Zawgyi Font Version

ေရာင္းသူမဲ့ဆိုလို႔ ေခါင္းနည္းနည္းေျခာက္သြားမယ္ထင္တယ္။ ေငြရွင္းေကာင္တာမရွိတဲ့ စတိုးဆိုင္ပါ။ ဒါဆိုပစၥည္းေတြကို ဘယ္လိုေရာင္းၾကလဲ။ အကုန္အခိုးခံရမွာေပါ့? ေခါင္းမေျခာက္ၾကပါနဲ႔။

ေရာင္းသူမဲ့ အေအးေရာင္းတဲ့စက္ေတြျမင္ဖူးၾကမွာပါ။ ျပည္တြင္းမွာေတာ့ မေတြ႔ႏိုင္ပဲ တစ္ျခားႏိုင္ငံေတြမွာေတာ့ အသံုးျပဳေနၾကတာႏွစ္နဲ႔ခ်ီေနပါျပီ။ အေမရိကားမွာဆိုရင္ အေအးဗူးေတြအျပင္ အာလူးေၾကာ္ နဲ႔ တစ္ျခား Snack ေတြဝယ္ယူႏိုင္တဲ့ ေရာင္းသူမဲ့ စက္ေတြအမ်ားအျပားရွိပါတယ္။

အခုဆိုရင္ အေမရိကားရဲ႕ ဒိတ္ဒိတ္ၾကဲ အေရာင္းအဝယ္သမားၾကီးျဖစ္တဲ့ Amazon က စတိုးတစ္ခုလံုးကို အဆိုပါ ေရာင္းသူမဲ့စက္ေတြအမ်ားၾကီးနဲ႔ျဖည့္ထားျပီး အၾကီးမားဆံုး ေရာင္းသူမဲ့ စတိုးတစ္ခုကိုဖြင့္လွစ္လိုက္ပါတယ္။

Amazon ရဲ႕ အဆိုပါ ေရာင္းသူမဲ့ စတိုးဟာ ပထမဆံုးမဟုတ္ပါဘူး Amazon Go Convenient Store လို႔ေခၚတဲ့ စတိုးႏွစ္ခုကို Amazon ရံုးခ်ဳပ္တည္ရွိတဲ့ Seattle (ဆီရာတယ္ ျမိဳ႕) မွာပဲ ဖြင့္လွစ္ထားျပီးျဖစ္ျပီး အခုေနာက္ဆံုးဖြင့္လွစ္လိုက္တဲ့ Store ဟာ တတိယေျမာက္ျဖစ္ျပီး စတိုး အက်ယ္အဝန္းဟာ စတုရန္းေပ (၂,၁၀၀) ရွိပါတယ္။

Amazon Go မွာ ပစၥည္းဝယ္ယူျပီးရင္ပိုက္ဆံရွင္းဖို႔အတြက္ Amazon Go App ကိုအသံုးျပဳရမွာျဖစ္ပါတယ္။ ပစၥည္းေတြကို မွန္ေတြနဲ႔ကာရံထားတဲ့ စင္ေတြေပၚမွာတင္ထားျပီး Camera Sensor ေတြကိုအသံုးျပဳကာ ဝယ္ယူမယ့္သူေတြလိုခ်င္တဲ့ ပစၥည္းကို အတိအက်ယူေပးႏိုင္ပါတယ္။

Amazon Go Store ေတြကို တစ္ျခားျမိဳ႕ေတြမွာလည္းဖြင့္လွစ္လာႏိုင္ျပီး အနာဂတ္ Convenient Store ေတြအတြက္ ေျခလွမ္းအစပါပဲ။ ဝယ္သူေတြအတြက္ ပစၥည္းဝယ္ရတာပိုျပီး အဆင္ေျပသြားေပမယ့္ အဲ့လို စတိုးေတြအမ်ားၾကီးဖြင့္လာခဲ့ရင္ အေရာင္းဝန္ထမ္းေတြမလိုေတာ့တဲ့အတြက္ အလုပ္အကိုင္ရွားပါးလာေတာ့မွာပါ။

