Xiaomi ရဲ့ Share ပါတဲ့ Amazfit က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ OLED မျက်နှာပြင်ကွေး ပါတဲ့ Amazfit X စမတ်လက်ပတ်ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Specs အနည်းငယ်ကိုပဲ ပြောပြခဲ့ပါတယ်။ အခုတော့ သူ့ကို Indiegogo ကနေ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီး Specs နဲ့ ဈေးနှုန်းကို သိလာရပါပြီ။ Indiegogo မှာ ကြိုတင်မှာယူထားသူတွေအတွက် ၁၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၁ သောင်းလောက်ပဲရှိပါတယ်။ ၂၀၂၀ ဩဂုတ်လ ရောင်းချချိန်မှာတော့ ၃၂၉ ဒေါ်လာ သတ်မှတ်ထားပြီး ၄ သိန်း ၆ သောင်းလောက် ရှိပါတယ်။ Eclipse Black နဲ့ New Moon Gold ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Amazfit X မှာ ၂.၀၇ လက်မ AMOLED မျက်နှာပြင်ကွေး ပါလာပြီး 206x640p Resolution ရှိပါတယ်။ အမြင့်ဆုံး Brightness က 400 nits ဖြစ်ပါတယ်။ Navigation အတွက် Hardware Buttons တွေ တပ်ဆင်ထားပြီး ဘေးဘက်မှာ ဖိအား အာရုံခံနိုင်တဲ့ ခလုတ် ၁ ခု ထည့်ထားပါတယ်။

နှလုံးခုန်နှုန်း တိုင်းတာတဲ့ကိရိယာက ပိုကောင်းလာပြီး ၂၄ နာရီ စောင့်ကြည့်စစ်ဆေးပေးနိုင်ပါတယ်။ သွေးတွင်း အောက်ဆီဂျင် ပမာဏကို တွက်ချက်ပေးနိုင်ပြီး ဆန်ဆာတွေရဲ့ အကူအညီနဲ့ စိတ်ဖိစီးမှုတွေနဲ့ အိပ်စက်မှု အခြေအနေကို တိုင်းတာပေးနိုင်ပါတယ်။ GPS နဲ့ GLONASS ထောက်ပံ့ထားပါတယ်။

205mAh ဘက်ထရီက ၇ ရက် အသုံးခံပြီး စမတ်လက်ပတ်ကို ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ စမတ်ဖုန်း App နဲ့ချိတ်ဆက်လိုက်ရင် လေ့ကျင့်ခန်း လုပ်တာတွေကိုပါ တွက်ချက်ပေးနိုင်ပြီး Workout Mode ၉ မျိုးကို ထောက်ပံ့ပေးထားပါတယ်။

Ref : gsmarena