Unicode

AMD ရဲ့ Ryzen Processor တွေဟာ အခုနောက်ပိုင်းမှာ Desktop Processor တွေနေရာမှာ အောင်မြင်မှုအကြီးအကျယ်ရရှိလာပြီးတော့ ပြိုင်ဘက် ကုမ္ပဏီဖြစ်တဲ့ Intel ထက်တောင် ပိုပြီး စွမ်းဆောင်ရည်မြင့်မားနေတာဖြစ်ပါတယ်။ အခုလည်း AMD ကနေ CES 2020 Event မှာ Laptop တွေအတွက် 7nm Zen 2 Architecture ကို သုံးထားတဲ့ Ryzen 4000 Series processor တွေကို မိတ်ဆက်လိုက်ပါတယ်။

အခု Ryzen 4000 Series Processor အသစ်တွေဟာ Intel Processor တွေလိုမျိုးပဲ Ultrabook တွေအတွက် 15W Version U-Series ၊ Gaming နဲ့ High Performance Laptop တွေအတွက် 45W H-Series ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ အမြင့်ဆုံးအနေနဲ့ Ryzen 7 4800H နဲ့ 4800U ဆိုပြီး ကြေညာခဲ့ပေမယ့် အနိမ့်ပိုင်း Ryzen 3 နဲ့ Ryzen 5 Processor တွေကိုပါ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ဒီ Ryzen 4000 Series Processor တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Ryzen 7 4800U နဲ့ 4800H Processor ၂ မျိုးစလုံးဟာ 8 Cores ၊ 16 Threads ပါဝင်မှာဖြစ်တဲ့အတွက် လက်ရှိ Laptop Processor တွေထဲမှာ စွမ်းဆောင်ရည်အမြင့်မားဆုံးဖြစ်လာတာလည်းဖြစ်ပါတယ်။

Ryzen 7 4800U ဆိုရင် Intel ရဲ့ 10th Gen Ice Lake i7-1065G7 Processor ထက် Single Thread Performance မှာ 4% ပိုသာတဲ့အပြင် Multi-thread Performance မှာဆိုရင်လည်း 90% အထိ ပိုပြီး မြန်ဆန်နေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Graphic ပိုင်းမှာလည်း 28% အထိ ပိုမိုမြန်ဆန်ဦးမှာဖြစ်ပါတယ်။

Gaming ပိုင်းမှာလည်း 45W Version Ryzen 7 4800H Processor ဟာ 8 Cores ၊ 16 Threads အမျိုးအစားဖြစ်ပြီး Base Clock 2.9GHz နဲ့ Boost Clock 4.2GHz အထိရှိမှာဖြစ်ပါတယ်။ AMD ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Ryzen 7 4800H Processor ဟာ Desktop Performance ပေးစွမ်းနိုင်မှာဖြစ်ပြီး Intel ရဲ့ Laptop i7-9750H Processor ရော Desktop Version i7-9700K ထက်ပါ ပိုပြီး စွမ်းဆောင်ရည်သာလွန်မှာဖြစ်တယ်လို့ သိရပါတယ်။ AMD ကတော့ ဒီ Ryzen 7 4800H Processor က သူ့ထက် စျေးအများကြီးပိုကြီးမယ့် Intel i9-9980HK Processor ထက်တောင် နေရာအတော်များများမှာ အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိအချိန်မှာ ဒီ Ryzen 4000 Series Processor ကို အသုံးပြုထားတဲ့ Laptop တွေကို ASUS ၊ Dell ၊ HP နဲ့ Lenovo တို့က အရင်ဦးဆုံးမိတ်ဆက်ခဲ့ကြပြီးတော့ လာမယ့် ၂၀၂၀ ပထမဆုံး ၃ လပတ်အတွင်းမှာ စျေးကွက်ထဲကို စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် AMD ဟာ Laptop ပိုင်းမှာလည်း Intel ကို ဒီ Ryzen 4000 Series Processor တွေနဲ့ အနိုင်ပိုင်းနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge

Zawgyi

AMD ရဲ႕ Ryzen Processor ေတြဟာ အခုေနာက္ပိုင္းမွာ Desktop Processor ေတြေနရာမွာ ေအာင္ျမင္မႈအႀကီးအက်ယ္ရရွိလာၿပီးေတာ့ ၿပိဳင္ဘက္ ကုမၸဏီျဖစ္တဲ့ Intel ထက္ေတာင္ ပိုၿပီး စြမ္းေဆာင္ရည္ျမင့္မားေနတာျဖစ္ပါတယ္။ အခုလည္း AMD ကေန CES 2020 Event မွာ Laptop ေတြအတြက္ 7nm Zen 2 Architecture ကို သုံးထားတဲ့ Ryzen 4000 Series processor ေတြကို မိတ္ဆက္လိုက္ပါတယ္။

အခု Ryzen 4000 Series Processor အသစ္ေတြဟာ Intel Processor ေတြလိုမ်ိဳးပဲ Ultrabook ေတြအတြက္ 15W Version U-Series ၊ Gaming နဲ႔ High Performance Laptop ေတြအတြက္ 45W H-Series ဆိုၿပီး ထြက္ရွိလာမွာျဖစ္ပါတယ္။ အျမင့္ဆုံးအေနနဲ႔ Ryzen 7 4800H နဲ႔ 4800U ဆိုၿပီး ေၾကညာခဲ့ေပမယ့္ အနိမ့္ပိုင္း Ryzen 3 နဲ႔ Ryzen 5 Processor ေတြကိုပါ ထုတ္လုပ္သြားမွာျဖစ္ပါတယ္။

ဒီ Ryzen 4000 Series Processor ေတြထဲမွာ အျမင့္ဆုံးျဖစ္တဲ့ Ryzen 7 4800U နဲ႔ 4800H Processor ၂ မ်ိဳးစလုံးဟာ 8 Cores ၊ 16 Threads ပါဝင္မွာျဖစ္တဲ့အတြက္ လက္ရွိ Laptop Processor ေတြထဲမွာ စြမ္းေဆာင္ရည္အျမင့္မားဆုံးျဖစ္လာတာလည္းျဖစ္ပါတယ္။

Ryzen 7 4800U ဆိုရင္ Intel ရဲ႕ 10th Gen Ice Lake i7-1065G7 Processor ထက္ Single Thread Performance မွာ 4% ပိုသာတဲ့အျပင္ Multi-thread Performance မွာဆိုရင္လည္း 90% အထိ ပိုၿပီး ျမန္ဆန္ေနမွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Graphic ပိုင္းမွာလည္း 28% အထိ ပိုမိုျမန္ဆန္ဦးမွာျဖစ္ပါတယ္။

Gaming ပိုင္းမွာလည္း 45W Version Ryzen 7 4800H Processor ဟာ 8 Cores ၊ 16 Threads အမ်ိဳးအစားျဖစ္ၿပီး Base Clock 2.9GHz နဲ႔ Boost Clock 4.2GHz အထိရွိမွာျဖစ္ပါတယ္။ AMD ရဲ႕ ေျပာၾကားခ်က္အရေတာ့ အဆိုပါ Ryzen 7 4800H Processor ဟာ Desktop Performance ေပးစြမ္းႏိုင္မွာျဖစ္ၿပီး Intel ရဲ႕ Laptop i7-9750H Processor ေရာ Desktop Version i7-9700K ထက္ပါ ပိုၿပီး စြမ္းေဆာင္ရည္သာလြန္မွာျဖစ္တယ္လို႔ သိရပါတယ္။ AMD ကေတာ့ ဒီ Ryzen 7 4800H Processor က သူ႔ထက္ ေစ်းအမ်ားႀကီးပိုႀကီးမယ့္ Intel i9-9980HK Processor ထက္ေတာင္ ေနရာအေတာ္မ်ားမ်ားမွာ အႏိုင္ယူႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

လက္ရွိအခ်ိန္မွာ ဒီ Ryzen 4000 Series Processor ကို အသုံးျပဳထားတဲ့ Laptop ေတြကို ASUS ၊ Dell ၊ HP နဲ႔ Lenovo တို႔က အရင္ဦးဆုံးမိတ္ဆက္ခဲ့ၾကၿပီးေတာ့ လာမယ့္ ၂၀၂၀ ပထမဆုံး ၃ လပတ္အတြင္းမွာ ေစ်းကြက္ထဲကို စတင္ေရာင္းခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ AMD ဟာ Laptop ပိုင္းမွာလည္း Intel ကို ဒီ Ryzen 4000 Series Processor ေတြနဲ႔ အႏိုင္ပိုင္းႏိုင္မလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။