Unicode Version

ရောင်းသူမဲ့ဆိုလို့ ခေါင်းနည်းနည်းခြောက်သွားမယ်ထင်တယ်။ ငွေရှင်းကောင်တာမရှိတဲ့ စတိုးဆိုင်ပါ။ ဒါဆိုပစ္စည်းတွေကို ဘယ်လိုရောင်းကြလဲ။ အကုန်အခိုးခံရမှာပေါ့? ခေါင်းမခြောက်ကြပါနဲ့။

ရောင်းသူမဲ့ အအေးရောင်းတဲ့စက်တွေမြင်ဖူးကြမှာပါ။ ပြည်တွင်းမှာတော့ မတွေ့နိုင်ပဲ တစ်ခြားနိုင်ငံတွေမှာတော့ အသုံးပြုနေကြတာနှစ်နဲ့ချီနေပါပြီ။ အမေရိကားမှာဆိုရင် အအေးဗူးတွေအပြင် အာလူးကြော် နဲ့ တစ်ခြား Snack တွေဝယ်ယူနိုင်တဲ့ ရောင်းသူမဲ့ စက်တွေအများအပြားရှိပါတယ်။

အခုဆိုရင် အမေရိကားရဲ့ ဒိတ်ဒိတ်ကြဲ အရောင်းအဝယ်သမားကြီးဖြစ်တဲ့ Amazon က စတိုးတစ်ခုလုံးကို အဆိုပါ ရောင်းသူမဲ့စက်တွေအများကြီးနဲ့ဖြည့်ထားပြီး အကြီးမားဆုံး ရောင်းသူမဲ့ စတိုးတစ်ခုကိုဖွင့်လှစ်လိုက်ပါတယ်။

Amazon ရဲ့ အဆိုပါ ရောင်းသူမဲ့ စတိုးဟာ ပထမဆုံးမဟုတ်ပါဘူး Amazon Go Convenient Store လို့ခေါ်တဲ့ စတိုးနှစ်ခုကို Amazon ရုံးချုပ်တည်ရှိတဲ့ Seattle (ဆီရာတယ် မြို့) မှာပဲ ဖွင့်လှစ်ထားပြီးဖြစ်ပြီး အခုနောက်ဆုံးဖွင့်လှစ်လိုက်တဲ့ Store ဟာ တတိယမြောက်ဖြစ်ပြီး စတိုး အကျယ်အဝန်းဟာ စတုရန်းပေ (၂,၁၀၀) ရှိပါတယ်။

Amazon Go မှာ ပစ္စည်းဝယ်ယူပြီးရင်ပိုက်ဆံရှင်းဖို့အတွက် Amazon Go App ကိုအသုံးပြုရမှာဖြစ်ပါတယ်။ ပစ္စည်းတွေကို မှန်တွေနဲ့ကာရံထားတဲ့ စင်တွေပေါ်မှာတင်ထားပြီး Camera Sensor တွေကိုအသုံးပြုကာ ဝယ်ယူမယ့်သူတွေလိုချင်တဲ့ ပစ္စည်းကို အတိအကျယူပေးနိုင်ပါတယ်။

Amazon Go Store တွေကို တစ်ခြားမြို့တွေမှာလည်းဖွင့်လှစ်လာနိုင်ပြီး အနာဂတ် Convenient Store တွေအတွက် ခြေလှမ်းအစပါပဲ။ ဝယ်သူတွေအတွက် ပစ္စည်းဝယ်ရတာပိုပြီး အဆင်ပြေသွားပေမယ့် အဲ့လို စတိုးတွေအများကြီးဖွင့်လာခဲ့ရင် အရောင်းဝန်ထမ်းတွေမလိုတော့တဲ့အတွက် အလုပ်အကိုင်ရှားပါးလာတော့မှာပါ။

Ref: Tech Crunch