Amazfit က လွန်ခဲ့တဲ့ ၁ နှစ်ကျော်က မြန်မာငွေ ၁၇၀,၀၀၀ ဝန်းကျင် တန်ကြေးရှိတဲ့ GTS 2 Mini ကို ကြေညာခဲ့ပြီး အခုတော့ ၁၅၀,၀၀၀ ပဲ ရှိတဲ့ မော်ဒယ်အသစ်ကို အိန္ဒိယနိုင်ငံမှာ ချပြလိုက်ပါတယ်။ ဧပြီလ ၁၁ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပြီး အထူး လျှော့ဈေးပေးမယ့် အစီအစဉ်တွေလည်း ပြုလုပ်ပေးထားပါတယ်။

Amazfit unveils new, cheaper version of the GTS 2 Mini with the same features

Amazfit GTS 2 Mini မှာ ၁.၅၅ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 306x354px Resolution ထောက်ပံ့ထားပါတယ်။ Watch Face ပေါင်း ၈၀ ကျော် ပါဝင်ပြီး Always On Function က ဒီဇိုင်း ၆၀ ကျော် ထောက်ပံ့ထားပါတယ်။

Amazfit unveils new, cheaper version of the GTS 2 Mini with the same features

အလူမီနီယမ် ကိုယ်ထည်နဲ့ တည်‌ဆောက်ထားပြီး ဆီလီကွန် လက်ပတ်ကြိုး တပ်ဆင်ထားပါတယ်။ ၁၉.၅ ဂရမ် အလေးချိန်ရှိပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ 220mAh ဘက်ထရီက သာမန်သုံးရင် ၁၄ ရက်နဲ့ အလွန်အကျွံသုံးရင် ၇ ရက် ခံပါတယ်။ Basic Mode ကို သုံးရင် ၂၁ ရက်တောင် အသုံးခံပြီး ၂ နာရီအတွင်း ဘက်ထရီကို အားအပြည့်ဖြည့်နိုင်ပါတယ်။

Amazfit unveils new, cheaper version of the GTS 2 Mini with the same features

Exercise Mode ပေါင်း ၆၈ ခုကျော် ထည့်သွင်းထားပြီး နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ Accelerometer , Gyro , Compass နဲ့ Ambient Light Sensor တွေ ထည့်သွင်းထားပါတယ်။

GPS ပါတဲ့အတွက် စမတ်ဖုန်းနဲ့ ချိတ်ဆက်စရာ မလိုဘဲ  နေအိမ်ပြင်ပ လေ့ကျင့်ခန်း လုပ်တာတွေကို တိကျစွာ တိုင်းတာနိုင်ပါတယ်။ မိုက်ကရိုဖုန်း ၁ လုံး တပ်ဆင်ထားပြီး Amazon Alexa ကို မေးခွန်းတွေ မေးနိုင်ပါတယ်။ Breeze Blue , Flamingo Pink နဲ့ Meteor Black ၃ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena