AMD ဟာ ပြီးခဲ့တဲ့နှစ်စပိုင်းတုန်းက Laptop တွေအတွက် CPU Processor အသစ်တွေဖြစ်တဲ့ Ryzen 4000 Series ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Ryzen 4000 Series CPU သုံးထားတဲ့ Laptop တွေကိုမကြာခင်မှာ စျေးကွက်အတွင်းမှာ မြင်တွေ့ရတော့မှာပါ။

အခုအချိန်မှာတော့ AMD ရဲ့ Computing and Graphics ကို Vice President အဖြစ်တာဝန်ယူထားတဲ့ Rick Bergman ကနေ အနည်းဆုံး Ryzen 4000 Series CPU သုံးထားတဲ့ Laptop တွေထဲက တစ်လုံးက Battery Life ကို ၁၈ နာရီအထိရရှိမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါက Laptop တစ်လုံးအနေနဲ့ဆိုရင်တော့ တော်တော်လေးကို အထင်ကြီးစရာပါ။

Ryzen 4000 Series CPU တွေဟာ 7nm Architecture ကိုအသုံးပြုထားတဲ့အပြင် အမြင့်ဆုံး 8-Cores ၊ 16-Threads အထိရှိတဲ့ CPU Series တွေဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း လက်ရှိ Intel ရဲ့ 10th Gen Laptop တွေထက် သိသိသာသာကို ပိုကောင်းမယ်ဆိုပြီး ကြေညာထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Battery Life ကပါ ဒီလိုမျိုး ၁၈ နာရီလောက်အထိ အသုံးပြုနိုင်မယ်ဆိုရင် ဘက်စုံအားနည်းချက်မရှိတဲ့ CPU တွေဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် Desktop ပိုင်းအပြင် Laptop ပိုင်းမှာပါ AMD ရဲ့  Ryzen 4000 Series CPU အသစ်တွေကို အသုံးများလာဖို့ရှိနေတဲ့အတွက် Intel အတွက်တော့ ဒီနှစ်က အကြီးအကျယ်ပြိုင်ဆိုင်မှုပြင်းထန်လာမယ့်နှစ်တစ်နှစ်လို့တောင် ပြောလို့ရပါတယ်။

Ref – Tom’s Hardware