Zawgyi Font Version

Amazon Alexa နဲ႔ Google Assistant တို႔ဟာ လူသိအမ်ားဆံုး Personal Assistant AI ေတြပါ။ Smart Speaker Market ကို Amazon ရဲ႕ Alexa နဲ႔အားျဖည့္ထားတဲ့ Echo Series Smart Speaker ေတြနဲ႔ Google ရဲ႕ Google Assistant နဲ႔အားျဖည့္ထားတဲ့ Google Home Speaker ေတြက လႊမ္းမိုးထားပါတယ္။ Alexa နဲ႔ Google Assistant ေတြကို အခုဆိုရင္ Smart Display ေတြလို တစ္ျခား Gadget ပစၥည္း ေတြမွာပါ ထည့္သြင္းအသံုးျပဳလာၾကပါျပီ။ CNBC ရဲ႕ ထုန္ျပန္ခ်က္အရ အခုဆိုရင္ Amazon ဟာ Alexa အသံုးျပဳထားတဲ့ Device အမ်ိဳးအစားေတြကိုႏွစ္ဆျမွင့္တင္ထုတ္လုပ္ေတာ့မွာပါ။ ဒီႏွစ္မကုန္ခင္မွာပဲ အသံနဲ႔ခိုင္းေစအသံုးျပဳလို႔ရမယ့္ Device အသစ္ ရွစ္ခုကို မိတ္ဆက္မွာပါ။

Alexa ထည့္သြင္းေပးထားတဲ့ Device ေတြထဲမွာဆိုရင္ Microwave ေတာင္ပါျပီး အသံခ်ဲ႕စက္ေတြ Subwoofer ေတြနဲ႔ ကားအတြင္းတပ္ဆင္အသံုးျပဳတဲ့ Device ေတြပါ ပါဝင္ပါတယ္။ Device ေတြအကုန္လံုးမွာ Alexa ေထာက္ပ့ံေပးမွာပါ။

Amazon ဟာ ဒီလကုန္မွာပဲ သူရဲ႕ Event မွာဒီ Device ေတြအကုန္လံုးကိုမိတ္ဆက္မွာျဖစ္တယ္လို႔ Company ရဲ႕ သတင္းေပါက္ၾကားမွုေတြကိုေလ့လာျပီး CNBC က သတင္းထုတ္ျပန္လိုက္ပါတယ္။ အဆိုပါ Device အသစ္ေတြဟာ Amazon ရဲ႕ Alexa ေပၚအလြန္ယံုၾကည္ အားထားတယ္ဆိုတဲ့အခ်က္ကိုသက္ေသျပလိုက္ပါတယ္။ Amazon ဟာ Alexa ကို စစခ်င္းထြင္လိုက္တုန္းက ေျမစမ္းခရမ္းပ်ိဳးတဲ့သေဘာနဲ႔ စမ္းသပ္ခဲ့တာျဖစ္ေပမယ့္ အခုေတာ့ Smart Speaker ေစ်းကြက္ကိုဦးေဆာင္ရင္းနဲ႔ ကမၻာ့နာမည္အၾကီးဆံုး Voice Assistant ေတြထဲက တစ္ခုျဖစ္လာပါတယ္။

Amazon ရဲ႕ အဆိုပါ Device ေတြဟာ အိမ္သံုးပစၥည္းေစ်းကြက္ထဲကို စလွမ္းလိုက္တဲ့ ေျခလွမ္းတစ္ခုျဖစ္ျပီး Sonos နဲ႔ GE တို႔လို Smart Home Appliance ေတြထုတ္တဲ့ ကုမၸဏီေတြနဲ႔ ထိပ္တိုက္ယွဥ္ျပိဳင္ရမွာပါ။ Sonos မွာလည္း Alexa အသံုးျပဳႏိုင္တဲ့ အသံခ်ဲ႕စက္နဲ႔ Subwoofer ထုတ္ထားျပီး GE မွာလည္း Alexa နဲ႔ခ်ိတ္ဆက္အသံုးျပဳႏိုင္တဲ့ Microwave ရွိျပီးသားပါ။ Garmin ဆိုတဲ့ ကုမၸဏီကလည္း Alexa Support ပါဝင္တဲ့ ကား Camera တစ္ခုထုတ္ထားပါေသးတယ္။

Amazonဟာ အိမ္တြင္းသံုးစက္ရုပ္တစ္ရုပ္ထြင္ေနေသးတယ္လို႔သတင္းရ ထားပါေသးတယ္။ Ring လို႔ေခၚတဲ့ Smart Doorbell ေတြေရာင္းခ်တဲ့ ကုမၸဏီနဲ႔လည္းလက္တြဲျပီး Alexa Support ပါတဲ့ လူေခၚ Bell ေတြထုတ္လုပ္ပါေသးတယ္။ CNBC ရဲ႕ထုတ္ျပန္ခ်က္ေတြအရ Amazon ဟာ တစ္ျခား အိမ္သံုးပစၥည္းေတြထုတ္တဲ့ ကုမၸဏီေတြအမ်ားၾကီးနဲ႔လက္တြဲျပီး အိမ္တြင္းသံုးပစၥည္းအဆန္းေတြထုတ္လုပ္မယ္လို႔သိရပါတယ္။

