Huami ဟာ ပြီးခဲ့တဲ့ လက Amazfit Pop လို့ခေါ်တဲ့ စမတ်နာရီကို ကြေညာခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်တဲ့ လုပ်ဆောင်ချက်တွေက အရမ်း မိုက်ပါတယ်။ အခုတော့ Pro Version အလှည့် ကျရောက်လို့ လာတော့မှာ ဖြစ်ပါတယ်။ Huami က Amazfit Pop Pro ရဲ့ Teaser ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပြီး အဲဒီ စမတ်နာရီရဲ့ အဓိက Specs တချို့ကို သတင်းပေးထားပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ကြေညာမှာလို့ အတည်ပြုထားပါတယ်။

Amazfit Pop Pro smartwatch incoming on December 1

Amazfit Pop Pro မှာ ၁.၄၃ လက်မ OLED မျက်နှာပြင် ထည့်သွင်းထားပြီး NFC နဲ့ ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ပါလာမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစား များများ ပြုလုပ်အောင် လှုံ့ဆော်ပေးတဲ့ Amazfit ရဲ့ PAI Algorithm ပါလာမှာ ဖြစ်ပြီး Sport Mode ပေါင်း ၆၀ ကျော်ပါမယ့်အတွက် အားကစားသမားတွေ အကြိုက်တွေ့မှာပါ။

အဲဒီ Specs အားလုံးဟာ Amazfit Pop နဲ့ တူညီနေပြီး Amazfit Pop ကို တချို့နိုင်ငံတွေမှာ Amazfit Bip U နာမည်နဲ့ ရောင်းပေးထားတာ ဖြစ်ပါတယ်။ အဓိက ကွဲပြားချက်က Pro မော်ဒယ်မှာ GPS ထည့်သွင်းထားတာ ဖြစ်ပြီး တည်နေရာ ခြေရာခံဖို့အတွက် စမတ်ဖုန်းကို မှီခိုစရာ မလိုတော့ပါဘူး။ မိုက်ကရိုဖုန်း ၁ လုံးလည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Pro Version ဟာ ဈေးတော့ နည်းနည်း ပိုမြင့်မယ်လို့ ထင်ရပြီး ဒေါ်လာ ၆၀ လောက် ကျသင့်နိုင်ပါတယ်။ မြန်မာငွေ ၇ သောင်း ၈ ထောင်လောက်ရှိနိုင်ပြီး ရိုးရိုးမော်ဒယ်ကို ၃၄၉ ယွမ်(၆ သောင်း ၉ ထောင် ဝန်းကျင်)နဲ့ ရောင်းပေးထားတာ ဖြစ်ပါတယ်။ Amazfit ရဲ့ Teaser မှာ Pro Version ရဲ့ အစိမ်းရောင်ကို မြင်ရပြီး အနက်နဲ့ ပန်းရောင်လည်း ထွက်လာနိုင်ပါတယ်။

Ref : gsmarena