Amazon ဟာ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စမတ် စပီကာ ၁၀.၄ သန်း ရောင်းချနိုင်ခဲ့ပြီး နံပါတ် ၁ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ Strategy Analytics ရဲ့ စစ်တမ်းအရ Amazon ရဲ့ အောက် နံပါတ် ၂ နေရာကို Google က ရရှိထားပြီး ကွာတား ၃ မှာ စမတ် စပီကာ ၈.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ နံပါတ် ၃ နေရာကို ၅.၄ သန်းနဲ့ Baidu က သိမ်းပိုက်ထားပါတယ်။

Alibaba က ၄.၃ သန်း၊ Apple က ၄ သန်း ရောင်းချနိုင်ခဲ့ပြီး Apple ဟာ ၂၀၂၀ ခုနှစ်ကထက် ရောင်းအား ၉၂ ရာခိုင်နှုန်းတောင် တိုးတက်လာပါတယ်။ Xiaomi က ၂ သန်းနဲ့ နံပါတ် ၆ နေရာကို ရရှိထားပြီး ၂၀၂၁ ခုနှစ် ကွာတား ၃ မှာ ရောင်းချရတဲ့ စုစုပေါင်း စမတ်စပီကာအရေအတွက်ဟာ ၃၉.၃ သန်း ရှိပါတယ်။ အရင်နှစ် ကွာတား ၃ ရောင်းအားထက် ၁၀ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။

Amazon Echo vs. Echo Dot: Battle of the Speaker Siblings | Digital Trends

ဈေးကွက်ဝေစု အကြောင်းပြောရရင် Amazon ဟာ ၂၆.၄ ရာခိုင်နှုန်းရထားတဲ့အတွက် ဈေးကွက်ရဲ့ ၄ ပုံပုံ ၁ ပုံကို အုပ်စိုးထားပါတယ်။ Google က ၂၀.၅ ရာခိုင်နှုန်းရထားပြီး အရင်နှစ်ရဲ့ ၁၉.၁ ရာခိုင်နှုန်းထက် အနည်းငယ် တိုးတက်လာပါတယ်။ Baidu က ၁၃.၆ ရာခိုင်နှုန်း၊ Alibaba က ၁၀.၈ ရာခိုင်နှုန်း၊ Apple က ၁၀.၂ ရာခိုင်နှုန်းနဲ့ Xiaomi က ၅.၁ ရာခိုင်နှုန်း ရရှိထားပါတယ်။ Strategy Analytics က Google Nest Mini ဟာ ၂၀၂၁ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံး စမတ် စပီကာလို့ ပြောပါတယ်။ Apple HomePod Mini နဲ့ Amazon ရဲ့ စတုတ္ထမျိုးဆက် Echo Dot တို့ဟာလည်း ရောင်းအားအကောင်းဆုံးထဲမှာ ပါဝင်ပါတယ်။

Ref : gsmarena