Unicode Version

Amazon Alexa နဲ့ Google Assistant တို့ဟာ လူသိအများဆုံး Personal Assistant AI တွေပါ။ Smart Speaker Market ကို Amazon ရဲ့ Alexa နဲ့အားဖြည့်ထားတဲ့ Echo Series Smart Speaker တွေနဲ့ Google ရဲ့ Google Assistant နဲ့အားဖြည့်ထားတဲ့ Google Home Speaker တွေက လွှမ်းမိုးထားပါတယ်။ Alexa နဲ့ Google Assistant တွေကို အခုဆိုရင် Smart Display တွေလို တစ်ခြား Gadget ပစ္စည်း တွေမှာပါ ထည့်သွင်းအသုံးပြုလာကြပါပြီ။ CNBC ရဲ့ ထုန်ပြန်ချက်အရ အခုဆိုရင် Amazon ဟာ Alexa အသုံးပြုထားတဲ့ Device အမျိုးအစားတွေကိုနှစ်ဆမြှင့်တင်ထုတ်လုပ်တော့မှာပါ။ ဒီနှစ်မကုန်ခင်မှာပဲ အသံနဲ့ခိုင်းစေအသုံးပြုလို့ရမယ့် Device အသစ် ရှစ်ခုကို မိတ်ဆက်မှာပါ။

Alexa ထည့်သွင်းပေးထားတဲ့ Device တွေထဲမှာဆိုရင် Microwave တောင်ပါပြီး အသံချဲ့စက်တွေ Subwoofer တွေနဲ့ ကားအတွင်းတပ်ဆင်အသုံးပြုတဲ့ Device တွေပါ ပါဝင်ပါတယ်။ Device တွေအကုန်လုံးမှာ Alexa ထောက်ပံ့ပေးမှာပါ။

Amazon ဟာ ဒီလကုန်မှာပဲ သူရဲ့ Event မှာဒီ Device တွေအကုန်လုံးကိုမိတ်ဆက်မှာဖြစ်တယ်လို့ Company ရဲ့ သတင်းပေါက်ကြားမှုတွေကိုလေ့လာပြီး CNBC က သတင်းထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ Device အသစ်တွေဟာ Amazon ရဲ့ Alexa ပေါ်အလွန်ယုံကြည် အားထားတယ်ဆိုတဲ့အချက်ကိုသက်သေပြလိုက်ပါတယ်။ Amazon ဟာ Alexa ကို စစချင်းထွင်လိုက်တုန်းက မြေစမ်းခရမ်းပျိုးတဲ့သဘောနဲ့ စမ်းသပ်ခဲ့တာဖြစ်ပေမယ့် အခုတော့ Smart Speaker ဈေးကွက်ကိုဦးဆောင်ရင်းနဲ့ ကမ္ဘာ့နာမည်အကြီးဆုံး Voice Assistant တွေထဲက တစ်ခုဖြစ်လာပါတယ်။

Amazon ရဲ့ အဆိုပါ Device တွေဟာ အိမ်သုံးပစ္စည်းဈေးကွက်ထဲကို စလှမ်းလိုက်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး Sonos နဲ့ GE တို့လို Smart Home Appliance တွေထုတ်တဲ့ ကုမ္ပဏီတွေနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရမှာပါ။ Sonos မှာလည်း Alexa အသုံးပြုနိုင်တဲ့ အသံချဲ့စက်နဲ့ Subwoofer ထုတ်ထားပြီး GE မှာလည်း Alexa နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ Microwave ရှိပြီးသားပါ။ Garmin ဆိုတဲ့ ကုမ္ပဏီကလည်း Alexa Support ပါဝင်တဲ့ ကား Camera တစ်ခုထုတ်ထားပါသေးတယ်။

Amazonဟာအိမ်တွင်းသုံးစက်ရုပ်တစ်ရုပ်ထွင်နေသေးတယ်လို့သတင်းရ ထားပါသေးတယ်။ Ring လို့ခေါ်တဲ့ Smart Doorbell တွေရောင်းချတဲ့ ကုမ္ပဏီနဲ့လည်းလက်တွဲပြီး Alexa Support ပါတဲ့ လူခေါ် Bell တွေထုတ်လုပ်ပါသေးတယ်။ CNBC ရဲ့ထုတ်ပြန်ချက်တွေအရ Amazon ဟာ တစ်ခြား အိမ်သုံးပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီတွေအများကြီးနဲ့လက်တွဲပြီး အိမ်တွင်းသုံးပစ္စည်းအဆန်းတွေထုတ်လုပ်မယ်လို့သိရပါတယ်။

Ref: XDA News