Aamazon က နာမည်ကြီး Echo စမတ်စပီကာရဲ့ မျိုးဆက်သစ်ကို ကြေညာလိုက်ပါတယ်။ စတုတ္ထမျိုးဆက် ဖြစ်ပြီး စက်လုံး ပုံ ဒီဇိုင်း အသစ်ကို အသုံးပြုထားသလို အသံအရည်အသွေးလည်း ပိုကောင်းလာပါတယ်။ အကောင်းဆုံးနဲ့ အကြီးမားဆုံး တိုးတက်ပြောင်းမှုက စပီကာထဲမှာ Speech Recognition Module ထည့်ထားတဲ့အတွက် သင့်ရဲ့ အသံအမိန့်တွေကို မြန်မြန် နားလည်ပြီး အလုပ်တွေ လုပ်ဆောင်ပေးနိုင်ပါတယ်။

Amazon က Echo အသစ်မှာ နောက်ထပ် အလန်းစား လုပ်ဆောင်ချက် ၁ ခု ထည့်ပေးထားပါတယ်။ အဲဒါကတော့ AZ1 Neural Edge Silicon Module ဖြစ်ပြီး Cloud ကို မပို့ခင် သင့်ရဲ့ အသံအမိန့်တွေကို Local Machine Learning Speech Recognition Algorithm သုံးကာ Process လုပ်ပေးနိုင်ပါတယ်။ ဒီနည်းပညာကြောင့် Echo ရဲ့ Response Time ဟာ Milliseconds ရာဂဏန်းလောက် ပိုမြန်သွားမယ်လို့ Amazon က ပြောပါတယ်။

Amazon က Echo အသစ်မှာ တတိယမျိုးဆက် Echo နဲ့ Echo Plus တို့ရဲ့ စွမ်းရည်တွေကို ပေါင်းထားတယ်လို့ ရှင်းပြပါတယ်။ ဒါတင်မကသေးပါဘူး။ Built-in Zigbee Smart Home Hub ထည့်ပေးထားပြီး Amazon ရဲ့ Local Networking System ဖြစ်တဲ့ Amazon Sidewalk နဲ့ တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။

Echo အသစ်အတွက် Charcoal , Chalk နဲ့ Steel Blue ၃ ရောင် ထုတ်လုပ်ထားပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ရောင်းမှာပါ။ ၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၁ သိန်း ၃ သောင်းလောက်ကျသင့်မှာပါ။ Amazon ရဲ့ ဝက်ဘ်ဆိုက်မှာ ခုချိန်ကစပြီး ကြိုတင်မှာယူနိုင်ပါပြီ။

Ref : theverge