ္ေတာ္ သက္ေတာင့္သက္သာ ျဖစ္မွာပါ။

ကုမၸဏီက မွ်ေ၀လိုက္တဲ့ Teaser မွာ Amazfit Bip S ရဲ႕ ဒီဇိုင္းဟာ အရင္မ်ိဳးဆက္နဲ႔ တူေနပါတယ္။ ေလးေထာင့္ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး ေထာင့္စြန္းေတြက လံုး၀န္းပါတယ္။ ညာဘက္မွာ လံုး၀န္းတဲ့ ခလုတ္ ၁ ခု တပ္ဆင္ထားပါတယ္။ မူလ Bip မွာလို ၂၂ မီလီမီတာ လက္ပတ္ႀကိဳး ပါလာႏုိင္ပါတယ္။ ဒါေပမယ့္ အေရာင္ အသစ္ေတြ ထုတ္လုပ္ေပးထားႏုိင္ပါတယ္။ Huami က မူလ ေမာ္ဒယ္ေတြမွာ မပါတဲ့ ကိုယ္လက္လႈပ္ရွားမႈကို တိုင္းတာေပးတဲ့ လုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းထားႏုိင္ပါတယ္။

Amazfit က Wireless Earbuds ရဲ႕ ဒီဇိုင္းကိုလည္း အရိပ္အျမြက္ ျပသလိုက္ပါတယ္။ အဲဒီ ဓါတ္ပံုအရ ေတာက္ေျပာင္တဲ့ အနက္ေရာင္ ထုတ္လုပ္ထားမွာ ျဖစ္ၿပီး Silicone Tips ကို လဲလွယ္ႏုိင္ပါတယ္။ အရြယ္အစား က်စ္လစ္ၿပီး ၀တ္ဆင္ရတာ သက္ေတာင့္သက္သာရွိမွာပါ။

Ref : gizmochina