[Zawgyi]

Online Shopping Company ေတြက ကုန္ပစၥည္းေတြ ျမန္ျမန္ဆန္ဆန္ ပို႔ေဆာင္ေပးမယ့္ နည္းလမ္းေတြကို ဖန္တီးေနၾကပါတယ္။ Drone နဲ႔ Robot ေတြကို အသံုးျပဳၿပီး ကုန္ပစၥည္းေတြ သယ္ယူပို႔ေဆာင္ေပးတာဟာ အခ်ိန္ကုန္ သက္သာေစၿပီး ထိေရာက္ပါတယ္။ Drone ေတြဟာ ေ၀ဟင္မွာ ပ်ံသန္းတဲ့ အတြက္ ကားလမ္းပိတ္ဆို႔မႈေတြကိုလည္း ေလ်ာ့နည္းေစပါတယ္။ ဒါေပမယ့္ Drone ေတြမွာ လက္နက္ေတြ တပ္ဆင္ၿပီး အၾကမ္းဖက္ႏုိင္တဲ့ အတြက္ ႏိုင္ငံမ်ားစြာမွာ စီးပြားေရး လုပ္ငန္းသံုးဖို႔ ခြင့္မျပဳေသးပါဘူး။ အဲဒီအတြက္ ေျမျပင္ကေန ကုန္ပစၥည္းပို႔ေဆာင္ေပးတဲ့ Delivery Robot ေတြကို ပိုၿပီး ဖန္တီးလာၾကပါတယ္။

အခုလည္း Amazon က Amazon Scout လို႔ နာမည္ေပးထားတဲ့ Delivery Robot ေတြနဲ႔ ေတာင္ကယ္လီဖိုးနီးယား ၊ ေလာ့စ္အင္ဂ်လိစ္ရဲ႕ ေတာင္ဘက္မွ Irvine မွာ ကုန္ပစၥည္းေတြ ပို႔ေဆာင္ေပးေတာ့မွာ ျဖစ္ပါတယ္။ ဒီႏွစ္ အေစာပိုင္းမွာေတာ့ ၀ါရွင္တန္ရွိ Snohomish County မွာ ကုန္ပစၥည္းေတြကိုစမ္းသပ္ပို႔ေဆာင္ေပးခဲ့ပါတယ္။ အခုေတာ့ စီမံကိန္းကို တိုုးခ်ဲ႕လိုက္တာ ျဖစ္ပါတယ္။ တနလၤာ ကေန ေသာၾကာေန႔ေတြအတြင္း ေန႔ဘက္မွာသာ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။

Scout ဟာ လွ်ပ္စစ္စြမ္းအင္သံုး စက္ရုပ္ ျဖစ္ၿပီး ဘီးေျခာက္ဘီးတပ္ဆင္ထားပါတယ္။ Scout Robot မွာ ဆန္ဆာနဲ႔ ကင္မရာေတြ တပ္ဆင္ထားၿပီး လူေတြနဲ႔ တျခားအတားအဆီးေတြကို ေရွာင္ကြင္းသြားလာႏုိင္ပါတယ္။ စမ္းသပ္ခ်ိန္မွာ ကုမၸဏီရဲ႕ ၀န္ထမ္းတစ္ေယာက္က Scout ကို လိုက္ပါ ေစာင့္ၾကည့္မွာ ျဖစ္ပါတယ္။ အနာဂတ္မွာေတာ့ ၀န္ထမ္းလိုက္ပါ ေစာင့္ၾကည့္စရာ မလိုေအာင္ ဖန္တီးမွာ ျဖစ္ပါတယ္။

Ref : digitaltrends

[Unicode]

ကားစက်ရုပ်နဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးမယ့် Amazon

Online Shopping Company တွေက ကုန်ပစ္စည်းတွေ မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးမယ့် နည်းလမ်းတွေကို ဖန်တီးနေကြပါတယ်။ Drone နဲ့ Robot တွေကို အသုံးပြုပြီး ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတာဟာ အချိန်ကုန် သက်သာစေပြီး ထိရောက်ပါတယ်။ Drone တွေဟာ ဝေဟင်မှာ ပျံသန်းတဲ့ အတွက် ကားလမ်းပိတ်ဆို့မှုတွေကိုလည်း လျော့နည်းစေပါတယ်။ ဒါပေမယ့် Drone တွေမှာ လက်နက်တွေ တပ်ဆင်ပြီး အကြမ်းဖက်နိုင်တဲ့ အတွက် နိုင်ငံများစွာမှာ စီးပွားရေး လုပ်ငန်းသုံးဖို့ ခွင့်မပြုသေးပါဘူး။ အဲဒီအတွက် မြေပြင်ကနေ ကုန်ပစ္စည်းပို့ဆောင်ပေးတဲ့ Delivery Robot တွေကို ပိုပြီး ဖန်တီးလာကြပါတယ်။

အခုလည်း Amazon က Amazon Scout လို့ နာမည်ပေးထားတဲ့ Delivery Robot တွေနဲ့ တောင်ကယ်လီဖိုးနီးယား ၊ လော့စ်အင်ဂျလိစ်ရဲ့ တောင်ဘက်မှ Irvine မှာ ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်းမှာတော့ ဝါရှင်တန်ရှိ Snohomish County မှာ ကုန်ပစ္စည်းတွေကိုစမ်းသပ်ပို့ဆောင်ပေးခဲ့ပါတယ်။ အခုတော့ စီမံကိန်းကို တိုးချဲ့လိုက်တာ ဖြစ်ပါတယ်။ တနင်္လာ ကနေ သောကြာနေ့တွေအတွင်း နေ့ဘက်မှာသာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

Scout ဟာ လျှပ်စစ်စွမ်းအင်သုံး စက်ရုပ် ဖြစ်ပြီး ဘီးခြောက်ဘီးတပ်ဆင်ထားပါတယ်။ Scout Robot မှာ ဆန်ဆာနဲ့ ကင်မရာတွေ တပ်ဆင်ထားပြီး လူတွေနဲ့ တခြားအတားအဆီးတွေကို ရှောင်ကွင်းသွားလာနိုင်ပါတယ်။ စမ်းသပ်ချိန်မှာ ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ယောက်က Scout ကို လိုက်ပါ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ဝန်ထမ်းလိုက်ပါ စောင့်ကြည့်စရာ မလိုအောင် ဖန်တီးမှာ ဖြစ်ပါတယ်။

Ref : digitaltrends