Unicode

Xiaomi ကနေ အခုအချိန်မှာ သူ့ရဲ့ စမတ်ဖုန်းတွေ အကုန်လုံးနီးပါးကို MIUI 11 Update ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော စမတ်ဖုန်းတွေကပဲ Android 10 OS ကို အခြေခံထားတဲ့ MIUI 11 Update ကို ရရှိတာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Mi Mix 3 အတွက် Android 10 ကို အခြေခံထားတဲ့ MIUI 11 Update ကို ထုတ်ပေးလိုက်ပါပြီ။ ဒီ MIUI 11 Update ဟာ Stable Version ဖြစ်တဲ့အတွက် Beta ROM တင်ဖို့မလိုအပ်သေးသလို လောလောဆယ်မှာ Chinese Version အနေနဲ့အရင်ထွက်ရှိလာတာဖြစ်ပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ခါနီးမှာ Mi Mix 3 အတွက် Android 10 ကို အခြေခံထားတဲ့ MIUI 11 Beta Tester တွေကို စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ Beta Version ကနေ Stable Version Update ရရှိဖို့က အချိန်သိပ်မကြာလိုက်ဘူးလို့တောင် ပြောလို့ရပါတယ်။

Xiaomi ရဲ့ MIUI 11 ဟာ ယခင် MIUI Version တွေနဲ့ ယှဥ်ရင် ပြောင်းလဲမှုအများအပြားရှိခဲ့ပြီးတော့ Visual Icon ပိုင်းတွေ၊ System-wide Dark Mode ၊ Mi Lan Pro System Font နဲ့ Always-on Display ပိုင်း Improvement တွေရှိလာမှာပါ။ ဒါတင်မဟုတ်သေးဘဲ Enhanced Audio Experience အပြင် Improved Currency Converter ၊ Extreme Power Saving Mode အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

အဲ့ဒီအတွက်လောလောဆယ်မှာ Mi Mix 3 Chinese Version အသုံးပြုနေတယ်ဆိုရင် Updater ကနေ တစ်ဆင့် ဒီ Android 10-based MIUI 11 ကို Update လုပ်နိုင်ပြီဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi






Ref – Gizmo China